စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ အဖြစ်များလာ

မတ် ၊ ၂၄ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဥ်တွေ အဖြစ်များလာတယ်လို့ ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံနားမှာနေထိုင်တဲ့ မြို့နယ်ထွေအုပ် စာရေးမတယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ယောက်က သူ့ရဲ့အိမ်ထဲဝင်ရောက်ပြီး ဖမ်းခေါ်သွားတယ် ၊ ဘယ်က်ိုဖမ်းသွားလည်းဆိုတာ အခုထိ မသိရသေးဘူး ၊ ​ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ ၅ လမ်း၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးရှေ့မှာရှိတဲ့ ၊ ရွှေလက်ပွား လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ၃၅ နှစ်ဆိုသူ ပစ်သတ်ခံရပြီး သူကိုင်ဆောင်တဲ့ ပစ္စည်းတွေ ယူသွားတယ် ၊ ဒါအပြင် ရွှေဘိုနယ်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ အလုပ်ထွက်ကြဖို့ ဒေသတွင်းလက်နက်ကိုင် PDF တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတယ် ၊ အဲ့ဒါကြောင့် ရွှေဘိုနယ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ စိုးရိမ်နေရတယ် ” လို့ ရွှေဘိုဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ၊ မတ် ၁၄ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက် ၊ ဆယ်ပေါက်တွဲလမ်းမှာနေတဲ့ မုံရွာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ လဝကမှူး ဦးအောင်မိုးဝင်း ဆိုသူကို သူ့ရဲနေအိမ်မှာ ဒေသတွင်း လက်နက်ကိုင် PDF. အဖွဲ့ လူငါးယောက်က AD VAN ကားတစီးနဲ့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လဝက အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မုံရွာမှာ လဝက ဝန်ထမ်းတွေ အခုလို ဖမ်းဆီးခံရတာ နှစ်ကြိမ်ရှိပြီဖြစ်တယ် ၊ စစ်ကိုင်း တတိုင်းလုံးအနေနဲ့ တန့်ဆည်မြို့နယ်မှာလည်း နေအိမ်ကနေ ရုံးတက်ဖို့ သွားတဲ့ လဝက ဦးစီးမှူး လမ်းမှာ အသတ်ခံရတဲ့ ဖြစ်စဥ် ဖြစ်ဖူးတယ် ၊ နောက်ပြီး မနှစ်က ရွှေဘိုမြို့နယ်မှာ လဝက ဝန်ထမ်း တယောက် PDF ကဖမ်းသွားတာရှိတယ် ၊ အခုထိ သေသလား ၊ ရှင်သလား မသိရတော့ဘူး ” လို့ တိုင်း လဝကရုံးနဲ့ နီးစပ်သူတယောက်က ပြေပါတယ်။

ဒါအပြင် ​ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၁၃ ရက် နေ့လယ်ပိုင်းက မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နာရီစင်အနီးမှာရှိတဲ့ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး ဘဏ်မန်နေဂျာ ဒေါ်လှလှသွယ် ဆိုသူကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရပါသေးတယ်။

မတ် ၂ ရက်စလို့ မတ် ၁၂ ရက်အထိ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ရဲ့ ဆယ်ရက်ကြာတိုက်ပွဲအတွင်း ဌာနဆိုင်ရာ ၅၉ ယောက်နဲ့ ပင်လည်ဘူးမြို့တိုက်ပွဲမှာ ဌာနဆိုင်ရာ ဝန်ထမ်း ၁၄ ယောက် ၊ ကလေးမြို့တိုက်ပွဲမှာ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသား ကျောင်သူ တရာကျော်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းသွားတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW