မိုးမောက်မှာ ငါးရက်အတွင်း လက်နက်ကြီးကျပေါက်ကွဲလို့ အရပ်သားသုံးယောက်သေ၊ ခုနှစ်ယောက်ဒဏ်ရာရ

မိုးမောက် – မတ် – ၂၆- ၂၀၂၄
GG (VOM)
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်၊ မင်းဂျမ်းရွာမှာ မတ်လ ၂၅ ရက်နေ့က လက်နက်ကြီးပေါက်ကွဲလို့ ရွာ ဒေသခံ တယောက် သေဆုံးပြီး ကလေး နှစ်ယောက်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
” မနေ့က မနက်ပိုင်းလောက်ကဖြစ်တာပါ ၊ လက်နက်ကြီးရွာထဲကျလို့ ထွက်ပြေးကြတာမှာ မလွတ်ဘဲ ထိခိုက်မိတာပေါ့။ အိမ်ပေါ်ကို ကျတာပါ။ မိသားစုလိုက်ထိတာပေါ့။ အမျိုးသားက ဦးနှောက်ပွင့်ပြီးနေရာမှာပွဲချင်းပြီးဆုံးသွားတာ ၊ခုတော့ ရွာကအကုန်လုံးနီးပါး စစ်ရှောင်ကြပြီ၊ ” လို့ မိုးမောက်မြို့ခံ ပရဟိတသမားတယောက်ကပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးသူက အသက် ၃၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက် ဆယ်နှစ်အောက် ယောကျ်ားလေး နဲ့ ဆယ်နှစ်ကျော်အရွယ် မိန်းကလေးတို့ ဖြစ်ပြီး ဒဏ်ရာရရှိမှုကစိုးရိမ်စရာတော့မရှိဘူးလို့ဆိုပါတယ်။
မတ်လ ၂၁ ရက်နေ့ကလည်း မိုးမောက်မြို့နယ် ၊ ဟင်းသာရွာမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စစ်ရှောင်ရောက်နေတဲ့ အမျိူးသမီးနှစ်ယောက် သေဆုံးခဲ့တဲ့အပြင် ကလေးငယ်အပါ ငါးယောက် လည်းလက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အဆိုပါ သေဆုံးသူနဲ့ဒဏ်ရာရသူတွေဟာလည်း မင်းဂျမ်းရွာကနေ စစ်ရှောင်လာနေကြသူတွေဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် မိုးမောက်မြို့နယ်မှာ ငါးရက်အတွက် ရွာထဲလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အရပ်သားသေဆုံးမှုအနေနဲ့ သုံးယောက် အထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူက ခုနှစ်ယောက် အထိရှိထားပါတယ်။
လက်ရှိ မိုးမောက်မြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာ စစ်ရှောင် နေရသူ ဒေသခံပြည်သူ ထောင်နဲ့ချီရှိနေပြီဖြစ်ပါတယ်။
ကချင်ပြည်နယ်ထဲက ဝိုင်းမော်၊ ဖားကန့် ၊ မြစ်ကြီးနား ၊ဗန်းမော်၊လိုင်ဇာ စတဲ့မြို့နယ်တွေမှာလည်း KIO ၊ KIA နဲ့ နစက တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW