လားရှိုးမှာ လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စာရင်းကောက်ယူနေ

 

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄

Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ တပတ်ခန့်ကစ လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စာရင်းကောက် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လားရှိုး မှာ ဝစ်သောက်ကားတွေ စာရင်း လိုက်ပေး ခိုင်းနေတာ တပတ်ရှိပြီ။ ဘာအတွက်လဲမသိဘူး။ လို့ လားရှိုးဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ကားလေးသမား တယောက်ကတော့ ဝာဘက်က အဖွဲ့တွေ လားရှိုးမှာ မကြာခဏ ဗုံး လာခွဲတာမျိုး ရှိခဲ့လို့ လုံခြုံရေးအရ လိုက်ကောက်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

” ဝစ်သောက်ကား စာရင်းတွေ ကောက်တာ ဟုတ်တယ်။ အိမ်တွေမှာ လိုက်ကောက်တယ်။ ကျွန်မတို့က ပေးထားပြီ စာရင်း။ လိုင်စင်ရှိတဲ့ ကားတွေက မလိုဘူး။ ဆိုင်ကယ်လည်း စာရင်း လိုက်ကောက်တယ်။ ဆိုင်ကယ်ရော၊ ကားရော အကုန် စာရင်း လိုက်ကောက်တယ်။ နယ်မြေမှူးကို မေးကြည့်တော့ သူတို့ လမ်းမှာ စစ်ပြီး ဖမ်းခံရရင် နာမည် စာရင်း ထည့်ထားတဲ့ လူတွေကို၊ လားရှိုးမြို့နယ်ဆိုရင် လားရှိုးမြို့နယ် နာမည်စာရင်းထည့်ထားတဲ့ သူတွေကို ပြန်လွှပေးတယ် ပြောတယ်။ နာမည် စာရင်း မထည့်ထားတဲ့ သူတွေကိုကျတော့ မလွှတ်ပေးတော့ဘူးတဲ့။ သူတို့ လုံခြုံရေး အရပေါ့။” လို့ ဒေသခံ အမျိုးသမီး တယောက်က ရှင်းပြပါတယ်။

နယ်မြေမှူးတွေရဲ့ ပြောပြချက်အရ လားရှိုးမြို့ထဲက ကားတွေ၊ ဆိုင်ကယ်တွေကို သီးသန့် ကဒ်တွေ ထုတ်ပေးမယ်လို့ သိရပြီး အပြင်က ဝင်လို့ မရအောင် စစ်တပ်ဘက်က စာရင်းကောက်တာဟုတ်တယ်လို့ သူက ပြောပါတယ်။

စာရင်းပေးရာမှာ နာမည်၊ ဖခင်နာမည်၊ မှတ်ပုံတင် နံပါတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ လိုင်စင်မဲ့ ယာဉ်အမျိုးအစား နဲ့ အရောင်၊ မော်ဒယ်၊ တပ်ဆင်ထားတဲ့ ယာဉ်နံပါတ် တွေ ဖြည့်ရပြီး ရပ်ကွက်အလိုက်၊ နယ် ‌မြေအလိုက် တအိမ်တက်ဆင်း စာရင်း လိုက်ကောက်တာရှိသလို စာရင်းလာကောက်ချိန် စာရင်းမထည့် လိုက်ရသူတွေက မိမိနေထိုင်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးရုံးတွေမှာ သွားပေးလို့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နံပါတ်ပြား မတပ်ဆင်ထားတဲ့ကားတွေနဲ့ နံပါတ်ပြားတပ်ထားပေမယ့် အဆင်မပြေတဲ့ နံပါတ်ပြားတွေ အတွက် ရပ်ကွက်ရုံးမှာ ရောင်းချပေးတယ်လို့ဆိုပါတယ်။

လိုင်စင်မဲ့ စာရင်း မပေးထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို မကြာခင် ရှောင်တခင် စစ်ဆေးသွားမှာဖြစ်ပြီး လမ်းပေါ်မှာ ရှောင်တခင် စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းသွားမှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd# CJ

 

Related posts

Leave a Comment

VOM News

FREE
VIEW