မနေ့က တရက်တည်းမှာ နှစ်လောင်းပြိုင် လူသတ်မှု သုံးကြိမ်ဖြစ်ပွား

မတ် ၊ ၂၁ ၊ ၂၀၂၄ TT (VOM) ပဲခူးတိုင်း ၊ ပေါင်းတည်မြို့နယ် ၊ သစ်ပုတ်ကျေးရွာမှာ မနေ့ မတ်၂၀ ရက် ညနေပိုင်းက အမျိုးသမီးနှစ်ယောက် အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” သေဆုံးသူ အမျိုးသမီး နှစ်ဦးက သစ်ပုတ်ကျေးရွာက လူတွေဖြစ်တယ် ၊ ညောင်ရွက်ခူးထွက်သွားရင်း အသတ်ခံလိုက်ရတာ ၊ သူတို့နှစ်ယောက်ရဲ့ ရုပ်အလောင်းကို သုဿန်နားမှာ တွေ့ရတယ် ၊ သေဆုံးသူနှစ်ယောက်က မဝင်းဝင်းထွေး ၂၀ နှစ်နဲ့ မအိအိခိုင် ၂၈ နှစ်တို့ဖြစ်တယ် ၊ ဘယ်သူတွေက ဘာကြောင့်သတ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါအပြင် မန္တလေးတိုင်း ၊…

Read More

မိုင်းခွဲခံရတဲ့ ​ရန်ကုန်-မော်လမြိုင်ရထားလမ်း ပြင်ဆင်တဲ့အဖွဲ့ ဒရုန်းနဲ့ထပ်တိုက်ခံရပြီး လမ်းမပြင်နိုင်လို့ ရထား မပြေးဆွဲနိုင်သေး

  မော်လမြိုင်- မတ် ၂၁ – ၂၀၂၄ GG (VOM) မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊ မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းမှာရှိတဲ့ သိမ်ဆိပ်နဲ့ ဒုံးဝန်းဘူတာကြား ရထားလမ်းမိုင်းခွဲဖျက်ဆီးခံရမှုကို ပြန်လည်ပြင်ဆင်နေတဲ့အဖွဲ့ ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခံရတာကြောင့် ပြင်ဆင်မှုတွေ ရပ်ထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ရထားရော ၊ရထားလမ်းပါပျက်တော့ သူတို့ ပြင်ကြတာမှာ ၁၉ ရက်နေ့က ပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ထပ်ပြီး တိုက်ခံရတယ်၊အဲ့ဒီနောက် ပြင်ဆင်တဲ့အဖွဲ့လည်း ဆက်မလုပ်တော့ဘူး။ ခုထိတော့ ပြန်ပြင်နေတာ မကြားမိဘူး။မပြင်နိုင်တော့ ခရီးစဥ်တွေလည်းခုထိ မထွက်နိုင်ဘူး ” လို့ သထုံမြို့နယ် ဒေသခံတ​ယောက်ကပြောပါတယ်။ ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရမှုကို ပြန်လည်ပြင်ဆင်တဲ့အဖွဲ့ ထပ်မံတိုက်ခံရပေမယ့် လူထိခိုက်တာမရှိသလို ရထားလမ်းထပ်မံထိခိုက်ပျက်စီးတာမရှိဘူးလို့သိရပါတယ်။ အဆိုပါ မိုင်းခွဲခံရတဲ့ရထားလမ်း ပြန်လည်မပြင်ဆင်နိုင်သေးတာကြောင့် တဖက်မှာလည်း ရန်ကုန် – မော်လမြိုင် အစုန် အဆန် ရထားခရီးစဥ်တွေကို မတ်လ…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၁-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- မတ်- ၂၁- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံ စျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)- 60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)- 60ပိဿာ-(သစ်) 160000/ 165000 ဂျုံ ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/ 165000 ဂျုံ (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ ပန်ဆိုင်း(ကြူကုတ် – (60 ပိဿာ)- 155000/ 160000/ ဂျုံ (AUS)- (၁ ပိဿာ)-3300(YGN)…

Read More

ယနေ့ ရွှေဈေး (မတ် – ၂၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၀၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တံတားဦးမြို့နယ်မှာ ကျောင်းဆရာ သားအဖ နှစ်ယောက် ပစ်သတ်ခံရ

မတ် ၊ ၂၁ ၊ ၂၀၂၄ TT (VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့နယ် ၊ ထနိးလုံးတပ်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတဦးနဲ့ သူ့ရဲ့အဖေဖြစ်သူကို မနေ့ မတ် ၂ဝ ရက် နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်က ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့ခင်းပိုင်းက ထန်းလုံးတပ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲက မူလတန်းပြ ကျောင်းဆရာဖြစ်တဲ့ ကိုချစ်ဇော်ဦး (၂၆) နှစ်ဟာရွာထဲလမ်းမှာ စက်ဘီးစီးနေတုန်း ပစ်သတ်ခံရတယ် ၊ ကျောင်းဆရာကို ပစ်သတ်သွားတဲ့ အမည်မသိ( စုံစမ်းဆဲ) လူနှစ်ယောက်က ကျောင်းဆရာ ဦးချစ်ဇော်ဦးကို ပစ်သတ်ပြီးနောက် ကျောင်းဆရာရဲ့နေအိမ်ကို သွားပြီး ကျောင်းဆရာရဲ့ အဖေဖြစ်သူ ဦးဇော်ဝင်းမြင့် ၆၁ နှစ်ဆိုသူ ပစ်သတ်ပြန်တယ် ၊ အဲဒါကြောင့် မနေ့က…

Read More

သင်္ဃန်းညီနောင်တိုက်ပွဲ ပိုမိုပြင်းထန်လာလို့ မြို့လုံးကျွတ်နီးပါး စစ်ရှောင်နေရ

  မတ် ၂၁ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်းညီနောင်မြို့သစ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာလို့ မြို့လုံးကျွတ်နီးပါး စစ်ရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ သင်္ဃန်းညီနောင်မြို့သစ်မှာ မတ်လ ၇ ရက်နေ့ကတည်းက နစကတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တော် (KNLA) မဟာမိတ်ပူးပါင်းတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ ရက်သတ္တပတ် နှစ်ပတ် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ “တိုက်ပွဲကတော့ သင်္ဃန်းညီနောင် ၃၅၅ မှာ စဖြစ်တာပေါ့။ အခုတော့ ၃၅၆၊ ၃၆၇၊ ၂၇၅ ဗျူဟာကုန်း၊ နောက် ဝှေ့ရှမ်း၊ မဲ့ပလေ့၊ ညောင်နန်း စသဖြင့် ပြန့်လာတာပေါ့။ စစ်မြေပြင် ကျယ်သွားတာပေါ့။ စစ်မြေပြင် ကျယ်သွားတော့ စစ်ရှောင်ပိုပေါလာတာပေါ့။ တိုက်ပွဲကတော့ ငြိမ်တယ်လို့တော့ သိပ်မကြားသေးပါဘူး” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။…

Read More

ရေနံချောင်းနယ်မှာ ထွေ/အုပ်ရုံးကနေ ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုး နဲ့ စာရေးဖြစ်သူတို့ ပစ်သတ်ခံရ

မတ် ၂၁ ၊ ၂၀၂၄ TT (VOM) မကွေးတိုင်း၊ ချောက်ခရိုင် ၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာ အုပ်စု ၊ အုပ်ချုပ်ရေးမှုးနဲ့ ထွေအုပ်စာရေးတယောက်ဟာ မနေ့ မတ် ၂၀ က မြို့နယ်ထွေအုပ်ရုံးကနေ ပြန်အလာ လမ်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က မြို့နယ်ထွေအုပ်ရုံးကို သွားကြတယ် ၊ အဲဒီကနေ ရွာကို ဆိုင်ကယ်နဲ့ ပြန်အလာ သတ်ခံရတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ အုတ်ရှစ်ကုန်း ကျေးရွာ ၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နဲ့ ကျေးရွာ ထွေအုပ်စာရေး ဦးဆန်းနိုင်တို့ နှစ်ယောက်ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ရေနံချောင်းမြို့နယ်က အုတ်ရှစ်ကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်နဲ့ စာရေး ဆန်းနိုင်တို့ နှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက…

Read More

ဗီယက်နမ်သမ္မတ ဗိုဗန်သောင် အကျင့်ပျက်ချစားမှုကြောင့် ရာထူးကနေ နှုတ်ထွက်

ဟနွိုင်း၊ မတ်-၂၁-၂၀၂၄ မျိုးဆက်(VOM) ဗီယက်နမ်သမ္မတ ဗိုဗန်သောင်သည် ရာထူးသက်တမ်း တစ်နှစ်ထမ်းဆောင်ပြီးနောက် အကျင့်ပျက်ချစားမှုကြောင့် ရာထူးကနေ နှုတ်ထွက်သွားပါတယ်။ သမ္မတ ဗိုဗန်သောင်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့လုပ်ရပ်တွေအပြင် ပါတီစည်းမျဉ်းတွေကိုလည်း ချိုးဖောက်ခဲ့ကြောင်း အာဏာရကွန်မြူနစ်ပါတီရဲ့ မတ် ၂၀ ရက်အစည်းအဝေးအပြီးမှာ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ သူဟာ မွေးရပ်မြေပြည်နယ်မှာ အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံတွေကြောင့် ရာထူးကနေ နှုတ်ထွက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ သူဟာ ယမန်နှစ်က အကျင့်ပျက်ချစားမှုကြောင့် ရာထူးမှနှုတ်ထွက်သွားတဲ့ သမ္မတနေရာမှာ အစားထိုးခန့်အပ်ခံရသူဖြစ်ပါတယ်။ တနှစ်ကျော်ကာလအတွင်း အကျင့်ပျက်ချစားမှုကြောင့် သမ္မတနှစ်ယောက် နှုတ်ထွက်ခဲ့မှုဟာ စီးပွားရေအလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာတဲ့ ဗီယက်နမ်မှာ အကျင့်ပျက်ချစားမှုတွေကို ကိုင်တွယ်ဖို့ ကွန်မြူနစ်ပါတီအနေနဲ့ ရုန်းကန်နေရတဲ့ အရိပ်လက္ခဏာလည်းဖြစ်ပါတယ်။ သမ္မတသည် ဗီယက်နမ်နိုင်ငံရေးရဲ့ ထိပ်တန်းတာဝန်ရှိသူလေးယောက်ထဲမှာ ပါဝင်ပေမယ့်လည်း ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟာ သြဇာအာဏာအရှိဆုံးဖြစ်ကာ ကျန်နှစ်ဦးကတော့ ဝန်ကြီးချုပ်နဲ့ အမျိုးသာလွှတ်တော်ဥက္ကဌတို့ဖြစ်ပါတယ်။ Ref:BBC Photo:AP

Read More

သံဖြူဇရပ်နယ်မှာ အလှူပွဲအတွက် စျေးဝယ်သွားတဲ့ လူလေးယောက် အခုထိ ပျောက်ဆုံးနေ

မတ်၊ ၂၁ ၊ ၂၀၂၄ TT (VOM) မွန်ပြည်နယ် ၊မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ် ရဲ့ တောင်ဘက် ရှစ်မိုင်းလောက်ဝေးတဲ့ ပင်လယ် ကမ်းခြေမှာရှိတဲ့ ဂရုပ္ပိကျေးရွာနဲ့ အံခဲကျေးရွာက ရွားသားလေးယောက်ဟာ အလှူပွဲအတွက် စျေးဝယ်ဖို့ သံဖြူဇရပ်မြို့ကို သွားရာကနေ ဒီကနေ့အထိ ရွာပြန်ရောက်မလာပဲ ပျောက်ဆုံးနေတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဆက်သွယ်မရ ပျောက်ဆုံးသူ လူလေးယာက်က ဂရုပ္ပိကျေးရွာက နိုင်သန်းဇော် နဲ့ နိုင်အကျဲ နှစ်ယောက်ဖြစ်တယ် ၊ နောက်ပြီး အံခဲကျေးရွာက နိုင်ကွန်းတီး၊ နိုင်ကွန်းတင့် ဖြစ်တယ် ၊ အဲ့ဒီလူ ပေါင်းလေးယောက် ပျောက်နေတယ် ၊ ပြီးခဲ့တဲ့ မတ် ၆ ရက်က အလှူပွဲလုပ်ဖို့အတွက် မြို့တက်ပြီး စျေးဝယ်သွားရင်း ပျောက်ဆုံးနေတာဖြစ်တယ် ၊ ဒီမနက်အထိတော့ ဆက်သွယ်မရသေးဘူး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၁၀ ကျပ် ဝယ်ဈေး – ၃၆၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၅၀ ကျပ် ဝယ်ဈေး – ၂၇၀၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၄၆ ကျပ် ဝယ်ဈေး – ၄၀၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၆၆ ကျပ် ဝယ်ဈေး – ၁၀၁.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၉၁ ကျပ် ဝယ်ဈေး – ၇၈၁ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၀ ကျပ် ဝယ်ဈေး – ၅၀၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More
VOM News

FREE
VIEW