မိတ္ထီလာ- မလှိုင် ကားလမ်းမှာ ဘုန်းကြီးေမာင်းတဲ့ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ တက္ကသိုလ်ကျောင်းသား နှစ်ယောက်သေဆုံး

 

ဖေဖော်ဝါရီ ၊ ၂၈ ၊ ၂၀၂၄

SP (VOM)

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ကနေ မလှိုင်မြို့ဘက်အထွက် တိုးလ်ဂိတ်နားမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဘုန်းကြီးေမာင်းတဲ့ကားနဲ့ ဆိုင်ကယ် တိုက်မိရာက ဆိုင်ကယ်စီးလာတဲ့သူ နှစ်ယောက်သေဆုံးသွားတယ်လို့ မိတ္ထီလာ ဝန်ဇင်း လူမှုကူညီအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ပရဟိတသမားတယောက်ပြောတာက

” ဒီကနေ့ ၊ နေ့လယ်ပိုင်းက ဖြစ်တာပါ ၊ မိတ္ထီလာ မလှိုင်ကားလမ်းမှာဖြစ်တယ် ၊ ဘုန်းကြီးတပါးကိုယ်တိုင် မောင်းလာတဲ့ ကားနဲ့ လူနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ် တိုက်မိတာဖြစ်တယ် ၊ ဆိုင်ကယ်မောင်းလာတဲ့ ကောင်လေးက မိတ္ထီလာ တက္ကသိုလ် အဝေးသင်းဌာနမှာ ကျောင်းတက်နေတဲ့ ကျောင်းသား မောင်ဟိန်းမင်းဖြိုး ဆိုသူဖြစ်ပြီး သူ့ဆိုင်ကယ်နောက်က လိုက်ပါလာတဲ့ ကောင်မလေးက သီပေါဘက်က သူနာပြုသင်တန်းတက်နေတဲ့ မတင်နေခြည်ကျော်လို့ ကနဦးသိရတယ် ၊ ဆိုင်ကယ်စီးလာတဲ့ ကောင်လေးက နေရာမှာတင် ပွဲချင်းပြီးသေတယ် ၊ ကောင်မလေးက အသက်မသေးတာကြောင့် နေပြည်တော် ကုတင်တထောင်ဆေးရုံကိုပို့ဆောင်ပေးရင်း ပျော်ဘွယ်နားအရောက်မှာ လူနာတင်ကားပေါ်တင် သေဆုံးသွားတယ် ” လို့ ပြောပါတယ်။

မိတ္ထီလာမြို့ဟာ ရန်ကုန် မန္တလေးကားလမ်းဟောင်းနဲ့ တောင်ကြီး မကွေးသွားလမ်းဆုံနေရာဖြစ်တာကြောင့် ယာဥ်မတော်တဆမှုများ မကြာခဏဖြစ်ပွားပြီး ဒီနှစ်ထဲမှာတင် ယာဥ်မတော်တဆမှုကြောင့် ဆယ်ယောက်အထက် သေဆုံးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မိတ္ထီလာ ဝန်ဇင်း လူမှုကူညီရေးအဖွဲ့

 

Related posts

Leave a Comment

VOM News

FREE
VIEW