အမေရိကန် ဘော်လ်တီမိုးမြို့မှာ ကွန်တိန်နာသင်္ဘောတိုက်မိပြီး ဖရန့်စစ်စကော့ကီ တံတားကျိုးကျ

ဝါရှင်တန်၊ မတ်-၂၆-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့ရှိ တံတားတစင်းကို ကွန်တိန်နာသင်္ဘောတစင်းက ဝင်တိုက်ပြီးနောက် တံတားဟာ ကျိုးကျသွားကြောင်း အရေးပေါ်ဌာနက ဒီနေ့ မတ် ၂၆ ရက်မှာ ပြောပါတယ်။

တံတားပေါ်ကနေ မော်တော်ယာဉ်အများအပြားအပါအဝင် လူခုနှစ်ယောက်လည်း မြစ်ထဲပြုတ်ကျခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမတော်တဆမှုမှာ ဖရန့်စစ်စကော့ကီး တံတားမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

လက်ရှိမှာတော့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရပြီး ထိခိုက်သေဆုံး ဒဏ်ရာရသူအရေအတွက်ကို မသိရသေးပါဘူး။ တံတားဟာ သင်္ဘောနဲ့တိုက်ပြီးနောက် ရေထဲကို လုံးလုံးလျားလျား ကျိုးကျသွားတာကို လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။

သင်္ဘောစောင့်ကြည့်ရေး ဝက်ဘ်ဆိုက် MarineTraffic ရဲ့အချက်အလက်တွေအရ ဒါလီလို့ အမည်ရတဲ့ စင်ကာပူအလံတင် ကွန်တိန်နာသင်္ဘောတစင်းဟာ ဒီနေ့မနက်ပိုင်းက တံတားအောက်မှာ ရပ်တန့်သွားတာကို ပြသထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပြီး ပါတက်စကိုမြစ်ပေါ် လမ်းကြောင်းတွေကို ရှောင်ရှားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Ref:BBC/CNA
Photo: StreamTime Live

Related posts

Leave a Comment

VOM News

FREE
VIEW