ရခိုင်ပြည်နယ်အရေး အပြုသဘောဆောင်တဲ့ကဏ္ဍမှ ဆက်လက်ပါဝယ်မယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်ကတိပြု

ပေကျင်း ၊ ဧပြီ-၅-၂၀၂၄ မျိုးဆက်(VOM) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေ အမြန်ဆုံး တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ တရုတ်နိုင်ငံက ကတိပြုပြောဆိုလိုက်ပါတယ်။ ဧပြီ ၄ ရက်ကပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ရခိုင်ပြည်နယ်အရေးမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ “ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေပြီး ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် နည်းလမ်းများစွာနဲ့ ကြိုးပမ်းနေတယ်လို့ ” Geng Shuang ကပြောပါတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ပဋိပက္ခသည် ပဋိပက္ခကို ပြေလည်အောင် ညှိနှိုှုင်းရန်နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒါဟာ ပဋိပက္ခတွေ ဖြေရှင်းရေးမှာ တရုတ်နိုင်ငံရဲ့ တက်ကြွတဲ့ချဉ်းကပ်မှုကို ပြသတာလို့…

Read More

လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုထောက်ပံ့ဖို့ နေတိုးအဖွဲ့ကို ယူကရိန်းတောင်းဆို

ဘရပ်ဆဲလ်၊ ဧပြီ-၅-၂၀၂၄ မျိုးဆက်(VOM) နေတိုးမဟာမိတ်တွေအနေနဲ့ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထပ်မံထောက်ပံ့ပေးဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက တောင်းဆိုလိုက်ပါတယ်။ ကူလီဘာနဲ့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့နေ့က ဘရပ်ဆဲလ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယူကရိန်းပြည်သူတွေရဲ့အသက် ၊ ယူကရိန်းစီးပွားရေးနဲ့ ယူကရိန်းမြို့တွေကို ကာကွယ်ကယ်တင်ဖို့အတွက် ပက်ထရီးယော့နဲ့ အခြားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ရရှိမှုအပေါ် မူတည်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ယူကရိန်းရဲ့စစ်ရေးကို ၉၉ ရာခိုင်နှုန်းပံ့ပိုးကူညီပေးနေ ပြီး အရေးပေါ်အခြေအနေကို နားလည်ကြောင်းနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးဖို့ နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတင်ဘာ့ဂ်က ပြောပါတယ်။ ဒါပေမယ့်လည်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဇီဂျာတိုကတော့ ဟန်ဂေရီအနေနဲ့ စစ်ပွဲကို အရှိန်မြှင့်စေမယ့် ဘယ်လိုအဆိုပြုချက်ကိုမဆို ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။ ရုရှားခေါင်းဆောင်တွေကတော့ နေတိုးအဖွဲ့နဲ့ ရုရှားဆက်ဆံရေးဟာ ထိပ်တိုက် တိုက်ရိုက်ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပြီး မဟာမိတ်အဖွဲ့ဟာ ရုရှားနယ်စပ်တွေမှာ စစ်ရေးအခြေခံအဆောက်အအုံတွေ…

Read More

စမတ်ကဒ် ရှိမှသာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ထုတ်ပေးတော့မယ်

ဧပြီ ၅၊ ၂၀၂၄ Shy V (VOM) စမတ်ကဒ် UID (Unique Identity Number) လက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမှာဖြစ်ကြောင်း ဧပြီ ၄ ရက်နေ့မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနက ပြည်သူတွေကို အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်ဝင်/ထွက်ဂိတ် ကနေမှ ဝင်/ထွက်ခွင့်ပြုရာမှာ နယ်စပ် အဝင်/ အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုတွေနဲ့ အသုံးမပြုတဲ့ကတ် တွေကို အသုံးပြု သွားလာတာ‌တွေကို ထိန်းချုပ်နိုင်ဖို့ UID လက်မှတ်ပါမှသာ TBP, BP လက်မှတ်တွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “မြို့နယ်ရုံးမှာ လျှောက်လို့ ရတယ်။ မြို့နယ်ရုံးက ဆက်တိုက် လုပ်ပေးနေတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၅ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၅၀ ကျပ် ဝယ်ဈေး – ၃၇၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၉၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၁၀ ကျပ် ဝယ်ဈေး – ၄၁၂၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၂၆ ကျပ် ဝယ်ဈေး – ၁၀၃.၀၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၀ ကျပ် ဝယ်ဈေး – ၅၁၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၉၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလမ်းကြောင်းနှစ်ခု အစ္စရေး ဖွင့်ပေးမယ်

တဲလ်အဗစ်၊ ဧပြီ-၅-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလမ်းကြောင်းနှစ်ခု ဖွင့်ပေးဖို့ အစ္စရေးက အတည်ပြုလိုက်ပြီး ဂါဇာဒေသကို အကူအညီတွေ ပိုမိုခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။ ဂါဇာဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကူအညီပေးရေးလုပ်သား ခုနှစ်ယောက် သေဆုံးပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ တယ်လီဖုန်းဆက်သွယ်ပြောဆိုပြီးနောက် နာရီပိုင်းအကြာတွင် အကူအညီပေးရေးလမ်းကြောင်းတွေပေးမယ့် သဘောတူချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ စစ်ပွဲစတင်ပြီးနောက်ပိုင်း ဂါဇာမြောက်ပိုင်း အီရဇ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အက်ရှ်ဒေါ့ဆိပ်ကမ်းကိုလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ဂျော်ဒန်ကပေးပို့တဲ့ နောက်ထပ်အကူအညီတွေကိုတော့ ကီရမ်ရှလွန် ဂိတ်ကဆင့် ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ အမေရိကန်ရဲ့ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းလိုပါကဂါဇာဒေသမှာ အရပ်သားသေဆုံးမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တားဆီးဖို့ လုပ်ဆောင်ရမယ်လို့ ဂျိုးဘိုင်ဒင်က အစ္စရေးကို သတိပေးထားပါတယ်။ စစ်ပွဲစတင်ပြီးနောက်ပိုင်း ဂါဇာမှာ လူပေါင်း သုံးသောင်းကျော်သေဆုံးခဲ့ပြီး ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည်…

Read More

This Day in History

Voice of Myanmar ဒုတိယကမ္ဘာစစ် အကျပ်အတည်းကို ဖြတ်ကျော်ရန် ဗြိတိန်နှင့်မဟာမိတ်များကို ဦးဆောင်လမ်းညွှန်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ်ဝင်စတန်ချာချီသည် အသက်၈၀အရွယ် ၁၉၅၅ခုနှစ် ဧပြီ၅ရက်တွင် ရာထူးမှအနားယူခဲ့သည်။

Read More

ရခိုင်စစ်ဘေးရှောင်တွေ အိမ်မပြန်နိုင်သေး၊ ကုန်စျေးနှုန်းကလည်း အဆမတန်မြင့်တက်

ဧပြီ ၅ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်အတွင်း မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးအနေအထားအရ စစ်ဘေးေရှာင် ဒုက္ခသည်တွေ မိမိနေရပ်ကို မပြန်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဟာ လက်ရှိမှာ အချိန်ကာလအားဖြင့် လေးလကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒီ့လို တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အနက် မြို့နယ်ပေါင်း ရှစ်မြို့နယ်ထက်မနည်းတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ သုံးသိန်းကျော်အထိ ရှိလာနေပြီး လတ်တလော လုံခြုံရေး အခြေအနေတွေအရ နေရပ်မပြန်နိုင်ကြ‌သေးဘူးလို့ သိရပါတယ်။ “ဒုက္ခတွေကတော့ အများကြီးပဲ။ ကူညီပေးမယ့်…

Read More

ဘီယာဗိုက် သီချင်းဆိုသူနဲ့ ပါဝင်သူအားလုံး အမှုဖွင့်အရေးယူခံရ

ရန်ကုန် ၊ ဧပြီ ၄ – ၂၀၂၄ GG(VOM) မြန်မာ့ယဥ်ကျေးမှုနဲ့ဆန့်ကျင်ပြီး သရုပ်ပျက်စွာရိုက်ကူးသီဆိုထားတယ်ဆိုပြီး ” ဘီယာဗိုက် ” အမည်ရှိ တေးသီချင်းသီဆိုတဲ့ အဆိုတော်မေသူနဲ့အတူ ပါဝင်သရုပ်ဆောင်သူအားလုံးကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဘီယာဗိုက်သီချင်းက မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့ ပြောဆိုမှု၊ ရိုက်ကူးထုတ်လွှင့်မှု၊သရုပ်ဆောင်မှုတွေပါဝင်တာကြောင့် သီဆိုသူအပါအဝင် တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဟာသသရုပ်ဆောင် အိုကေအပါအဝင် အားလုံးကို အမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ဘီယာဗိုက် သီချင်းမှာက ဘယ်လိုပြောရမလဲ ကြည့်ရမြင်ရတာ သိပ်အဆင်မပြေဘူးပေါ့။ သရုပ်ဆောင်တာတွေက အမြင်မတင့်တယ်ဘူး။ကုတင်ပေါ်မှာ အန်တဲ့အခန်းဆို ရိုက်ကွင်းက အမြင်မှားစရာဖြစ်နေတယ်။ တခြားအခန်းတွေလည်းပါသေးတယ်။ဆိုတော့ ပြန်ကြားရေးဘက်က သရုပ်ပျက်တွေကိုအရေးယူမယ်လို့သတိပေးအပြီးမှာ ဒါကပထမဆုံးအရေးယူခံရတာပေါ့ ” လို့ ရုပ်ရှင်အစည်းရုံး အဖွဲ့ဝင် ဝါရင့်သရုပ်ဆောင်တဦးက မှတ်ချက်ပြုပါတယ်။ ဘီယာဗိုက် ” သီချင်းကိုတော့…

Read More

မန္တလေး ကုန်စည်ဒိုင် ၄- ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- မတ်- ၄- ၄-၂၀၂၄ (VoiceOfMyanmar) ဂျုံစေ့စျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 150000/ ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 150000/ ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 150000 ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000 ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 140000 ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000 ဂျုံ (AUS) – ၁ ပိဿာ…

Read More
VOM News

FREE
VIEW