ပြည်တွင်း ရွှေစျေး ၄၃ သိန်းကျော်ထိ မြင့်တက်လာ

ယနေ့ ရွှေဈေး (မတ် – ၂၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၃၂၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၁၂၀၀၀၀ ကျပ် ဝယ်ဈေး ၄၀၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မင်းလှမြို့နယ် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဌ ပစ်သတ်ခံရ

မတ် ၂၆-၂၀၂၄ TT (VOM) ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဌဖြစ်သူဟာ ဒီနေ့ မတ် ၂၆ ရက် ၊ ညနေ ၃ နာရီဝန်းကျင်က သူ့ရဲ့စျေးဆိုင်ခန်းမှာ ရှိနေစဥ် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ ” မင်းလှမြို့နယ် PPP ပါတီ ဥက္ကဌ ဦးမျိုးမြင့်အောင်ဆိုသူ ပစ်သတ်ခံရတာဖြစ်တယ် ၊ ချက်ချင်းသေဆုံးတာ မဟုတ်ဘူး ၊ ဆေးရုံရောက်မှ သေဆုံးတာ ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ မင်းလှမြို့ခံ နိုင်ငံရေး အသိုင်းအ ဝိုင်းက ” ပစ်သတ်ခံရတယ်ဆိုတဲ့ ဦးမျိုးမြင့်အောင် ဆိုသူဟာ ၂၀၂၀…

Read More

အမေရိကန် ဘော်လ်တီမိုးမြို့မှာ ကွန်တိန်နာသင်္ဘောတိုက်မိပြီး ဖရန့်စစ်စကော့ကီ တံတားကျိုးကျ

ဝါရှင်တန်၊ မတ်-၂၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့ရှိ တံတားတစင်းကို ကွန်တိန်နာသင်္ဘောတစင်းက ဝင်တိုက်ပြီးနောက် တံတားဟာ ကျိုးကျသွားကြောင်း အရေးပေါ်ဌာနက ဒီနေ့ မတ် ၂၆ ရက်မှာ ပြောပါတယ်။ တံတားပေါ်ကနေ မော်တော်ယာဉ်အများအပြားအပါအဝင် လူခုနှစ်ယောက်လည်း မြစ်ထဲပြုတ်ကျခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမတော်တဆမှုမှာ ဖရန့်စစ်စကော့ကီး တံတားမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ လက်ရှိမှာတော့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရပြီး ထိခိုက်သေဆုံး ဒဏ်ရာရသူအရေအတွက်ကို မသိရသေးပါဘူး။ တံတားဟာ သင်္ဘောနဲ့တိုက်ပြီးနောက် ရေထဲကို လုံးလုံးလျားလျား ကျိုးကျသွားတာကို လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။ သင်္ဘောစောင့်ကြည့်ရေး ဝက်ဘ်ဆိုက် MarineTraffic ရဲ့အချက်အလက်တွေအရ ဒါလီလို့ အမည်ရတဲ့ စင်ကာပူအလံတင် ကွန်တိန်နာသင်္ဘောတစင်းဟာ ဒီနေ့မနက်ပိုင်းက တံတားအောက်မှာ ရပ်တန့်သွားတာကို ပြသထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက…

Read More

မိုးမောက်မှာ ငါးရက်အတွင်း လက်နက်ကြီးကျပေါက်ကွဲလို့ အရပ်သားသုံးယောက်သေ၊ ခုနှစ်ယောက်ဒဏ်ရာရ

မိုးမောက် – မတ် – ၂၆- ၂၀၂၄ GG (VOM) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်၊ မင်းဂျမ်းရွာမှာ မတ်လ ၂၅ ရက်နေ့က လက်နက်ကြီးပေါက်ကွဲလို့ ရွာ ဒေသခံ တယောက် သေဆုံးပြီး ကလေး နှစ်ယောက်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က မနက်ပိုင်းလောက်ကဖြစ်တာပါ ၊ လက်နက်ကြီးရွာထဲကျလို့ ထွက်ပြေးကြတာမှာ မလွတ်ဘဲ ထိခိုက်မိတာပေါ့။ အိမ်ပေါ်ကို ကျတာပါ။ မိသားစုလိုက်ထိတာပေါ့။ အမျိုးသားက ဦးနှောက်ပွင့်ပြီးနေရာမှာပွဲချင်းပြီးဆုံးသွားတာ ၊ခုတော့ ရွာကအကုန်လုံးနီးပါး စစ်ရှောင်ကြပြီ၊ ” လို့ မိုးမောက်မြို့ခံ ပရဟိတသမားတယောက်ကပြောပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးသူက အသက် ၃၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက် ဆယ်နှစ်အောက် ယောကျ်ားလေး နဲ့ ဆယ်နှစ်ကျော်အရွယ် မိန်းကလေးတို့ ဖြစ်ပြီး ဒဏ်ရာရရှိမှုကစိုးရိမ်စရာတော့မရှိဘူးလို့ဆိုပါတယ်။ မတ်လ ၂၁…

Read More

ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာမသုံးခဲ့တာကြောင့် အမေရိကန်နဲ့ဆွေးနွေးပွဲ အစ္စရေးဖျက်သိမ်း

ဝါရှင်တန်၊ မတ်-၂၆-၂၀၂၄ မျိုးဆက်(VOM) ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာ သုံးပြီး ပယ်မချခဲ့တာကြောင့် အစ္စရေးက ဝါရှင်တန်မှာလုပ်မယ့် အမေရိကန်နဲ့ အစည်းအဝေးကို ဖျက်သိမ်းလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအပြင် ဓါးစာခံတွေပါလွတ်မြောက်ဖို့ တောင်းဆိုထားတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အောက်တိုဘာ ၇ ရက်မှာ ဂါဇာစစ်ပွဲစတင်ကတည်းက အလားတူဆုံးဖြတ်ချက်ချဖို့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပါဘူး။ အမေရိကန်ဟာ သူ့ရဲ့ ယခင်မူဝါဒတွေကို စွန့်လွှတ်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ပဋိပက္ခစတင်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ခေတ္တရပ်ဖို့ သို့မဟုတ် အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး သုံးကြိမ်တိုင် ပယ်ချခဲ့ဖူးပါတယ်။ နောက်ထပ်နှစ်ကြိမ်ကိုတော့ ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က ဓါးစာခံတွေကို လွှတ်မပေးဘဲ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးက လက်ခံဖို့…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၆-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- မတ်- ၂၆- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 160000/ 165000 ဂျုံ – ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/ 165000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ – ပန်ဆိုင်း(ကြူကုတ် – (60 ပိဿာ)- 155000/ 160000/ ဂျုံ…

Read More

တပ်မတော်နေ့အခမ်းအနား ညနေပိုင်းကျင်းပတာ ၁၅ ကြိမ်မြောက်ဖြစ်

မတ် ၂၆ – ၂၀၂၄ SN (VOM) ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ညနေပိုင်းမှာ ပြောင်းလဲကျင်းပမယ်လို့ နစက က မနေ့ မတ်လ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကတဆင့် အသိပေး ကြေညာခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ လက်ရှိမှာ လူထုအကြား ဝေဖန် မှတ်ချက်ပေးမှုတွေ အမျိုးအမျိုး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဟိုးအရင်နှစ်တွေကလည်း ညနေပိုင်းအချိန်တွေမှာ အကြိမ်ကြိမ် ကျင်းပခဲ့ဖူးတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အငြိမ်းစား စစ်မှုထမ်းတယောက်က “ကျွန်တော် မှတ်မိသလောက်က ကျွန်တော်တို့ငယ်ငယ်က တပ်မတော်နေ့ကို သွားဖူးတယ်။ အဲ့ဒီ့အချိန်တုန်းကတော့ ‘တော်လှန်ရေးနေ့’ ဆိုပြီးလုပ်တာ။ တော်လှန်ရေးနေ့ဆိုပြီး ညပိုင်းလုပ်တယ်၊ မီးတုတ်ကြီးတွေနဲ့…

Read More

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စတွေအပေါ် စုံစမ်းမေးမြန်းခြင်းနဲ့ သတင်းပို့ခြင်း ပြုလုပ်နိုင်တဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်များ

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စတွေအပေါ် စုံစမ်းမေးမြန်းခြင်းနဲ့ သတင်းပို့ခြင်း ပြုလုပ်နိုင်တဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်များ

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၆ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၄၀ ကျပ် ဝယ်ဈေး – ၃၆၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၆၀ ကျပ် ဝယ်ဈေး – ၂၇၁၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၆၆ ကျပ် ဝယ်ဈေး – ၄၀၈၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၁၇ ကျပ် ဝယ်ဈေး – ၁၀၂.၀၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၉၆ ကျပ် ဝယ်ဈေး – ၇၈၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၅ ကျပ် ဝယ်ဈေး – ၅၀၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၂၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၀၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW