ဗန်းမောက်မြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ နှစ်ဘက် သေဆုံးတာတွေရှိ

ဖေဖော်ဝါရီ၂၈ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ သဲခါချောင်းနဲ့ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ပင်ဟင်းခါး ကျေးရွာနားမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ရက် မနက်ပိုင်းက နစကတပ်တွေနဲ့ ဒေသတွင်း PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ နှစ်နေရာဖြစ်ခဲ့ပြီး ၊ အဲ့ဒီတိုက်ပွဲကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဗန်းမောက်နယ်ခံတွေဆီက သိရပါတယ်။

ဗန်းမောက်နယ် တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသခံတယောက်ပြောပြတာက

“ပင်ဟင်းခါ တိုက်ပွဲမှာ PDF အဖွဲ့ဘက်က ရဲဘော် ကိုစောဖိုးခွား သေဆုံးပြီး နောက်တယောက်လည်း ထိခိုက်ဒဏ်ရာရတဲ့အပြင် နစက လုံခြုံရေးအဖွဲ့ဘက်က သုံးယောက်သေဆုံးပြီး သေနတ် သုံးလက် သိမ်းဆည်းရမိတယ်” လို့ သတင်းရတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး နစက ဘက်က အခုထိတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ဗန်းမောက်မြို့နယ်နဲ့ ထိစပ်နေတဲ့ ပင်လည်ဘူးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။

ပင်လည်ဘူးဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ဖေဖော်ဝါရီ ၂၃ ရက်က နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ ပင်လည်ဘူးမြို့နားက တောင်ကုန်းတခုကို နစက စစ်ကြောင်းအဖွဲ့တွေက နယ်မြေရှင်းလင်းရင်း ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ အမျိုးသားရုပ်အလောင်း ၁၅ လောင်း ၊ စနိုက်ပါသေနတ် တလက် ၊ M21 သေနတ်ငါးလက် ၊ M22 သေနတ် တလက် ၊ လက်ပစ်ဗုံး အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW