တီးတိန်မြို့ပေါ်က ဌာနဆိုင်ရာ ဝန်ထမ်းငါးယောက် PDF အဖွဲ့ ဖမ်းဆီးသွား

မတ် ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

ချင်းပြည်နယ် ၊ တီးတိန်ခရိုင် ၊ တီးတိန်မြို့ပေါ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်းရာ ငါးယောက်က်ို မနေ့ မတ် ၂၄ ရက်ညပိုင်းက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက တီးတိန်မြို့ပေါ်တက်လာပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ညက ဝင်ဖမ်းသွားတာပါ ၊ အဖမ်းခံရသူတွေက စည်ပင်ဌာနက လက်ထောက်အင်ဂျင်နီယာ ၊ ဦးကပ်ဆွင်းခွါလ် ၃၆ နှစ်၊ မွေးမြူရေး ကုသရေး ဌာနက ဒု ကြီးကြပ်မှူး ဦးခွါလ်လျန်းမုန် ၅၅ နှစ် ၊ ထွေအုပ် ဌာနက ဦးလျန်းလမ်ခိုင် ၄၈ နှစ် ၊ အားကစားနဲ့ ကာယပညာဌာနက အာကာမှူး ဦးရှင်းခန့်ခွါလ် ၄၈ နှစ် နဲ့ လဝက အငယ်တန်းစာရေး ဦးနန်ဆွင်းဂင့် ၅၇ နှစ် ဖြစ်တယ် ၊ ညက သူတို့ရဲ့နေအိမ်တွေမှာ လာဖမ်းသွားတာဖြစ်တယ် ” လို့် တီးတိန်မြို့ခံတယောက်က ပြောပါတယ်။

ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ တီးတိန်မြို့က ဝန်ထမ်းငါးယောက်ကို သူတို့ဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါတယ်။

တီးတိန်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညကဖမ်းဆီးခံရတဲ့ ဝန်ထမ်းတွေ ပြန်လည်ကယ်ဆယ်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ် ” လို့ ပြောပါတယ်။

ဒေသခံတယောက်က ” တီးတိန်မှာ PDF အဖွဲ့ရဲ့ ဖမ်းခံရတဲ့ ဝန်ထမ်း ဆယ်ယောက်ထက်မနည်းရှိတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက တီးတိန်ရဲစခန်းက ရဲဝန်ထမ်းလေးယောက် အဖမ်းခံရတယ် ၊ အခုထိ ပြန်မကယ်နိုင်သေးဘူး ” လို့ပြောပါတယ်။

မနေ့ မတ် ၂၄ ရက် မနက်စောပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံနားမှာနေထိုင်တဲ့ မြို့နယ်ထွေအုပ် စာရေးဝန်ထမ်း ဒေါ်မြမြငြိမ်း ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ယောက်က သူ့ရဲ့အိမ်ထဲဝင်ရောက်ပြီး ဖမ်းခေါ်သွားပြီး ၊ ခင်ဦးမြို့နယ်မှာ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒါအပြင် မတ် ၂ ရက်စလို့ မတ် ၁၂ ရက်အထိ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ရဲ့ ဆယ်ရက်ကြာတိုက်ပွဲအတွင်း ဌာနဆိုင်ရာဝန်ထမ်း ၅၉ ယောက်နဲ့ ပင်လည်ဘူးမြို့တိုက်ပွဲမှာ ဌာနဆိုင်ရာ ဝန်ထမ်း ၁၄ ယောက် ၊ ကလေးမြို့တိုက်ပွဲမှာ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသား ကျောင်းသူ တရာကျော်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းသွားတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW