Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၄၀ ကျပ် ဝယ်ဈေး – ၃၆၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၆၀ ကျပ် ဝယ်ဈေး – ၂၇၁၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၆၆ ကျပ် ဝယ်ဈေး – ၄၀၈၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၁၇ ကျပ် ဝယ်ဈေး – ၁၀၂.၀၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၉၆ ကျပ် ဝယ်ဈေး – ၇၈၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၅ ကျပ် ဝယ်ဈေး – ၅၀၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read MoreMonth: March 2024
ယနေ့ ရွှေဈေး (မတ် – ၂၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၀၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreThis Day In History
Voice of Myanamar ၁၉၇၈ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်သမ္မတ ဂျင်မီကာတာ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် သဘောတူညီရရှိခဲ့သည့် အီဂျစ်နှင့် အစ္စရေးတို့အကြား သမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်ကို ၁၉၇၉ ခုနှစ် မတ် ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
Read Moreဘိုးအင်းလေယာဉ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ရာထူးကနေ နှုတ်ထွက်တော့မယ်
ဝါရှင်တန်၊ မတ်-၂၆-၂၀၂၄ မျိုးဆက်(VOM) ဘိုးအင်း လေယာဉ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေ့ကယ်လ်ဟွန်ဟာ ကုမ္ပဏီရဲ့ လေယာဉ်ဘေးကင်းလုံခြုံမှုဆိုင်ရာ အကျပ်အတည်းတွေကြောင့် ယခုနှစ်ကုန်မှာ ရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်ပါတယ်။ ဘိုးအင်းကုမ္ပဏီထုတ် ၇၃၇ မက်စ်လေယာဉ်တစင်းဟာ ဇန်နဝါရီလအတွင်းက ပျံတက်ပြီးများမကြာမီ အသုံးမပြုရသေးတဲ့ တံခါးတချပ်ဟာ လေယာဉ်ပေါ်ကနေ ပြုတ်ကျခဲ့ပြီးနောက် ကုမ္ပဏီဟာ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဖြစ်စဉ်မှာ လူထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာနဲ့ အရည်အသွေးထိန်းချုပ်မှု စံချိန်စံညွှန်းတွေကို ဘိုးအင်းက ပြန်လည်စိစစ်ခဲ့ပေမယ့် ဒါဟာ နောက်ကျနေပြီလို့ လေ့လာသူတွေက ပြောပါတယ်။ မစ္စတာ ကယ်လ်ဟွန်ဟာ ဘိုးအင်းသမိုင်းမှာ အကြီးမားဆုံးသောအရှုပ်တော်ပုံတွေထဲက တခုကြောင့် ယခင်ကုမ္ပဏီအကြီးအကဲဖြစ်သူ ဒန်းနစ်မူလန်ဘာ့ ရာထူးကနေ နှုတ်ထွက်ပြီးနောက် ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ဘိုးအင်းရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်လာသူဖြစ်ပါတယ်။ လက်ရှိမှာ အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်ခံမယ့်သူကို ဘိုးအင်းက စတင်ရှာဖွေနေပြီး ကုမ္ပဏီဟာ ဘဏ္ဍာရေးအကျပ်အတည်းနှင့်လည်း ရင်ဆိုင်နေရကာ…
Read Moreဂီတပညာရှင် ဓားတန်းဦးသန့်၏ ဓာတ်ပုံအယူအဆ
ဆူးငှက် “ သုခုမပညာရှင် ဖြစ်ချင်ရင် မိမိတို့အသီးသီးကိုယ့်ပညာနဲ့ကိုယ် ပန်းချီဆရာက ပန်းချီဆွဲတတ်အောင်၊ ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်တတ်အောင်၊ သီချင်းရေး ဆရာက သီချင်းစပ်တတ်အောင် စသည်တို့ကို ကြိုးကြိုးစားစား လေ့ကျင့်နေရင်း အခု ကျွန်တော်ပြောနေတဲ့ ခံစားမှု၊ မွေးမြူမှုကိုလည်း မမြဲမပြတ် မွေးမြူကြရပါတယ်။ ဥပမာ အခုပန်တျာကျောင်းမှာ သင်နေကြတဲ့ ပန်းချီပညာသင်ကလေးတွေဟာ သုံးနှစ်သင်လိုက်ရင် အတော် ဆွဲတတ်တဲ့ ပန်းချီဆရာလေးတွေ ဖြစ်လာပါမယ်။ ဒါပေတဲ့ သူတို့မှာလောကဗဟုသုတက နည်းနေပါဦးမယ်။ ဒါကြောင့် သူတို့ဟာ ဘယ်လိုခံစားတဲ့ သဘောတွေ၊ ဘယ်လိုအသိတွေ သရုပ်ဖော်မယ်ဆိုတဲ့ဘက်က အတော်မွေးမြူရပါဦးမယ်။ ဓာတ်ပုံသမားဆိုတော့ ခြောက်လ၊ တစ်နှစ်နဲ့ ကောင်းကောင်း ရိုက်တတ်ပါတယ်။ ဒါပေမယ့် သူလည်း မွေးမြူဘက်က အတော် မွေးရပါဦးမယ်။ ပိုပြီးမွေးမြူရပါမယ်။ ပန်းချီတို့ စာရေးဆရာတို့က မိမိတို့အတွေ့အကြုံတစ်ခုကို တွေ့တုန်း မှတ်ပြီးနောက်…
Read Moreကျိုက်ထိုမှာ ပစ်ခတ်မှုဖြစ်ပြီး ဘုန်းကြီးပျံလွန်တော်မူပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒဏ်ရာပြင်းထန်ရရှိ
မွန် -မတ် – ၂၅ – ၂၀၂၄ GG ( VOM ) မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပြီး ဘုန်းကြီးတပါးပျံလွန်တော်မူကာ ဆိုင်ပိုင်ရှင်အမျိုးသားလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့မတ်လ ၂၅ ရက်နေ့ ၊နေလယ် ၁ နာရီကျော်လောက်မှာ ကင်မွန်းချောင်းရွာရှိ စွယ်တော် လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဘုန်းကြီးက လက်ဖက်ရည်ဆိုင်ထဲကနေပြန်ထွက်လာစဥ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆိုင်ရှင်ကတော့ ဆိုင်ထဲထိ ဝင်ပစ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ ” ဘုန်းကြီး နဲ့ ဆိုင်ပိုင်ရှင်က တပ်သတင်းပေးဆိုပြီး ပစ်ခတ်လိုက်တာလို့ pdf ဘက်ကထုတ်တာတွေ့ရတယ်။ ဘုန်းကြီးက လက်ဖက်ရည်ဆိုင်ထဲကနေ ပြန်အထွက်ဆိုင်ကယ်ပေါ်အရောက်ပစ်ခံရတာ၊ဘုန်းကြီးပစ်ပြီးမှ ပိုင်ရှင်ကိုထပ် ပစ်တာ၊ ဘုန်းကြီးက လက်မောင်းရင်းမှာ ကျည်တချက်၊ ကျောကုန်းမှာ ကျည်တချက်နဲ့နေရာမှာပွဲချင်းပြီးပ၊ဦးတင်ငြိမ်းကတော့ ဆီးခုံမှာ (၁)ချက်၊ ညာဘက်မှာ တချက်ရှပ်ထိတယ်” လို့ ကျိုက်ထိုဒေသခံတဦးကပြောပါတယ်။ ပစ်ခတ်မှုမှာ…
Read Moreပြည်တွင်း ရွှေစျေး ၄၃ သိန်းနီးပါးထိ ဆက်လက်မြင့်တက်လာ
ယနေ့ ရွှေဈေး (မတ် – ၂၅ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၀၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမန္တလေးက မှုခင်းသတင်းထောက် လေးယောက် ရုံးညစောင့် တာဝန်ကျတဲ့အချိန် ဓားခုတ်ခံရ
မတ် ၊ ၂၅ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မှာ အခြေပြု ရုံးစိုက်ထားတဲ့ နေပြည်တော်တိုင်မ်း သတင်းဌာနရဲ့ ရုံးကို မနေ့ မတ် ၂၄ ရက်ညပိုင်းက အမည်မသိ(စုံစမ်းဆဲ) လူတစုက အဲ့ဒီရုံးထဲကို ဝင်ရောက်ပြီး ညစောင့်တာဝန်ကျ သတင်းသမား လေးယောက်ကို ဓားနဲ့ခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးဒေသခံ သတင်းသမားတွေဆီက သိရပါတယ်။ ” မနေ့ မတ် ၂၄ ရက် ၊ မနက်စောပိုင်း ၁ နာရီဝန်းကျင်က ဖြစ်တယ် ၊ အဲဒီ သတင်းထောက်ရုံးခန်း ဆိုင်းဘုတ်နဲ့ ပရိဘောဂ ပစ္စည်းတွေဖျက်ဆီးသွားတယ်လို့ သိရတယ် ၊ ဒါအပြင် ညစောင့်တာဝန်ကျ မှုခင်းသတင်းထောက် သုံးလေးယောက်လည်း ဒဏ်ရာရတယ်လို့ ကြားရတယ် ၊ ဒဏ်ရာရ သတင်းထောက်တွေက မန္တလေးဆေးရုံမှာ ဆေးကုနေရတယ်…
Read Moreတီးတိန်မြို့ပေါ်က ဌာနဆိုင်ရာ ဝန်ထမ်းငါးယောက် PDF အဖွဲ့ ဖမ်းဆီးသွား
မတ် ၊ ၂၅ ၊ ၂၀၂၄ SP (VOM) ချင်းပြည်နယ် ၊ တီးတိန်ခရိုင် ၊ တီးတိန်မြို့ပေါ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်းရာ ငါးယောက်က်ို မနေ့ မတ် ၂၄ ရက်ညပိုင်းက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက တီးတိန်မြို့ပေါ်တက်လာပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ညက ဝင်ဖမ်းသွားတာပါ ၊ အဖမ်းခံရသူတွေက စည်ပင်ဌာနက လက်ထောက်အင်ဂျင်နီယာ ၊ ဦးကပ်ဆွင်းခွါလ် ၃၆ နှစ်၊ မွေးမြူရေး ကုသရေး ဌာနက ဒု ကြီးကြပ်မှူး ဦးခွါလ်လျန်းမုန် ၅၅ နှစ် ၊ ထွေအုပ် ဌာနက ဦးလျန်းလမ်ခိုင် ၄၈ နှစ် ၊ အားကစားနဲ့ ကာယပညာဌာနက အာကာမှူး ဦးရှင်းခန့်ခွါလ် ၄၈ နှစ် နဲ့…
Read Moreနေရပ်မပြန်နိုင်သေးတဲ့ ကော့ကရိတ် စစ်ဘေးရှောင်တွေအတွက် အကူအညီများစွာ လိုအပ်နေ
မတ် ၂၅ – ၂၀၂၄ SN (VOM) သုံးလကျော် ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးတဲ့ ကော့ကရိတ် စစ်ဘေးရှောင်တွေအတွက် အကူအညီ များစွာ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကော့ကရိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ နစကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ စတင် ဖြစ်ပွားလာခဲ့တာဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့အထိ စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေ့ကနေစပြီး ကော့ကရိတ် မြို့တွင်း၊ မြို့ပြင်နဲ့ အနီးတဝိုက် ကျေးရွာတွေက ဒေသခံပြည်သူ လေးသောင်းကျော်ဝန်းကျင်ဟာ ဘားအံမြို့နယ်ရှိ ဘုန်းကြီးကျောင်း၊ ဥယျာဉ်ခြံ စတဲ့ နေရာတွေမှာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။ “စစ်ရှောင်တွေအတွက် စားဝတ်နေရေး…
Read More