တရုတ်နဲ့ ဆက်ဆံရေးအပြောင်းအလဲဖြစ်နိုင်တဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေ စတင်

  တိုင်ပေ၊ ဇန်နဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံနဲ့ အနာဂါတ်ဆက်ဆံရေး အပြောင်းအလဲဖြစ်ပေါ်နိုင်ဖွယ်ရှိတဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပနေပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ထိုင်ဝမ်ပြည်သူ ၁၉ ဒသမ ၅ သန်းဟာ မဲရုံတွေမှာ မဲပေးနေကြပြီး အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာကို ကာကွယ်ရေးအတွက် တရုတ်နဲ့ အမြဲထိပ်တိုက်တွေ့နေပါတယ်။ ပါတီရဲ့ သမ္မတလောင်း ဝီလျံလိုင်ဟာ ထိုင်ဝမ်ကို ဒုက္ခရောက်စေသူလို့ တရုတ်က တံဆိပ်ကပ်ထားပြီး ပြည်သူတွေအနေနဲ့ သူ့ကို မဲမပေးဖို့ တိုက်တွန်းမှုတွေလည်းရှိခဲ့ပါတယ်။ တဖက်မှာလည်း ထိုင်ဝမ်အဓိက အတိုက်အခံကူမင်တန်ပါတီကတော့ တရုတ်နဲ့ ဆက်ဆံရေးအားကောင်းစေရေး၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ကတိပေးထားပါတယ်။ တတိယပါတီကြီးတခုကလည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပေမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်ပါတီက ဝီလျံလိုင်နဲ့ ကူမင်တန်ပါတီက ဟိုယူအိုင်ချ်တို့ကြား အဓိကပြိုင်ဆိုင်ရမယ်လို့ ရွေးကောက်ပွဲ သဘောထားစစ်တမ်းတွေက ဖော်ပြထားပါတယ်။ ထိုင်ဝမ်ဟာ…

Read More

This Day in History

Voice of Myanmar အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန် ကြိုးပမ်းမှု၊ လွှတ်တော်ကို ထောက်ခံသူများဝင်ရောက်စီးနှင်းမှုတို့ကို အားပေးမှုတို့ဖြင့် လွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်၌ စွပ်စွဲပြစ်တင်ခံခဲ့ရပြီး ၎င်းသည် နှစ်ကြိမ်တိုင် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် ပထမဆုံးသော အမေရိကန်သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Read More

ကျိုက်ထိုမြို့က အင်းဝဘဏ် တိုက်ခိုက်ခံရပြီး ဘဏ်လုံခြုံရေး ပြည်သူ့စစ် တယောက်သေ ၊ အရပ်သူ တယောက် ဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၂ ၊ ၂၀၂၄ SP ( VOM) မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ၊ ကန့်ကော်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ အင်းဝဘဏ်ကို ဒီကနေ့ ၊ နေ့လယ်ပိုင်းက လာရောက်တိုက်ခိုက်တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် တယောက် ထိခိုက်သေဆုံးပြီး ၊ လမ်းသွားလမ်းလာ အရပ်သား တယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ” ဒီကနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ insight အမျိုးအစား အနက်ရောင်ကားတစီးနဲ့ အဖြူရောင်ကားတစီးပေါ်ကနေ အင်းဝဘဏ်ကို ပစ်သွားတာ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျိုက်ထိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်က…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၅၈၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၈၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နစကတပ်တို့ အပစ်ရပ်ဖို့သဘောတူခဲ့တယ်လို့ TNLA တာဝန်ရှိသူပြော

  ပေကျင်း၊ ဇန်နဝါရီ-၁၂-၂၀၂၄ မျိုးဆက်(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နစကတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြောင်း TNLA ထိပ်တန်းတာဝန်ရှိသူတယောက်က ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။ နှစ်ဘက်အကြား ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံ အထူးသံတမန်တယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နကစတို့အကြား အောက်တိုဘာနှောင်းပိုင်းကစပြီး တရုတ်နယ်စပ်နဲ့ ရှမ်းမြောက်နယ်စပ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တရုတ်သံတမန် Deng Xi Jin ရဲ့ စီစဉ်ပေးမှုနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ဆက်လက်ထိုးစစ်ဆင်မှုတွေ မလုပ်ဆောင်တော့ဘဲ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ အမည်မဖော်လိုတဲ့ TNLA တာဝန်ရှိသူကပြောပါတယ်။ နှစ်ဘက် သဘောတူညီချက်အရ မဟာမိတ်တွေဟာ နစကတပ်စခန်းတွေ သို့မဟုတ် မြို့တွေကို ထိုးစစ်ဆင်တာတွေကို ရှောင်ရှားမှာဖြစ်ပြီး နစက တပ်တွေဘက်ကတော့ လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာနဲ့လက်နက်ကြီးတွေနဲ့ မတိုက်ခိုက်ဖို့ သဘောတူခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့…

Read More

အမေဇုန်သစ်တောထဲမှာ နှစ်ပေါင်း ၂၅၀၀ကျော်က ရှေးဟောင်းမြို့တော်ကြီးတခု တွေ့ရှိ

  ကွီတို၊ ဇန်နဝါရီ-၁၂-၂၀၂၃ မျိုးဆက်(VOM) အမေဇုန်သစ်တောထဲမှာ သစ်ပင်သစ်တောတွေ ဖုံးအုပ်ထားမှုကြောင့် နှစ်ထောင်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းမြို့တော်ကြီးတခုကို အမေဇုန်သစ်တောအတွင်းမှာ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီရှေးဟောင်းမြို့ကြီးကို အီကွေဒေါနိုင်ငံအရှေ့ပိုင်း ယူပါနိုဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လူနေအိမ်တွေ ၊ ဈေးတွေကို အံ့အားသင့်ဖွယ်ကောင်းတဲ့ လမ်းတွေ၊ တူးမြောင်းတွေနဲ့ ကွန်ရက်ချိတ်ဆက် တည်ဆောက်ထားပါတယ်။ မြို့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ခန့်က တည်ဆောက်ခဲ့ပြီး လူတွေဟာ ထိုနေရာမှာ နှစ်ပေါင်း ၁၀၀၀ ထိ နေထိုင်ခဲ့ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်တွေက ပြောပါတယ်။ မြို့တော်မှာ လူဘယ်လောက်နေခဲ့လည်းဆိုတာ ခန့်မှန်းဖို့ ခက်ခဲပေမယ့် လူ တသောင်းကနေ တသိန်းကြား နေထိုင်ခဲ့ကြတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ လက်ရှိတွေ့ရှိခဲ့တဲ့ မြို့တော်ဟာ အခြားသောမြို့တွေထက်ကြီးပြီး ယဉ်ကျေးမှုဆိုင်ရာ အမြင်တွေရှိကြောင်း ပြင်သစ်နိုင်ငံ အမျိုးသား သိပ္ပံသုတေသနစင်တာမှ သုတေသနကိုဦးဆောင်သူ ပါမောက္ခ စတီဖင်ရို့စ်တိန်းက…

Read More

အီနိုင်းတံတား ရှောင်ကွင်းလမ်းက နားကွမ်းတံတား ဖောက်ခွဲဖျက်ဆီးခံရပြန်

  ဇန်နဝါရီ ၁၂၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး – မံစံ – နမ္မတူ လမ်းပေါ်က အီနိုင်းတံတား ကျိုးသွားလို့ကွင်းသွားရတဲ့ ရှောင်ကွင်းလမ်း‌ပေါ်က နားကွမ်းတံတား ဇန်နဝါရီ ၁၁ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်က ထပ်မံ ဖောက်ခွဲ ခံရလို့ ကျိုးကျသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တံတား ကျိုးသွားတာကဝောာ့ သေချာတယ်။ တကယ် ကျိုးသွားပြီ။ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိဘူး။ အီနိုင်းတံတားကျိုးသွားတော့ အီနိုင်‌ဈေးကနေ နားကွမ်းရွာက တံတားဖြတ်ပြီး နောင်လိုင် ပြန်ပေါက်တဲ့လမ်းလေ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လက်ရှိ ခရီးသွား ပြည်သူတွေ အဓိက အသုံးပြုနေတဲ့ မူဆယ် – မိုင်းဝီး – နမ္မတူ…

Read More

အမြန်လမ်းမှာ တဘက်ယာဉ်ကြောကို ရောက်သွားတဲ့ ကားတစီး ခါးလယ်ကနေ ဖြတ်တိုက်ခံရလို့ လေးယောက်သေဆုံး၊ သုံးယောက် ဒဏ်ရာရ

  ဇန်နဝါရီ ၁၂ – ၂၀၂၄ SN (VOM) မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့က အမြန်လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောကို ရောက်သွားတဲ့ ကားတစီး ခါးလယ်ကနေ ဖြတ်တိုက်ခံရလို့ နှစ်နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် လေးယောက်သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်ဟာ မနေ့ ညနေ ၅ နာရီဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၇/၂-၃) ဖာလုံကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ MARK II အမျိုးအစား (ခဲရောင်) ကားက အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြော မန္တလေး- နေပြည်တော်ဘက်ခြမ်းကို ရောက်ရှိသွားချိန်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ TOYOTA ALLION အမျိုးအစား (အဖြူရောင်)…

Read More

ယီမင်ရှိ ဟူသီအဖွဲ့ရဲ့ ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်က လေကြောင်းတိုက်ခိုက်

  ဝါရှင်တန်၊ ဇန်နဝါရီ-၁၂-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်ရှိ ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေကို ဇန်နဝါရီ ၁၁ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလကတည်းက ပင်လယ်နီဒေသမှာ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေက တိုက်ခိုက်နေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ပြောင်ပြောင်တင်းတင်းရန်စမှုတွေအတွက် ကြီးလေးတဲ့ ပေးဆပ်မှုနဲ့ ကြုံတွေ့ရမယ်လို့ ဟူသီလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုပါတယ်။ ဗြိတိန်လေတပ်မှ တိုက်လေယာဉ်တွေဟာ ဟူသီတို့ရဲ့စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွက် ကူညီပေးခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဆူနက်ခ်က ပြောပါတယ်။ တိုက်ခိုက်မှုကို အကန့်အသတ်နဲ့လုပ်ဆောင်ခဲ့ပြီး ကာကွယ်မှုအရ လိုအပ်ကာ အချိုးကျတဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း သူကပြောပါတယ်။ နယ်သာလန်၊ သြစတြေးလျ၊ ကနေဒါနဲ့ ဘာရိန်းတို့ကလည်း မစ်ရှင်ရဲ့ တစိတ်တပိုင်းအဖြစ် ပံ့ပိုးကူညီခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဆိုပါတယ်။ ဟူသီသူပုန်အဖွဲ့ဟာ ယီမင်ရှိ ဒေသအများအပြားကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၀ ကျပ် ဝယ်ဈေး – ၂၅၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More
VOM News

FREE
VIEW