ဘိုးအင်းလေယာဉ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ရာထူးကနေ နှုတ်ထွက်တော့မယ်

ဝါရှင်တန်၊ မတ်-၂၆-၂၀၂၄
မျိုးဆက်(VOM)

ဘိုးအင်း လေယာဉ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေ့ကယ်လ်ဟွန်ဟာ ကုမ္ပဏီရဲ့ လေယာဉ်ဘေးကင်းလုံခြုံမှုဆိုင်ရာ အကျပ်အတည်းတွေကြောင့် ယခုနှစ်ကုန်မှာ ရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်ပါတယ်။

ဘိုးအင်းကုမ္ပဏီထုတ် ၇၃၇ မက်စ်လေယာဉ်တစင်းဟာ ဇန်နဝါရီလအတွင်းက ပျံတက်ပြီးများမကြာမီ အသုံးမပြုရသေးတဲ့ တံခါးတချပ်ဟာ လေယာဉ်ပေါ်ကနေ ပြုတ်ကျခဲ့ပြီးနောက် ကုမ္ပဏီဟာ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီဖြစ်စဉ်မှာ လူထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာနဲ့ အရည်အသွေးထိန်းချုပ်မှု စံချိန်စံညွှန်းတွေကို ဘိုးအင်းက ပြန်လည်စိစစ်ခဲ့ပေမယ့် ဒါဟာ နောက်ကျနေပြီလို့ လေ့လာသူတွေက ပြောပါတယ်။

မစ္စတာ ကယ်လ်ဟွန်ဟာ ဘိုးအင်းသမိုင်းမှာ အကြီးမားဆုံးသောအရှုပ်တော်ပုံတွေထဲက တခုကြောင့် ယခင်ကုမ္ပဏီအကြီးအကဲဖြစ်သူ ဒန်းနစ်မူလန်ဘာ့ ရာထူးကနေ နှုတ်ထွက်ပြီးနောက် ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ဘိုးအင်းရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်လာသူဖြစ်ပါတယ်။

လက်ရှိမှာ အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်ခံမယ့်သူကို ဘိုးအင်းက စတင်ရှာဖွေနေပြီး ကုမ္ပဏီဟာ ဘဏ္ဍာရေးအကျပ်အတည်းနှင့်လည်း ရင်ဆိုင်နေရကာ ၂၀၂၃ ခုနှစ်မှာ အရှုံးပေါ်ခဲ့ပါတယ်။

Ref: BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW