မင်းပြားက အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို AA သိမ်း

ဖေဖော်ဝါရီ ၂၈ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ နစကရဲ့ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းလိုက်တယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မင်းပြားမြို့နယ်၊ ကမ်းနီနဲ့ မေလွန်းကျေးရွာအနီး တည်ရှိတဲ့ အဲ့ဒီ့ သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ မနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်ကာ AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၇ နာရီဝန်းကျင်မှာတော့ သိမ်းခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒီသင်တန်းကျောင်းကို နစက က ဆယ်ရက်အကြာမှာ လက်လွှတ်လိုက်ရတာပေါ့။ ဒါ မင်းပြားမှာ AA သိမ်းဖို့ နောက်ဆုံးကျန်နေတဲ့ ကျောင်းပါ။ အခုတော့ AA က အလုံးစုံ သိမ်းပိုက်လိုက်ပြီ ဆိုတော့ မင်းပြားမြို့နယ်က နစကစစ်တပ် ကင်းစင်နယ်မြေ ဖြစ်သွားပါပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းဟာ နစကရဲ့ အဓိက လက်နက်အင်အားအကောင်းဆုံးနဲ့ အခိုင်အမာ စနစ်တကျ တည်ဆောက်ထားတဲ့ ဗျူဟာကုန်းကြီးတခု ဖြစ်တယ်လို့လည်း သိရပါတယ်။

AA အနေနဲ့ ပြီးခဲ့တဲ့ရက်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ နစကစခန်းတွေကိုလည်း အပြီးသတ် သိမ်းပိုက်ရယူနိုင်ဖို့အတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းက စစ်ရေး‌အခြေအနေတွေနဲ့ ပတ်သက်လို့ နစကဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW