ဟိုက်ပါဆိုးနစ် ဒုံးကျည်အမျိုးအစားသစ်အတွက် လောင်စာခဲသုံး ဒုံးအင်ဂျင် မြောက်ကိုရီးယား စမ်းသပ်

 

ပြုံးယမ်း၊ မတ်-၂၀-၂၀၂၄

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တာလတ်ပစ် ဟိုက်ပါဆိုးနစ်ဒုံးကျည်အမျိုးအစားသစ်အတွက် ဒုံးကျည်အင်ဂျင်စမ်းသပ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုံးကျည်အင်ဂျင် မြေပြင်စမ်းသပ်မှုကို နိုင်ငံအနောက်မြောက်ပိုင်း ဆိုဟေး လွှတ်တင်ရေးစခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တက်ရောက်ခဲ့တယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွမ်သတင်းစာက ဆိုပါတယ်။

လောင်စာခဲသုံး ဒုံးကျည်အင်ဂျင်ဟာ လောင်စာရည်သုံး ဒုံးကျည်တွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပါတယ်။ လာလတ်ပစ် ဟိုက်ပါဆိုးးနစ်ဒုံးကျည်အမျိုးအစားသစ်ဟာ တိုက်ချင်းပစ်ဒုံးကျည်တွေလိုပဲ စစ်ရေးဗျူဟာအရ အရေးပါကြောင်း ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်း လောင်စာခဲသုံး ဒုံးကျည်အင်ဂျင်စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး နှစ်လအကြာမှာ တာလတ်ပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်ထိ မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာစစ်ရေးအစီအစဉ်အရ အသံထက် ငါးဆမြန်တဲ့ ဒုံးကျည်အမျိုးအစားသစ်တွေ ထုတ်လုပ်နိုင်ရေး ရည်မှန်းနေပြီး သူ့ရဲ့ လှုပ်ရှားမှုအပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

Ref: NHK

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW