အစ္စရေးအစိုးရ ဆန့်ကျင်ရေး နဲ့ ဓါးစာခံတွေ လွတ်မြောက်ရေး လူသိန်းချီဆန္ဒပြ

တဲလ်အဗစ်၊ ဧပြီ-၇-၂၀၂၄
မျိုးဆက်(VOM)

ဘန်ဂျမင်နေတန်ယာဟုရဲ့ အစ္စရေးအစိုးရကို ဆန့်ကျင်ရေးနဲ့ ဂါဇာမှာ အဖမ်းခံထားရဲ့ ဓါးစာခံတွေ ပြန်လည်ဠလွတ်မြောက်ရေး သဘောတူညီချက်တရပ် လုပ်ဆောင်ရန်အတွက် လူတသိန်းကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တဲလ်အဗစ်နဲ့ အခြားမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေဟာ ဓါးစားခံတယောက်ရဲ့ အလောင်းကို အစ္စရေးစစ်တပ်က တွေ့ရှိပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အစ္စရေးနဲ့ပါလက်စတိုင်းတို့ဟာ ဂါဇာစစ်ပွဲ ခြောက်လပြည့် အထိမ်းအမှတ်ပြုလုပ်မှာဖြစ်ပါတယ်။

ဂါဇာမှာ အဖမ်းခံထားရတဲ့ ကျန်ရှိနေတဲ့ ဓါးစာခံခံ ၁၃၀ ကို အစ္စရေးအစိုးရက လွတ်မြောက်အောင် လုပ်မပေးနိုင်တဲ့အပေါ် စိတ်ပျက်မိကြောင်း ဓါးစာခံတွေရဲ့ မိသားစုတွေနဲ့ အစိုးရဆန့်ကျင်ရေးသမားတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အစ္စရေးနိုင်ငံတဝန်းရှိ နေရာ ၅၀ မှာ စုဝေးခဲ့ကြပြီး ဝန်ကြီးချုပ် နေတန်ယာဟု နှုတ်ထွက်ရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ဒီအတောအတွင်း ဂါဇာစစ်ပွဲရပ်ရေးအတွက် ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံ ကိုင်ရိုမှာပြုလုပ်နေပါတယ်။

ဒီဆွေးနွေးပွဲမှာ အမေရိကန် စီအိုင်အေညွှန်ကြားရေးမှူး ဘီလ်ဘန်းစ်၊ ကာတာဝန်ကြီးချုပ် အပြင် အီဂျစ်၊ အစ္စရေးနဲ့ ဟားမတ်စ် ညှိနှိုင်းရေးမှူးတွေပါဝင်တယ်လို့ သတင်းတွေက ဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW