မနေ့က တရက်တည်းမှာ နှစ်လောင်းပြိုင် လူသတ်မှု သုံးကြိမ်ဖြစ်ပွား

မတ် ၊ ၂၁ ၊ ၂၀၂၄
TT (VOM)

ပဲခူးတိုင်း ၊ ပေါင်းတည်မြို့နယ် ၊ သစ်ပုတ်ကျေးရွာမှာ မနေ့ မတ်၂၀ ရက် ညနေပိုင်းက အမျိုးသမီးနှစ်ယောက် အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” သေဆုံးသူ အမျိုးသမီး နှစ်ဦးက သစ်ပုတ်ကျေးရွာက လူတွေဖြစ်တယ် ၊ ညောင်ရွက်ခူးထွက်သွားရင်း အသတ်ခံလိုက်ရတာ ၊ သူတို့နှစ်ယောက်ရဲ့ ရုပ်အလောင်းကို သုဿန်နားမှာ တွေ့ရတယ် ၊ သေဆုံးသူနှစ်ယောက်က မဝင်းဝင်းထွေး ၂၀ နှစ်နဲ့ မအိအိခိုင် ၂၈ နှစ်တို့ဖြစ်တယ် ၊ ဘယ်သူတွေက ဘာကြောင့်သတ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါအပြင် မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့နယ် ၊ ထန်းလုံးတပ်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတဦးနဲ့ သူ့ရဲ့အဖေဖြစ်သူကို မနေ့ မတ် ၂ဝ ရက် နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ပစ်သတ်သွားတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

မကွေးတိုင်း၊ ချောက်ခရိုင် ၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာ အုပ်စု ၊ အုပ်ချုပ်ရေးမှုးနဲ့ ထွေအုပ်စာရေးတယောက်ဟာ မနေ့ မတ် ၂၀ က မြို့နယ်ထွေအုပ်ရုံးကနေ ပြန်အလာ လမ်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါကြောင့် မနေ့က တရက်တည်းမှာ ပဲခူးတိုင်း ၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ နှစ်လောင်းပြိုင်လူသတ်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW