ဘန်ကောက်၊ ဧပြီ-၇-၂၀၂၄
မျိုးဆက်(VOM)
ထိုင်းနိုင်ငံ ကန်ချနာပူရီခရိုင်မှာ သီးခြားဖြစ်စဉ်နှစ်ခုအတွင်း တရားမဝင်မြန်မာလုပ်သား ၁၃၅ ယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ထိုင်းရဲတွေဟာ ကန်ချနာပူရီမှာရှိတဲ့ မြောင်ခရိုင်ဘက်ကို ဦးတည်နေတဲ့ ထရပ်ကားတစင်းကို ရှာဖွေစစ်ဆေးခဲ့ရာမှာ ယာဉ်နောက်မှာ ပုန်းအောင်းလိုက်ပါလာတဲ့ အမျိုးသမီး ၁၀ ယောက်အပါအဝင် တရားမဝင် မြန်မာလုပ်သား ၅၈ ယောက်ကို တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။
အခြားဖြစ်စဉ်တခုမှာတော့ ပြီးခဲ့တဲ့နေ့ နေ့လယ်ပိုင်းမှာ သောင်ဖဖမ်ခရိုင်ရှိ တောထဲမှာ တရားမဝင်အလုပ်သမားတွေ ပုန်းအောင်းနေကြောင်း သတင်းအရ ရဲတွေ သွားရောက်ရှာဖွေရာမှာ ကလေးငယ်လေးယောက်အပါအဝင် မြန်မာနိုင်ငံသား ၇၇ ယောက်ကို ဖမ်းမိခဲ့ပါတယ်။
သူတို့ဟာ ဘန်ကောက်အပါအဝင် အခြားပြည်နယ်တွေရှိ လုပ်ငန်းခွင်တွေကို သွားရောက်နိုင်ဖို့ ပွဲစားတယောက်ကို စောင့်ဆိုင်းနေကြတာလို့ ထွက်ဆိုကြောင်း ထိုင်းရဲတွေက ပြောပါတယ်။
သူတို့ဟာ အလုပ်ရဖို့အတွက် တယောက်ကို ဘတ်နှစ်သောင်း ပွဲစားကို ပေးရတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့ တရားမဝင်မြန်မာလုပ်သားတွေကို ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရဖွယ်ရှိနေပါတယ်။
Ref: Bangkok Post
Photo: Bangkok Post