ယနေ့ ရွှေဈေး (ဧပြီ – ၇ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြန်မာပြည်အလယ်ပိုင်းက တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်း နှစ်ဘက်ထိခိုက် သေဆုံးသူများလာ

ဧပြီ ၊ ၇ ၊ ၂၀၂၄ SP (VOM) မြန်မာပြည်အလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်တွေမှာ ဒီရက်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ အဖြစ်များလာပြီး နှစ်ဘက် ထိခိုက်သေဆုံးသူတွေ များလာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ” မန္တလေးတိုင်း တောင်ပိုင်းက မြင်းခြံခရိုင်နဲ့ မိတ္ထီလာခရိုင်ဘက်တွေမှာဖြစ်တယ် ၊ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ဘက်တွေမှာဖြစ်တယ် ၊ အဲ့ဒီအပြင် စစ်ကိုင်းတိုင်း မုံရွာခရိုင်နဲ့ ရွှေဘိုခရိုင်ဘက်တွေမှာလည်း အဖြစ်များပြီး သေဆုံးသူတွေ များလာတယ် ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ စပြီး ဒီကနေ့ ၇ ရက်အထိ နှစ်ဘက်သေဆုံးသူ လူ ၂၀ ထက်မနည်းရှိတယ် ” လို့ နိုငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။ မနေ့ ဧပြီ ၆ ရက် ၊…

Read More

မန္တလေး ကုန်စည်ဒိုင် ၇- ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- မတ်- ၇- ၄-၂၀၂၄ (VoiceOfMyanmar) ဂျုံစေ့စျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 150000/ ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 150000/ ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 150000 ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000 ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 140000 ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000 ဂျုံ (AUS) – ၁ ပိဿာ…

Read More

အပူဒဏ်ကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ်သူတွေ ရှိလာ

ဧပြီ ၇ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံက ဒေသတချို့မှာ အခု ဧပြီလဆန်းပိုင်းကစလို့ အပူချိန်တွေ ပိုမို မြင့်တက်လာတာကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ် မေ့မျောသူတွေ ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ နေ့အပူချိန်တွေ မြင့်တက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က မန္တလေးမြို့၊ ၂၆×၉၂ လမ်းရှိ သင်္ဂဇာချောင်း အရှေ့ဘက်လမ်းမှာ အသက် ၈၀ ဝန်းကျင်ခန့် အမျိုးသားကြီးတယောက် ရုတ်တရက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ နိဗ္ဗာန်သုခအသင်း (မန္တလေး) မှ သိရပါတယ်။ “ချောင်းဘေးမှာ အပေါ့သွားနေတုန်း ရုတ်တရက် ချောင်းထဲ ခေါင်းထိုးစိုက်ကျပြီး သေဆုံးခဲ့တာပါ။ ရာသီဥတု အပူချိန်လွန်ကဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သက်ကြီးရွယ်အို ကလေးငယ်တွေအတွက် အထူးဂရုစိုက်ပေးကြပါ” လို့ အဲဒီအသင်းက ပြောကြားထားပါတယ်။ ဧပြီ ၃ ရက်ကလည်း ရန်ကုန်မြို့၊…

Read More

သင်္ဃန်းညီနောင်တိုက်ပွဲမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အပါအဝင် နစကတပ်ဖွဲ့နဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချတယ်လို့ KNU ထုတ်ပြန်

ဧပြီ ၇ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တာမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အပါအဝင် နစကတပ်ဖွဲ့နဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့ ဧပြီလ ၆ ရက်၊ ညနေပိုင်းမှာ သတင်း ထုတ်ပြန်ထားပါတယ်။ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို ဧပြီလ ၅ ရက်၊ နေ့လယ် ၁ နာရီမှာ သိမ်းပိုက်ခဲ့ပြီးနောက် နစက အရာရှိ အဆင့် ၆၇ ယောက်၊ တခြားနဲ့ တပ်သားအဆင့် ၄၁၀ ယောက်၊ ရဲမေ ၅၉ ယောက်၊ တပ်မိသားစု၀င် ၈၁ ယောက်…

Read More

ထိုင်းနိုင်ငံ ကန်ချနာပူရီမှာ မြန်မာ ၁၃၀ ကျော်ကို ထိုင်းရဲတွေ ဖမ်းဆီး

ဘန်ကောက်၊ ဧပြီ-၇-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ကန်ချနာပူရီခရိုင်မှာ သီးခြားဖြစ်စဉ်နှစ်ခုအတွင်း တရားမဝင်မြန်မာလုပ်သား ၁၃၅ ယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ထိုင်းရဲတွေဟာ ကန်ချနာပူရီမှာရှိတဲ့ မြောင်ခရိုင်ဘက်ကို ဦးတည်နေတဲ့ ထရပ်ကားတစင်းကို ရှာဖွေစစ်ဆေးခဲ့ရာမှာ ယာဉ်နောက်မှာ ပုန်းအောင်းလိုက်ပါလာတဲ့ အမျိုးသမီး ၁၀ ယောက်အပါအဝင် တရားမဝင် မြန်မာလုပ်သား ၅၈ ယောက်ကို တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ အခြားဖြစ်စဉ်တခုမှာတော့ ပြီးခဲ့တဲ့နေ့ နေ့လယ်ပိုင်းမှာ သောင်ဖဖမ်ခရိုင်ရှိ တောထဲမှာ တရားမဝင်အလုပ်သမားတွေ ပုန်းအောင်းနေကြောင်း သတင်းအရ ရဲတွေ သွားရောက်ရှာဖွေရာမှာ ကလေးငယ်လေးယောက်အပါအဝင် မြန်မာနိုင်ငံသား ၇၇ ယောက်ကို ဖမ်းမိခဲ့ပါတယ်။ သူတို့ဟာ ဘန်ကောက်အပါအဝင် အခြားပြည်နယ်တွေရှိ လုပ်ငန်းခွင်တွေကို သွားရောက်နိုင်ဖို့ ပွဲစားတယောက်ကို စောင့်ဆိုင်းနေကြတာလို့ ထွက်ဆိုကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ သူတို့ဟာ အလုပ်ရဖို့အတွက် တယောက်ကို ဘတ်နှစ်သောင်း ပွဲစားကို ပေးရတယ်လို့…

Read More

ရုရှားအနောက်တောင်ပိုင်းမှာ ဆည်ကျိုးပေါက်မှု လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

မော်စကို၊ ဧပြီ-၇-၂၀၂၄ မျိုးဆက်(VOM) ရုရှားအနောက်တောင်ပိုင်း အော့စ်ခ်မြို့မှာ ဆည်ကျိုးပေါက်မှုကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အစောပိုင်းမှာ ရေခဲတွေအရည်ပျှော်ပြီး ယူရယ်မြစ်ရေမြင့်တက်လာတာကြောင့် အော်ရန်ဘာ့ဒေသတခုလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ ရေကြီးရေလျှံဧရိယာအတွင်း နေထိုင်သူ တသောင်းရှိပြီး အိမ်ခြေ ၄၀၀၀ ထိရေနစ်မြုပ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိ ဆည်ကျိုးပေါက်မှုကြောင့် လီနီစကီနဲ့ဆိုဗက်စကီးခရိုင်တွေက ဒေသခံတွေကို ယာယီခိုလှုံရာနေရာတွေမှာ ရွှေ့ပြောင်းပေထားရပါတယ်။ အော့စ်ခ် မြို့တော်ဝန်ကတော့ ရေးလွှမ်းတဲ့အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ပြောပါတယ်။ အော့စ်ခ်မြို့မှာတော့ လူဦးရေ နှစ်သိန်းသုံးသောင်းရှိပြီး ရေလွှမ်းမိုးမှုကို တားဆီးဖို့ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေလွှမ်းမိုးမှုဟာ အိမ်နီးချင်း ကာဇက်စတန်ရဲ့ အချို့အစိတ်အပိုင်းတွေမှာ မကြာသေးမီက ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရေကြီးမှုဟာ ကာဇက်စတန်မှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံးသော သဘာ၀ဘေးအန္တရာယ်ဖြစ်တယ်လို့ ကာဇက်စတန်သမ္မတ ကတ်ဆမ်ဂျိုမာ့တိုကာဗက်က ပြောပါတယ်။ Ref:AFP…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၇ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၄၀ ကျပ် ဝယ်ဈေး – ၃၇၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၈၈ ကျပ် ဝယ်ဈေး – ၄၁၀၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၇၁ ကျပ် ဝယ်ဈေး – ၁၀၂.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၈ ကျပ် ဝယ်ဈေး – ၅၀၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အစ္စရေးအစိုးရ ဆန့်ကျင်ရေး နဲ့ ဓါးစာခံတွေ လွတ်မြောက်ရေး လူသိန်းချီဆန္ဒပြ

တဲလ်အဗစ်၊ ဧပြီ-၇-၂၀၂၄ မျိုးဆက်(VOM) ဘန်ဂျမင်နေတန်ယာဟုရဲ့ အစ္စရေးအစိုးရကို ဆန့်ကျင်ရေးနဲ့ ဂါဇာမှာ အဖမ်းခံထားရဲ့ ဓါးစာခံတွေ ပြန်လည်ဠလွတ်မြောက်ရေး သဘောတူညီချက်တရပ် လုပ်ဆောင်ရန်အတွက် လူတသိန်းကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ တဲလ်အဗစ်နဲ့ အခြားမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေဟာ ဓါးစားခံတယောက်ရဲ့ အလောင်းကို အစ္စရေးစစ်တပ်က တွေ့ရှိပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အစ္စရေးနဲ့ပါလက်စတိုင်းတို့ဟာ ဂါဇာစစ်ပွဲ ခြောက်လပြည့် အထိမ်းအမှတ်ပြုလုပ်မှာဖြစ်ပါတယ်။ ဂါဇာမှာ အဖမ်းခံထားရတဲ့ ကျန်ရှိနေတဲ့ ဓါးစာခံခံ ၁၃၀ ကို အစ္စရေးအစိုးရက လွတ်မြောက်အောင် လုပ်မပေးနိုင်တဲ့အပေါ် စိတ်ပျက်မိကြောင်း ဓါးစာခံတွေရဲ့ မိသားစုတွေနဲ့ အစိုးရဆန့်ကျင်ရေးသမားတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစ္စရေးနိုင်ငံတဝန်းရှိ နေရာ ၅၀ မှာ စုဝေးခဲ့ကြပြီး ဝန်ကြီးချုပ် နေတန်ယာဟု နှုတ်ထွက်ရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ဒီအတောအတွင်း ဂါဇာစစ်ပွဲရပ်ရေးအတွက် ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံ ကိုင်ရိုမှာပြုလုပ်နေပါတယ်။ ဒီဆွေးနွေးပွဲမှာ အမေရိကန် စီအိုင်အေညွှန်ကြားရေးမှူး ဘီလ်ဘန်းစ်၊…

Read More
VOM News

FREE
VIEW