ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာမသုံးခဲ့တာကြောင့် အမေရိကန်နဲ့ဆွေးနွေးပွဲ အစ္စရေးဖျက်သိမ်း

ဝါရှင်တန်၊ မတ်-၂၆-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာ သုံးပြီး ပယ်မချခဲ့တာကြောင့် အစ္စရေးက ဝါရှင်တန်မှာလုပ်မယ့် အမေရိကန်နဲ့ အစည်းအဝေးကို ဖျက်သိမ်းလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေးအပြင် ဓါးစာခံတွေပါလွတ်မြောက်ဖို့ တောင်းဆိုထားတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အောက်တိုဘာ ၇ ရက်မှာ ဂါဇာစစ်ပွဲစတင်ကတည်းက အလားတူဆုံးဖြတ်ချက်ချဖို့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပါဘူး။

အမေရိကန်ဟာ သူ့ရဲ့ ယခင်မူဝါဒတွေကို စွန့်လွှတ်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ပဋိပက္ခစတင်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ခေတ္တရပ်ဖို့ သို့မဟုတ် အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး သုံးကြိမ်တိုင် ပယ်ချခဲ့ဖူးပါတယ်။

နောက်ထပ်နှစ်ကြိမ်ကိုတော့ ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က ဓါးစာခံတွေကို လွှတ်မပေးဘဲ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးက လက်ခံဖို့ နိုင်ငံတကာက ဖိအားပေးတယ်လို့ ယူဆပြီး စစ်ပွဲအတွက် ကြိုးပမ်းမှုနဲ့ ဓါးစာခံတွေလွတ်မြောက်ရေးကို ထိခိုက်စေတယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဟားမတ်စ်တို့ဟာ ဂါဇာမှာ အစ္စရေးဓါးစာခံ ၁၃၀ ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း အစ္စရေးက ယုံကြည်ထားပြီး ဓါးစာခံ ၃၃ ယောက်သေဆုံးခဲ့ဖွယ်ရှိကြောင်း သိရသည်။

Ref:BBC
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW