မာလီမှာ ဘတ်စ်ကားတစင်း တံတားပေါ်က ပြုတ်ကျတိမ်းမှောက်လို့ ၃၁ ယောက်သေဆုံး

 

ဘာမာကို၊ ဖေဖော်ဝါရီ-၂၈-၂၀၂၄

မျိုးဆက်(VOM)

မာလီနိုင်ငံမှာ ဘတ်စ်ကားတစင်း တံတားပေါ်ကနေ ပြုတ်ကျတိမ်းမှောက်မှုကြောင့် လူ ၃၁ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

ဘတ်စ်ကားဟာ မာလီရှိ ကန်နီဘာမြို့ကနေ အိမ်နီးချင်း ဘာကီနာဖာဆိုကို ပြေးဆွဲနေချိန်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အချို့ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းဟာ ဘတ်စ်ကားကို ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

မာလီနိုင်ငံမှာ လမ်းနဲ့ ယာဉ်အခြေအနေတွေ ညံ့ဖျင်းမှု၊ တန်ပိုတင်ဆောင်ခြင်းများကြောင့် လူအများအပြားသေဆုံးစေတဲ့ လမ်းမတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

ယခုလအစောပိုင်းကလည်း မြို့တော်ဘာမာကို ကိုသွားရောက်မယ့် ဘတ်စ်ကားတစင်းနဲ့ ထရပ်ကားတစင်းတို့ တိုက်မိပြီးနောက် လူ ၁၅ ယောက်သေဆုံးပြီး ၄၆ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

✕
VOM News

FREE
VIEW