မတ် ၂၈ – ၂၀၂၄ GG (VOM) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကမာဆိုင်ကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်မှာ လူနာတင်ယာဥ်တစီးပစ်ခတ်ခံရပြီး ကားပေါ်လိုက်ပါလာသူတွေထဲက နှစ်ယောက်သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ မတ်လ ၂၇ ရက်နေ့ ၊ ည ၈ နာရီခွဲလောက်မှာ ကျိုက်ကော်က အရေးပေါ်လူနာတဦးကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်စဥ် ကမာဆိုင်ရွာနားအရောက်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် လူနာတင်ယာဥ် ယာဥ်မောင်းနဲ့ အရေးပေါ်လူနာမှာ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ လူနာတင်ယာဥ်ကတော့ သထုံမြို့နယ် အခြေစိုက် အကြင်နာတွဲလက် လူမှုကူညီရေးအသင်ကားဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် အသင်းကိုဆက်သွယ်မေးမြန်းရာ အသင်းတာဝန်ရှိသူတဦးက ” ရန်ကုန်လွှဲတဲ့လူနာကို လိုက်ပို့တာ ဘီးလင် ကမာဆိုင်ကွက်သစ်ရောက်တော့ မိုင်းကွဲတယ်၊ နောက်တော့ သေနတ်နဲ့ ပစ်တယ်၊ ပစ်ခံရပြီးကားကို ပစ်ထားရတယ်။ လူနာကို ပြီးမှအသင်းကားနဲ့ ထပ်သွားခေါ်ရတယ်။ ပစ်ခတ်မှုရှိတော့ချက်ခြင်းခေါ်မရဘူး အချိန်စောင့်ပြီးမှပဲခေါ်ရတယ်။…
Read MoreMonth: March 2024
ပြည်တွင်ရွှေစျေး ကျပ် ၄၄ သိန်းထိ ဆက်လက်မြင့်တက်လာ
ယနေ့ ရွှေဈေး (မတ် – ၂၈ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၉၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreရွှေဘို – ရေဦးလမ်းမှာ ကားတစီး ပစ်ခတ်ခံရလို့ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား သေဆုံး
မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ကျွဲခြံကျေးရွာအနီး ရွှေဘို – ရေဦး လမ်းမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ကားတစီးပစ်ခတ်ခံရပြီး ကားပေါ်မှာလိုက်ပါလာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား ထိခိုက်သေဆုံးတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပစ်ခတ်ခံရတဲ့ကားက ရွှေဘိုမြို့နယ် ၊ မြင်းချင်းရွာက ကားဖြစ်တယ် ၊ ကားပေါ်မှာ လိုက်ပါလာတာက မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် နဲ့ သူ့မိန်းမ ဒေါ်ပေါက် တို့ဖြစ်တယ် ၊ သူတို့လင်မယား နှစ်ယောက်စလုံး နေရာမှာတင် သေဆုံးတယ် ၊ အဲ့ဒီကားကိုမောင်းပေးတဲ့ လူက ထွက်ပြေးလို့ လွတ်လာတယ်” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဟာ…
Read Moreလုပ်ခလစာ တိုးမြှင့်ပေးရေး တောင်ကိုရီးယား ဘတ်စ်ကားယာဉ်မောင်းတွေ ဂိတ်မထွက်ဘဲ သပိတ်မှောက်
ဆိုးလ်၊ မတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ဘတ်စ်ကား ယာဉ်မောင်းတွေဟာ လုပ်ခလစာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဒီနေ့ မတ် ၂၈ ဂိတ်မထွက်ဘဲ သပိတ်မှောက်နေကြပါတယ်။ သူတို့တွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဆိုးလ်မြို့ရဲ့ ဘတ်စ်ကားပို့ဆောင်ရေး ၉၇ ရာခိုင်နှုန်းထိခိုက်ခဲ့ပြီး အများပြည်သူသွားလာမှုတွေ အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ ယာဉ်မောင်းတွေဟာ တနာရီကို လုပ်ခလစာ ၁၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ တောင်းဆိုနေပြီး လစာညှိနှိုင်းမှု မအောင်မြင်ပြီးနောက် ဆန္ဒပြ သပိတ်မှောက်မှု စတင်ခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးမှုတွေကို မနက်ဖြန်မှာ ဆက်လုပ်သွားမှာဖြစ်ပြီး ရလဒ်မထွက်သေးတဲ့အချိန်မှာ ဆန္ဒပြမှုတွေ ဆက်လုပ်မလားဆိုတာ အတိအကျမသိသေးကြောင်း ယာဉ်မောင်းသမဂ္ဂက ပြောပါတယ်။ အခုလိုအခြေအနေမှာ ဆိုးလ်မြို့အစိုးရဟာ မြေအောက်ရထားပြေးဆွဲမှုတွေကို သတ်မှတ်ချိန်ထက် တိုးမြှင့်ပြေးဆွဲပေးမှာဖြစ်ပြီး ခရိုင် ၂၅ ခရိုင်မှာလည်း မြေအောက်ရထားဘူတာရုံတွေကို သွားလာနိုင်ဖို့ ဘတ်စ်ကားအစီးရေ ၄၈၀ ကို စီစဉ်ထားမယ်လို့ ဆိုပါတယ်။…
Read Moreမန္တလေး ကုန်စည်ဒိုင် ၂၈-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး- မတ်- ၂၈- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 160000/ 165000 ဂျုံ – ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/165000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ – ပန်ဆိုင်း(ကြူကုတ်) – (60 ပိဿာ)- 155000/ 160000/ ဂျုံ –…
Read Moreကျိုက်မရော ဓမ္မသရွာမှာ မီးငြိမ်းသွားပေမယ့် တိုက်ပွဲကြောင့် ဒေသခံတွေပိတ်မိ၊ မီးလောင်မှုမှာ အိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့
ရန်ကုန် – မတ် – ၂၈ – ၂၀၂၄ GG (VOM) မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်ထဲက ဓမ္မသရွာမှာ မီးငြိမ်းသွားပေမယ့် ရွာထဲမှာ PDF နဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပြီး ပစ်ခတ်မှုဖြစ်နေလို့ ဒေသခံရွာသားတွေ ပိတ်မိနေတယ်လို့ ဓမ္မသ ရွာဒေသခံတွေဆီကသိရပါတယ်။ တိုက်ပွဲတွေကြောင့် ကြောင့် မီးဘေးသင့်ပြည်သူတွေရော၊ ရွာထဲမီးမလောင်ဘဲ ကျန်နေတဲ့နေအိမ် တွေကို စောင့်ရှောက်ဖို့ကျန်ခဲ့တဲ့ ဒေသခံတွေပါ ရွာအပြင်ကိုထွက်မရဘဲ ရွာထဲမှာပိတ်မိနေကြတာဖြစ်ပြီး အစားအသောက်၊ သောက်ရေတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ ” မီးက ညတုန်းကလောင်နေချိန် ဘာမှမတတ်နိုင်လို့ထားခဲ့လိုက်ရတယ်၊မနက်ကျတော့ငြိမ်းသွားပြီ။ ရွာရဲ့ သုံးပုံ တပုံလောက်တော့ပါသွားတယ်။မီးငြိမ်းမှ သေချာသိရတာကိုး၊ ရွာထဲပိတ်မိနေသူတွေရှိနေပါတယ်။ စားစရာတွေလိုနေတယ်။အခုအပြင်ကိုထွက်မရပါဘူး။မီးဘေးသင့်သူတွေရော ၊ရွာခံတွေရောအကုန် ဒုက္ခရောက်နေပါတယ်။” လို့ ဓမ္မသရွာဒေသခံကပြောပါတယ်။ လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်လို့ နေအိမ်တွေပေါ်လက်နက်ကြီးကျည်ကျပြီး ထပ်မံမီးလောင်မှုဖြစ်ပွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ကော့ကရိတ်၊ ကော့ဘိန်းမြို့မှာ ဖြစ်နေတဲ့ စစ်တပ်နဲ့ PDF…
Read Moreထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်တာကို တရားဝင် အသိအမှတ်ပြုတော့မယ်
ဘန်ကောက်၊ မတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုမယ့် ဥပဒေကြမ်းကိုအောက်လွှတ်တော်မှာ မတ် ၂၇ ရက်ကအတည်ပြုလိုက်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ လိင်တူချင်းလက်ထပ်ခြင်းဆိုင်ရာ သာတူညီမျှရေးအတွက် သမိုင်းဝင် ခြေလှမ်းတရပ်ဖြစ်ပြီး ဥပဒေဖြစ်လာဖို့ အထက်လွှတ်တော်နဲ့ ထိုင်းဘုရင်ရဲ့ ထောက်ခံချက်တို့ လိုအပ်နေသေးသတယ်။ လွှတ်တော်အမတ် ၄၁၅ ဦးအနက် ၄၀၀ ကထောက်ခံခဲ့တဲ့ ဥပဒေကြမ်းမှာ အမျိုးသားနဲ့ အမျိုးသမီးတို့ လက်ထပ်ခြင်းအစား လူနှစ်ေပေါင်ဖက်မှုအဖြစ် အစားထိုးဖော်ပြထားပြီး လိင်တူချစ်သူများအမွေဆက်ခံခွင့်နဲ့ ကလေးမွေးစားခွင့်တွေလည်းပါဝင်ပါတယ်။ ဥပဒေကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်နေကြပြီး ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်လာတော့မှာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကိုအတည်ပြုလိုက်ခြင်းဟာ ပြသနာတိုင်းအတွက် အလုံးစုံ ကုစားဖြေရှင်းရေး မဟုတ်ပေမယ့် တန်းတူညီမျှမှုရဲ့ အစဖြစ်ကြောင်းအောက်လွှတ်တော် လက်ထပ်ခြင်းဆိုင်ရာကော်မတီဥက္ကဌ ဒန်နုဖန်ပန်နက်ကန်တာက ဥပဒေကြမ်းတင်သွင်းစဉ် လွှတ်တော်မှာ ပြောပါတယ်။ Ref:BBC Photo:Getty…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၈ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၀၀ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၉၀ ကျပ် ဝယ်ဈေး – ၂၇၄၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၁၀ ကျပ် ဝယ်ဈေး – ၄၁၂၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၈၂ ကျပ် ဝယ်ဈေး – ၁၀၃.၆၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၀၉ ကျပ် ဝယ်ဈေး – ၇၉၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၂ ကျပ် ဝယ်ဈေး – ၅၁၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read More၄၄ သိန်းနီးပါးအထိ ဆက်လက်မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေး
ယနေ့ ရွှေဈေး (မတ် – ၂၈ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၉၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၃၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၃၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၁၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအစ္စရေးနဲ့ ဟဇ်ဘိုလာအဖွဲ့တို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပွား
တဲလ်အဗစ်၊ မတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန် ကျေးရွာတရွာကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေဖြင့် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူတယောက်သေဆုံးခဲ့ပါယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လက်ဘနွန်ရှိ ဟာဘာရီယာမှာ လူခုနှစ်ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ဒါဟာ မကြာသေးမီက တိုက်ခို်ကမှုတွေကြောင့် အသေအပျောက်အများဆုံး ဖြစ်တယ်လို့ လက်ဘနွန်သတင်းရင်းမြစ်တွေကက ပြောပါတယ်။ သေဆုံးသူတွေဟာ ကယ်ဆယယ်ရေးသမားတွေဖြစ်တယ်လို့ ဟဇ်ဘိုလာတို့က ဆိုပါတယ်။ အစ္စရေးကတော့ တိုက်ခို်ကမှုအတွင်း စစ်သွေးကြွတွေသေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးရှိ ကီရီရက်ရှမွန်နာမြို့ကို ဒုံးကျည်ဒါဇင်များစွာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ဂါဇာစစ်ပွဲစတင်ပြီးကတည်းက နေ့စဉ်နီးပါး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ဟဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်ရှိ ရှီးယိုက်မွတ်ဆလင်အဖွဲ့အဖြစ်ပြီး အီရန်နှင့် ဂါဇာကို ထိန်းချုပ်ထားသော ဟားမတ်စ်တို့နဲ့…
Read More