လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုထောက်ပံ့ဖို့ နေတိုးအဖွဲ့ကို ယူကရိန်းတောင်းဆို

ဘရပ်ဆဲလ်၊ ဧပြီ-၅-၂၀၂၄
မျိုးဆက်(VOM)

နေတိုးမဟာမိတ်တွေအနေနဲ့ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထပ်မံထောက်ပံ့ပေးဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက တောင်းဆိုလိုက်ပါတယ်။

ကူလီဘာနဲ့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့နေ့က ဘရပ်ဆဲလ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယူကရိန်းပြည်သူတွေရဲ့အသက် ၊ ယူကရိန်းစီးပွားရေးနဲ့ ယူကရိန်းမြို့တွေကို ကာကွယ်ကယ်တင်ဖို့အတွက် ပက်ထရီးယော့နဲ့ အခြားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ရရှိမှုအပေါ် မူတည်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ယူကရိန်းရဲ့စစ်ရေးကို ၉၉ ရာခိုင်နှုန်းပံ့ပိုးကူညီပေးနေ
ပြီး အရေးပေါ်အခြေအနေကို နားလည်ကြောင်းနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးဖို့ နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတင်ဘာ့ဂ်က ပြောပါတယ်။

ဒါပေမယ့်လည်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဇီဂျာတိုကတော့ ဟန်ဂေရီအနေနဲ့ စစ်ပွဲကို အရှိန်မြှင့်စေမယ့် ဘယ်လိုအဆိုပြုချက်ကိုမဆို ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

ရုရှားခေါင်းဆောင်တွေကတော့ နေတိုးအဖွဲ့နဲ့ ရုရှားဆက်ဆံရေးဟာ ထိပ်တိုက် တိုက်ရိုက်ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပြီး မဟာမိတ်အဖွဲ့ဟာ ရုရှားနယ်စပ်တွေမှာ စစ်ရေးအခြေခံအဆောက်အအုံတွေ တိုးချဲ့နေတယ်လို့ စွပ်စွဲထားပါတယ်။

ရုရှားရဲ့ အာရှမဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ဆက်လက်လုပ်ဆောင်ရန် ကူညီပေးနေကြကြောင်း နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က သတိပေးပြောဆိုထားသည်။

Ref:NHK
Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW