ထိုင်းဗီဇာ ရက်ချိန်း ရယူမှု လူကိုယ််တိုင် တန်းစီစနစ် ဖျက်သိမ်းပြီး အွန်လိုင်းကသာ လျှောက်ထားရတော့မယ်

  ဖေဖော်ဝါရီ ၂၁ – ၂၀၂၄ SN (VOM) ထိုင်းသံရုံးရှေ့မှာ လူကိုယ်တိုင်တန်းစီစနစ်နဲ့ ဗီဇာရက်ချိန်းယူတာကို ဖျက်သိမ်းမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ထပ်မံထုတ်ပြန် ကြေညာလိုက်ပါတယ်။ ထိုင်းသံရုံးရှေ့မှာ လူကိုယ်တိုင်တန်းစီပြီး ဗီဇာရက်ချိန်းယူတာကို တရက် လူ ၂၀၀ ထုတ်ပေးမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ကြေညာထားပေမယ့် မွန်းလွဲပိုင်းမှာတော့ ကြေညာချက်တစောင် ထပ်မံ ထုတ်ပြန်ပြီး လူကိုယ်တိုင် တန်းစီစနစ်နဲ့ ဗီဇာတိုကင်ရယူတာကို ဖျက်သိမ်းတယ်လို့ ကြေညာလိုက်တာပါ။ ဒါ့အပြင် အဲ့ဒီ့ထုတ်ပြန်ချက်မှာ ထိုင်းသံရုံးဝက်ဘ်ဆိုဒ် https://thaiconsularyangon.com/visa/ နဲ့ QR Code တို့ကို အသုံးပြုပြီး အွန်လိုင်းမှတဆင့် ရက်ပေါင်း ၃ဝ စာအတွက် တိုကင် ကြိုတင်လျှောက်ထားခြင်းကို အရင်က တရက် ၂၀၀…

Read More

နေတိုးအဖွဲ့ဝင်အဖြစ် ဆွီဒင်လျှောက်ထားမှု လာမယ့်အပတ်မှာ ဟန်ဂေရီ သဘောတူဖွယ်ရှိ

ဘူဒါပက်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၄ မျိုးဆက်(VOM) ဟန်ဂေရီပါလီမန်ဟာ နေတိုးအဖွဲ့ဝင်အဖြစ် ဆွီဒင်နိုင်ငံရဲ့ လျှောက်ထားမှုကို လာမယ့် သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ဖို့ ဆွီဒင်ရဲ့ လျှောက်ထားမှုကို ကန့်ကွက်ထားနေတာကို တူရကီက ဇန်နဝါရီလမှာ သဘောတူအတည်ပြုပြီးနောက် ဟန်ဂေရီဟာ ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ကန့်ကွက်နေတဲ့ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ အပေါ် ဆွီဒင်ပါလီမန်က မကျေမနပ်ဖြစ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ ဆွီဒင်ရဲ့ အဆိုပြုလျှောက်ထားခြင်းကို မဲခွဲဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဟန်ဂေရီ ပါလီလန် သတင်းရင်းမြစ်တွေကပြောပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုစတင်ပြီးနောက် ၂၀၂၂ ခုနှစ် မေလမှာ ဆွီဒင်ဟာ ဖင်လန်နိုင်ငံနဲ့ အတူ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး လျှောက်ထားခဲ့ပါတယ်။ ဖင်လန်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဟန်ဂေရီ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၉၀ ကျပ် ဝယ်ဈေး – ၃၅၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၄၅ ကျပ် ဝယ်ဈေး – ၂၅၉၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး – ၄၈၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၁ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဒီပဲယင်းနယ် စိုင်ပြင်ဘက်မှာ တိုက်ပွဲတွေဖြစ်နေပြီး မုံရွာ – ရေဦး ကားလမ်းမှာ ယာဥ်အသွားအလာမရှိ

ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၄ SP (VO စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင် (မြို့နယ်ခွဲ)မှာ ဒီကနေ့မနက် အစောပိုင်း ၄ နာရီဝန်းကျင်ကစလို့ နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် မုံရွာ – ရေဦးကားလမ်းမှာ ယာဥ်အသွားအလာတွေ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး တိုက်ပွဲရှောင်လာတဲ့ စိုင်ပြင် ဒေသခံတယောက်က ” စိုင်ပြင်မှာက လူဦးရေ တသောင်ကျော်နေထိုင်တယ် ၊ မနေ့ကစပြီး ထွက်ပြေးတိမ်းရှောင်ကြဖို့ PDF တွေက ကြောညာတယ် ၊ ဒီမနက် အစောပိုင်း ၄ နာရီကစလို့ ပစ်ခတ်မှုတွေဖြစ်တယ် ၊ နှစ်ဘက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့…

Read More

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမေရိကန် ဗီတိုအာဏာသုံး ပယ်ချ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဖြစ်ပွားနေသော ဂါဇာစစ်ပွဲကို လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ချက်ချင်းရပ်စဲဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချနိုင်ခြင်းမရှိကြောင်းနဲ့ ထိရှလွယ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို အန္တရာယ်ဖြစ်စေတယ်လို့ ကလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောပါတယ်။ အစ္စရေးဓါးစာခံတွေ လွှတ်ပေးရေးနဲ့ ဆက်စပ်နေတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကိုယ်ပိုင်မူကြမ်းတခုကို အမေရိကန်က လုံခြုံရေးကောင်စီမှာ တင်သွင်းသွားမယ်လို့ အမေရိကန်သံအမတ်က ပြောဆိုပါတယ်။ ဂျပန်၊ ပြင်သစ်အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၁၃ နိုင်ငံက အယ်လ်ဂျီးရီးယားက ရေးဆွဲတင်ပြတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခဲ့ပြီး ဗြိတိန်ကတော့ ကြားနေခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်နဲ့ပတ်သက်ပြီး လုံခြံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အောက်တိုဘာလမှာ ပဋိပက္ခစတင်ပြီးနောက်ပိုင်း အမေရိကန်ဟာ ဗီတိုအာဏာသုံးပြီး စတုတ္ထအကြိမ်မြောက် ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။…

Read More

This Day in History

Voice of Myanmar အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်သည် တရုတ်နှင့် အမေရိကန်တို့အကြား ၂၁ နှစ်ကြာ ဆက်ဆံရေးပြတ်တောက်မှုကို အဆုံးသတ်ပြီး ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့သည်။

Read More

လိုင်စင်ရှိ ရေဒီယို

  ဆူးငှက်   ကျွန်တော့်ဘဝတွင် ကျွှန်တော့်နာမည်ဖြင့် လိုင်စင်စာချုပ်နှင့်တကွ ပစ္စည်းတစ်ခုကို ပထမဆုံး အပိုင်ရရှိဖူးသည်။ ထို ပစ္စည်းမှာ ဓာတ်ခဲနှင့် ဖွင့်ရသော ရေဒီယို တစ်လုံး ဖြစ်သည်။ ၁၉၇၅ခုနှစ်တွင် ကျွန်တော် ၁၀တန်းအောင်ကို တစ်ဘာသာ ဂုဏ်ထူးနှင့် အောင်လို့ဟု ဆိုကာ အစ်မအကြီးဆုံက ဆုချခြင်း ဖြစ်သည်။ ထိုစဉ် ရပ်ဆွေရပ်မျိုး ရပ်ကွက်သမဝါယမ လူကြီးက သမဝါယမဆိုင်မှာ နေရှင်နယ်အမျိုးအစား စာပွဲတင်ရေဒီယို ၁လုံး ခွဲတမ်းချဖို့ ရှိတယ်။ မင်းတို့ လိုချင်ရင် ခွဲတမ်းချပေးမယ်ဟု ပြောတော့ အစ်မကြီးက ထိုရေဒီယိုကို သမဝါယမဆိုင် ထုတ်ဈေးနှင့် ဝယ်ပေးသည်။ ထိုစဉ်က ရေဒီယိုလေးကို သမဝါယမဆိုင်သို့ အစ်မနှင့် သွားထုတ်ရစဉ် ပျော်သော အပျော်မှာ မာစီဒီဘင် ကားအသစ်ကြီး ရှိုးရွန်းက သွားထုတ် ရသကဲ့သို့ဟု နှိုင်းချင်လှသည်။ ဆိုင်အတွင်း ဥက္ကဋ္ဌ…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

Read More

ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်တယ်လို့ သံရုံး ကြေညာ

ဖေဖော်ဝါရီ ၂၀ – ၂၀၂၄ SN (VOM) အခုရက်ပိုင်းအတွင်း ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူအရေအတွက် များပြားနေတာကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ထိုင်းဗီဇာရက်ချိန်းကို အွန်လိုင်းကတဆင့် လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဒီနေ့ရက်စွဲနဲ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ဗီဇာရက်ချိန်းရယူခြင်းကို အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းရယူခြင်း (Visa Appointment Booking online – VABO) နဲ့ သံရုံးရှေ့မှာ လူကိုယ်တိုင် ဗီဇာရက်ချိန်းယူခြင်း စတဲ့ နည်းလမ်း နှစ်မျိုးနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။ “အခုလို စီစဉ်လိုက်တာ ကောင်းပါတယ်။ သံရုံးရှေ့မှာ အချိန်အများကြီးပေးပြီး တန်းစီစရာမလိုတော့ဘူးပေါ့။ ပြီးတော့ ပွဲ‌စားတွေအတွက် လုပ်စားခွင်လည်း မရှိနိုင်တော့ဘူး။ အရင်လို ပွဲစားနဲ့အပ်လို့မရတော့ဘူးပေါ့” လို့ ထိုင်းနိုင်ငံကို သွားရောက်ဖို့…

Read More
VOM News

FREE
VIEW