Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၄၅ ကျပ် ဝယ်ဈေး – ၃၄၉၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၅ ကျပ် ဝယ်ဈေး – ၂၅၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၃ ကျပ် ဝယ်ဈေး – ၇၃၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read MoreMonth: February 2024
ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreတရုတ်မှာ ကလေးနှစ်ယောက်ကို ၁၅ ထပ်ကနေ ပစ်ချသတ်ခဲ့တဲ့ စုံတွဲကို သေဒဏ်ပေး ကွပ်မျက်
ပေကျင်း၊ ဖေဖော်ဝါရီ-၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ကလေးငယ်နှစ်ယောက်ကို ၁၅ ထပ်အမြင့် ပြတင်းပေါက်ကနေ ပစ်ချပြီး သတ်ခဲ့တဲ့ စုံတွဲတတွဲကို အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။ ကလေးတွေရဲ့ ဖခင်ဖြစ်တဲ့ ကျန်ဘိုနဲ့ ယီချန်ချန်းဆိုသူအမျိုးသမီးတို့ဟာ ၂၀၂၀ ခုနှစ်မှာ နှစ်နှစ်အရွယ် မိန်းကလေးနဲ့ တနှစ်သားအရွယ်ကလေးငယ်တို့ကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ကျန်ဘိုဟာ ယီချန်ချန်းနဲ့ ဆက်ဆံရေးစတင်ပြီးနောက် ဇနီးဖြစ်သူနဲ့ကွာရှင်းခဲ့ပြီး သားသမီးတွေကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ ဒီစုံတွဲရဲ့ လုပ်ရပ်အတွက် စေ့ဆော်မှုဟာ အလွန်အမင်းအန္တရာယ်များပြီး သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်နဲ့ နည်းလမ်းတွေကို ပိုမိုပေါ်လွင်စေခဲ့တယ်လို့ တရုတ်နိုင်ငံ အထူးတရားရုံးက ထုတ်ပြန်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ အဲဒီစုံတွဲကို နိုင်ငံအနောက်တောင်ပိုင်း ချုံကင်းမြို့မှာ ကွပ်မျက်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ သေဒဏ်ပေးမှုအများအပြားကို အများအားဖြင့် ဆေးထိုးခြင်းနဲ့ ပစ်သတ်ခြင်းတို့စတဲ့ နည်းလမ်းတွေကို အသုံးပြုလေ့ရှိပေမယ့် လက်ရှိကွပ်မျက်မှုမှာ ဘယ်နည်းလမ်းကို အသုံးပြုတယ်ဆိုတာ ရှင်းလင်းစွာ…
Read MoreThis Day in History
Voice of Myanmar အမေရိကန်နိုင်ငံသား အဖြစ်ရရှိထားသူ၏ လူမျိုး၊ အသားအရောင်နှင့် ယခင်က ကျွန်ဖြစ်ဖူးသည့် အခြေအနေအပေါ် အခြေခံ၍ နိုင်ငံသားတဦး၏ မဲပေးပိုင်ခွင့်ကို အမေရိကန်ပြည်ထောင်စုရှိ အစိုးရတရပ်ရပ်က ငြင်းပယ်ခြင်းမပြုရဟူသော အချက်ပါဝင်သည့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆယ့်ငါးကြိမ်မြောက် ပြင်ဆင်ချက်ကို ၁၈၇၀ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် အတည်ပြုခဲ့သည်။
Read Moreသာစည် X- Ray စစ်ဆေးချိန်ကြာမြင့်တဲ့အတွက် အသီးအနှံ ကုန်စိမ်း ပျက်စီးဆုံးရှုံးမှုတွေ ရှိနေ
ဖေဖော်ဝါရီ ၃ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ သာစည်မြို့နယ်ထဲက ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ X- Ray စက် စစ်ဆေးချိန် ကြာမြင့်တာကြောင့် သစ်သီး၀လံနဲ့ ကုန်စိမ်းကားတွေမှာ ပျက်စီးဆုံးရှုံးတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ (အရှေ့ပိုင်း) က ဆင်းလာပြီး ရန်ကုန်နဲ့ မန္တလေးဘက်ကို သွားတဲ့ ယာဥ်တွေအနေနဲ့ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ X- Ray ဖြတ်သန်းရတာဖြစ်ပြီး ကြာမြင့်ချိန် အချိန်စုစုပေါင်း ၁၂ နာရီဝန်းကျင်လောက် စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ “ဒီကုန်စိမ်းတွေက ရှမ်းတောင်ကနေ ထွက်ကြတာ။ ဒီဒေသထွက်တဲ့ ပစ္စည်းတွေက သူတို့ဆီမှာ ဒေသလိုအပ်ချက်အရ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ရန်ကုန်၊…
Read Moreနမ့်ဆန်မြို့မှာ လက်နက်ကြီးကို ဆော့ကစားရာက ပေါက်ကွဲလို့ ကလေးငယ် သုံးယောက်သေဆုံး
ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၄ SP (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နမ့်ဆန်မြို့ ၊ ဇယန်းကြီးရပ်ကွက်မှာ ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲကျန် လက်နက်ကြီးကျည်ကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် သုံးယောက်သေဆုံးသွားတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံပရဟိတသမားတယောက်က ” တိုက်ပွဲတုန်းက ပစ်ခတ်ထားတဲ့ လက်နက်ကြီးကျည်ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ကလေးသုံးယောက်က ဆော့ကစားတယ် ၊ အဲ့ဒီ အချိန်မှာ လက်နက်ကြီး ကျည်က ထပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် မိုင်းနေမင်းအောင် အသက် (၆)နှစ်၊ မိုင်းလှိုင်မင်းအောင် အသက် (၁၀)နှစ်၊ မိုင်းအောင်ကျော်ဇော် အသက် (၁၁)နှစ် အဲ့ဒီ ကလေးသုံးယောက်စလုံး နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ် ” လို့…
Read Moreမိုးကောင်းနှင့် ဂွေးချိုကြားက လမ်းကလေး
ဆူးငှက် ကျွန်တော် မွေးဖွားကြီးပြင်းခဲ့သော အိမ်တော်ရာဘုရားအနီး ရပ်ကွက်လေးက မိကျောင်းတံတား အရှေ့ဘက် ကျင်းထဲမှာ ရှိသည်။ မိကျောင်းတံတားလမ်းကို ၂၆ ဘီလမ်းပေါ်ရှိ လမ်းညွှန် ဆိုင်းဘုတ် က ၈၉လမ်းဟု ညွှန်ပြထားသည်။ မိကျောင်းတံတားလမ်း၏ မြောက်ဘက်ထိပ်မှာ ဂွေးချိုတိုက်ရှိသည်။ ဂွေးချိုတိုက်သည် မန္တလေးအနောက်ပြင်ရှိ ဘုန်းကြီး ကျောင်းတိုက်ကြီး များစွာအနက်မှ တိုက်ကြီးတစ်တိုက်ဖြစ်၏။ ဤနားတစ်ဝိုက်တွင် ဒက္ခိဏဝန်တိုက်၊ ဂွေးချိုတိုက်၊ မိုးကောင်းတိုက်၊အနောက်ထီးလင်းတိုက်၊ ခင်မကန်တိုက်၊ စကုတိုက်၊ မေဃဝတီ တောင်သမန်တိုက်၊ ပုဂံတိုက်၊ ဆင်တဲတိုက် တို့ရှိသည်။ ဂွေးချိုတိုက်နှင့် မိုးကောင်းတိုက်ကြားမှာ ထူးဆန်းသော လမ်းကလေးလည်းရှိသည်။ ကျောင်းတိုက်ကြီး နှစ်တိုက်၏ အုတ်တံတိုင်းနှစ်ခုအကြား၌ ခြောက်ပေခန့်ကျယ်သော နေရာလွတ်ကလေးရှိနေ၏။ ထိုနေရာလွတ်ကလေးကို အရှေ့ဘက်မိကျောင်းတံတားလမ်းမှသည် အနောက်ဘက် ကျောက်ဆစ်တန်းလမ်းအထိ ကွန်ကရစ် အပြည့်ခင်းထား၏။ မည်သည့်နှစ်၊မည်သည့်…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreစစ်တွေမြို့မှာ ညမထွက်ရအမိန့် နစက ကြေညာ
ဖေဖော်ဝါရီ ၂ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မပြုလုပ်ကြဖို့ နစက က မနေ့ ဖေဖော်ဝါရီလ ၁ ရက်၊ ညနေပိုင်းက လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ့ အမိန့်ကို နစက က စစ်တွေမြို့တွင်း လှည့်လည်ကာ လော်စပီကာတွေနဲ့ လိုက်လံ ကြေညာခဲ့ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့မကြေညာလည်း ညနေ ၆ နာရီနောက်ပိုင်းဆို လမ်းပေါ် ဘယ်သူမှ မရှိကြတော့ပါဘူး။ အစကတည်းကိုက လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အနေအထားကိုး။ ပစ်ခတ်မှုတွေလည်း အချိန်မရွေး ဖြစ်နေတယ်။ လမ်းမှာဆိုရင်လည်း လုယက်မှုတွေ၊ ဓားခုတ်ခံရတာတွေလည်း နောက်ပိုင်း…
Read Moreမလေးရှား လဝက ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတခုမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နှောင်းပိုင်းက အဓိကရုဏ်းတခုဖြစ်ပွားပြီးနောက် ရိုဟင်ဂျာဒုက္ခသည် ထွက်ပြေးလွတ်မြောက်သွားပြီး အဝေးပြေးလမ်းပေါ်မှာ ကားတိုက်မိပြီး တယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနောက်ပိုင်း ပီရက်ခ်ပြည်နယ် ဘိုင်ဒေါလူဝင်မှုကြီးကြပ်ရေးမှ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ မနေ့ကညမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဒီနေ့ပြောပါတယ်။ လွတ်မြောက်သွားသူတွေကို ရှာဖွေရေးတွေဆက်လက်လုပ်ဖို့ အေဂျင်စီအသီးသီးက ၂၇၅ ယောက်ကို ဖြန့်ကြက်ထားပါတယ်။ လွတ်မြောက်သွားသူတွေဟာ ရိုဟင်ဂျာ ၁၁၅ ယောက်နဲ့ အခြားသော မြန်မာနိုင်ငံသား ၁၆ ယောက်တို့ဖြစ်တယ်လို့ သူက အတည်ပြုပြောဆိုပါတယ်။ ဒါဟာ မကြာသေးမီနှစ်တွေအတွင်း မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးမှု ဒုတိယအကြိမ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း ရိုဟင်ဂျာဒုက္ခသည် ၅၈၂ ယောက်ဟာ…
Read More