မန္တလေး – မြစ်ကြီးနား လမ်းပိုင်းက နေရာတချို့ကို မသွားဖို့ PDF အဖွဲ့ တွေက သတိပေး

ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွားတဲ့ မန္တလေး – ဗန်းမော်ကားလမ်းပိုင်းနဲ့ စစ်ကိုင်းတိုင်း ထီးချိုုင့်မြို့နယ်နဲ့ အင်းတော်မြို့နယ် လမ်းပိုင်းကို ဒီကနေ့ ၊ နေ့လယ်ပိုင်းစလို့ လမ်းပိုင်းနေရာတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားလိုက်တယ်လို့ ထုတ်ပြန်ထားသလို ကားသမားတွေဆီကလည်း သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး ကားသမားတယောက်က ” မန္တလေး – ဗန်းမော် ကားလမ်းပိုင်းမှာ နေရာ နှစ်ခု ဖြတ်တောက်ပိတ်ဆို့ထားတယ် ၊ အဲ့ဒီနေရာတွေကတော့ ကြားညှပ်နဲ့ ထီးချိုင့်ကြား တနေရာ ၊ နောက်ပြီး မောင်းကုန်း ၊ ငါးအိုး ၊ ရွှေကူ ကြား တနေရာ ပိတ်ထားတယ် ၊ နောက်ပြီး ထီးချိုင့်နဲ့ အင်းတော်ကြားလည်း ပိတ်ထားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့ခံတယောက်က ” အခုလို လမ်းတွေ ဖြတ်တောက် ပိတ်လိုက်တာဟာ ကောလင်းဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ ယူဆရတယ် ၊ နောက်တချက်က ကောလင်းတိုက်ပွဲကို မဲပြီးတိုက်နေတုန်း ထီးချိုင့်မြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက သိမ်းချင်လို့လည်း ဖြစ်နိုင်တယ် ၊ ထီးချိုင့်မြို့မှာက မြို့ခံ ရာဂဏန်းလောက်ပဲကျန်တော့တယ် ” လို့ ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ထီးချိုင့်မြို့ရဲ့ အနောက်ဘက် မိုင် ၄၀ ဝန်းကျင် ကွာဝေးတဲ့ ကောလင်းခရိုင်မြို့ကို နစက လုံခြုံရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ရွှေဘို မြစ်ကြီးနား ကားလမ်းပိုင်းနဲ့ မန္တလေး ဗန်းမော် ကားလမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖြတ်တောက် ပိတ်ဆို့လိုက်တာကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ယာယီရပ်နားထားမယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW