လေးလအတွင်း ကုမ္ပဏီပေါင်း ၄၅၀၀ ဝန်းကျင် မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံရ

ရန်ကုန် ၊ ဧပြီ၂၄ – ၂၀၂၄GG (VOM)၂၀၂၄ ခုနှစ် လေးလအတွင်းမှာ ကုမ္ပဏီပေါင်း ၄၅၀၀ ဝန်းကျင်အထိ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနစာရင်းတွေအရ သိရပါတယ်။အဆိုပါ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြဖို့ ပျက်ကွက်ခဲ့တာကြောင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခြင်း (Struck Off) လုပ်ဆောင်ခံခဲ့ရတာဖြစ်ပါတယ်လို့သိရပါတယ်။” ကုမ္ပဏီထောင်ထားပြီး လုပ်ငန်းလည်း လည်ပတ်နေတယ်ဆိုရက် Annual ရီပို့စ်ကတော့ မတင်လို့မရဘူး။ အခွန်ရှင်းရမယ်။ ရီပို့စ်တင်ရမှာပဲ။ ကုမ္ပဏီတာဝန်နဲ့ ကုမ္ပဏီစည်းကမ်းနဲ့အညီ ဆောင်ရွက်ရမယ့်ဟာတွေ ရှိတယ်။ တကာ်လို့ကုမ္ပဏီမလည်ပတ်တော့လို့ ဖျက်ချင်လည်းဖျက်ဆိုပြီး ထားလို့ ပယ်ဖျက်ခံရတာမျိုးလည်းရှိနိုင်ပါတယ်။နိုင်ငံကပထမ ကိုဗစ်ကြောင့်ထိခိုက်တယ်၊အခုကျစစ်ဘေးကြောင့်ထိခိုက်တော့လုပ်ငန်းရှင်တွေလည်း အဆင်မပြေကြဘူး ၊ ပယ်ဖျက်ခံရပြီးရင်တော့ နောက်တခါဒီနာမည်နဲ့ထပ်ပြီးကုမ္ပဏီထောင်လို့မရတော့ဘူးပေါ့…

Read More

တနင်္သာရီတိုင်းက စစ်ရှောင် ငါးသောင်းကျော်အတွက် အရေး​ပေါ် အကူအညီများစွာ လိုအပ်နေ

ဧပြီ ၂၄ – ၂၀၂၄ SN (VOM) တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်ပြည်သူ ငါးသောင်းကျော်အတွက် အ​ရေး​​ပေါ် အကူအညီများစွာ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ကျေးရွာပေါင်း ၈၀ ဝန်းကျင်က ဒေသခံ စုစုပေါင်း ငါးသောင်းလေးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ “စစ်ရှောင်အရေအတွက်က အခု ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ပိုတိုးလာတယ်လို့ ပြောလို့ရတယ်။ အခြေခံကျတဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးအတွက် ဆေးဝါး၊ ပြုစုကုသမှုတွေ လိုတယ်။ နောက်လ မေလကုန်ဆိုရင် မိုးရာသီ‌လည်း ရောက်တော့မှာဆိုတော့ နေရာထိုင်ခင်း၊ အမိုးအကာ လုံခြုံမှုအတွက်လည်း အကူတွေ အများကြီး လိုတယ်” လို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ မြေပြင်တာဝန်ခံတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၂၁ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၂၅၀၀၀ ကျပ်ဝယ်ဈေး ၄၆၈၅၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၂၅၀၀၀ ကျပ်ဝယ်ဈေး ၄၄၈၅၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မူဆယ်မှာ ဖမ်းမိထားတဲ့ ပြန်ပေးဆွဲဂိုဏ်းဝင် ရှစ်ယောက် အသတ်ခံရ

ဧပြီ ၂၄၊ ၂၀၂၄Shy (VOM)ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းမိထားတဲ့ ပြန်ပေးဆွဲဂိုဏ်းက အဖွဲ့၀င်ရှစ်ယောက်ကို သတ်ပစ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။“ဟုတ်တယ်။ သတ်ပစ်ပစ်လိုက်ပြီ လို့ ကြားတယ်။ ကွတ်ခိုင်ကလည်း ပါတယ်လို့ ကြားနေတယ်။ ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ပြန်ထားတာတော့ မတွေ့ဘူး။ ကျောင်းသား လည်း တယောက်ပါနေတယ်” လို့ ကွတ်ခိုင်ဒေသခံ အမျိုးသား တ‌ယောက်က ပြောပါတယ်။အဲဒီ မူဆယ်မှာ ပြန်ပေးဆွဲမှု လုပ်နေတဲ့ အဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နဲ့ ၂၂ ရက်ကြားမှာ နစကတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့တွေက ဖမ်းမိထားတာ ဖြစ်ပြီး ဧပြီလ ၂၃ ရက်နေ့မှာ စစ်ဆေးပြီး ပစ်သတ်လိုက်တာ လို့ ယူဆရတယ်လို့ ဒေသခံတွေကဆိုပါတယ်။“အဲဒီ မုံးကိုးက တစ်ယောက်က ပြည်သူ့ စစ်မှာ…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၄ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး-၂၄- ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 120000/ 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ –…

Read More

သံတွဲမှာ AA နဲ့ နစကတပ် တိုက်ပွဲဖြစ်ပြီး အနီးနားကကျေးရွာတွေ ရွာလုံးကျွတ် စစ်ရှောင်နေရ

ရခိုင်၊ ဧပြီ ၂၄ – ၂၀၂၄GG (VOM)ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ကျေးရွာနားမှာ AA နဲ့ နစက တပ်တွေအကြားတိုက်ပွဲကြောင့် ဒေသခံတွေရွာလုံးကျွတ်စစ်ဘေးရှောင်နေရသလို့ ကားတစီးလည်းပစ်ခတ်ခံရပြီး အရပ်တယောက်သေဆုံးမှုရှိနေတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့် ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ကျေးရွာက ဒေသခံတွေဟာ နေအိမ်တွေကိုစွန့်ခွာကာ အနီးပတ်ဝန်းကျင်နဲ့သံတွဲမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်တာ်လို့သိရပါတယ်။” ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ရွာက သံတွဲနဲ့ဆို မိုင်၂၀လောက်ဝေးပေမယ့် တိုက်ပွဲဖြစ်နေတဲ့လက်နက်ကြီးသံပေါက်ကွဲသံ ၊လေယာဉ်တွေ အကုန်ကြားနေရတယ်။အဲ့ဘက်ကဒေသခံတွေလည်း စစ်ရှောင်နေရတယ်။သံတွဲမြို့ပေါ်လည်းရှိပေမယ့် စစ်ရှောင်စခန်းလိုဖွင့်ထားတာမရှိဘူး။သူတို့ဘာသာအဆင်ပြေသလို မိသားစုတွေဆီရှောင်ကြတဲ့ပုံမျိုးပဲ၊အခုမနက်ပိုင်းတော့ပစ်ခတ်သံသိပ်မကြားရဘူးငြိမ်နေတယ် ” လို့ သံတဲမို့ဒေသခံတယောက်ကပြောပြပါတယ်။အဆိုပါ ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ရွာမှာ ဧပြီလ ၂၂ ရက်နေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်လို့ဆိုပါတယ်။ဒါအပြင် တိုက်ပွဲဖြစ်ပွားနေစဉ် သံတွဲ- တောင်ကုတ်ကားလမ်း ရွှေလှေရွာ တံတားဦးဂိတ်နားမှာ ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းအမျိုးသားသေဆူံးကာ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။“ကားတစီးပစ်ခံရတယ်၊ဒရိုင်ဘာတယောက်သေတယ်ဆိုပဲသိရတယ်၊တိုက်ပွဲကြားဖြတ်လို့ပစ်ခံရတယ်၊ကားရပ်ခိုင်းတာရပ်မပေးလို့ပစ်တယ်ပြောပေမယ့် ဘယ်ကပစ်တယ်ဆိုတာ အတိအကျသတင်းမရထားဘူး။ ကားကတော့တိုက်ပွဲ ဖြစ်တဲ့ရွာနားကနေဖြတ်သွားတာပေါ့ ”…

Read More

မြဝတီမှာ ဘဏ်အချို့ပြန်ဖွင့်ပေမယ့် ချစ်ကြည်ရေးတံတား အမှတ်-၂ ပိတ်ထားဆဲဖြစ်ပြီး အမှတ်-၁ တံတားကိုလည်း အကန့်အသတ်နဲ့သာဖွင့်

မြဝတီ ၊ ဧပြီ ၂၄ – ၂၀၂၄ GG (VOM) မြဝတီမြို့ မှာ တိုက်ပွဲငြိမ်သွားတာဟာ ဒီနေ့ဧပြီလ ၂၄ ရက်အထိဆိုရင် လေးရက်ကြာရှိပြီဖြစ်ပေမယ့် အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်မဖွင့်သေးသလို အမှတ်၁ ချစ်ကြည်ရေးတံတားကနေပြီး မြဝတီမှမဲဆောက် ဝင်ရောက်ခွင့်လည်းကန့်သတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မြဝတီမှ မဲဆောက်ဝင်ခွင့်ကို တပတ်ကဒ်နဲ့သွားသူတွေကို ခုချိန်ထိ သွားလာခွင့်ပိတ်ထားတာဖြစ်သလို အမှတ်၂ချစ်ကြည်ရေးတံတားလည်းပိတ်ထားလို့ ထိုင်းမြန်မာ နယ်သပ်ကုန်သွယ်ရေး လည်ူရပ်တန့်နေဆဲ ဖြစ်ပါတယ်။ ” တံတား၂ကလည်းခုထိမဖွင့်သေးဘူး။တံတား၂ဘက်ကိုတော့သွားလို့ရနေပြီ၊ တံတား၁ကလည်း ၇ ရက်သက်တမ်းစာရွက်နဲ့ကိုမဲတောက်ဝင်ခွင့်မပေးသေးဘူး။စာအုပ်အနီသမားတွေပဲ ဝင်လို့ရနေတယ်။မြဝတီမှာတော့ တိုက်ပွဲမရှိတော့လို့ စစ်ရှောင်တွေလည်းပြန်လာကြတာများတယ်။ မြို့ကလဲပုံမှန်လိုသွားလာမှုရှိနေတယ်။ အရင်ကသွားမရတဲ့ မြေနီကုန်းဘက်လည်းသွားလာလို့ရလို့ ကားတွေသွားနေကြပြီ၊အဲ့ဒီလမ်းကခလရ၂၇၅ ရှိတဲ့ဘက်ပါ ” လို့ မြို့ခံ တယောက်ကလက်ရှိအခြေအနေကိုပြောပြပါတယ်။ ထိုင်း မြန်မာ နယ်စပ်ချစ်ကြည်ရေးတံတားတွေပိတ်ထားပေမယ့် မြဝတီမြို့မှာတော့ လက်ရှိမှာ မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ဘဏ်အချို့ပြန်လည်ဖွင့်လှစ်နေပြီး အစိုးရအုပ်ချုပ်ရေးယန္တရားလည်း…

Read More

တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမား တရားဝင်စေလွှတ်ဖို့ ဆွေးနွေး ညှိနှိုင်းနေ

ဧပြီ ၂၄ – ၂၀၂၄SN (VOM)အိမ်နီးချင်း တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမားတွေ တရားဝင် စေလွှတ်နိုင်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အေဂျင်စီအသိုင်းဝိုင်းဆီက သိရပါတယ်။လက်ရှိမှာ တရုတ်နိုင်ငံကို မူဆယ်မှတဆင့် ယာယီဖြတ်သန်းခွင့် လက်မှတ်တွေနဲ့ ရက်သတ္တပတ်ခန့် နေထိုင်ကာ သွားရောက် အလုပ် လုပ်ကိုင်နေကြတာဖြစ်ပြီး အခြေခံလစာ ကျပ်သိန်းဝန်းကျင် ရရှိနေကာ တရားဝင်လမ်းကြောင်းနဲ့ သွားရောက်တာ မရှိသေးဘူးလို့ သိရပါတယ်။“တရုတ်ဘက်ကတော့ အထည်ချုပ်စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေ တရားဝင် ခေါ်ယူချင်တယ်လို့ပြောတယ်။ ဆွေးနွေးတာကတော့ မတ်လကတည်းက ဆွေးနွေးနေတာပေါ့။ အလုပ် လုပ်ရမှာက တရုတ်ပြည်မကြီးထဲမှာတော့ မဟုတ်ဘူး။ ယူနန်ပြည်နယ်အောက်၊ တယ်ဟုန်ပြည်နယ်ထဲက စီးပွားရေးဇုန်မှာ လုပ်ရမှာ။ အဲဒီ့မာ စက်ရုံ၊ အလုပ်ရုံတွေ အများကြီး ရှိတယ်” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။မြန်မာအလုပ်သမားတွေ တရားဝင် စေလွှတ်နိုင်ဖို့အတွက် တရုတ်အစိုးရက Work Visa…

Read More

မိုးမောက်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ဆယ်ဇင်းက ခမရ – ၁၁၆ ကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်း

၂၄၊ ၂၀၂၄Shy V(VOM)ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ မနက် ၇ နာရီကျော်ခန့်ကစ စစ်တပ် နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံ တွေဆီက သိရပါတယ်။“မိုးမောက် ခါနန် နဲ့ ဝဝမ်ဘက် ချနေပြီ။ ဒီမနက်က စစ်တပ်ရှိတဲ့ဘက် ဟိုဘက်အဖွဲ့က ထုထည့်လိုက်လို့ စစ်တပ်ဘက်ရ လက်နက်ကြီးေတွထုနေတယ်။ စစ်သားတွေက မိုးမောက်မြို့မှာ ပြည့်နေပြီ။ ဘုရားကျောင်းတွေမှာရောပဲ။ မနေ့က မနေ့က မနက်တော့ စစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့ အဖွဲ့က မိုးမောက်မြို့ထိပ်က ဟိုဘက် အဖွဲ့တွေကို ပစ်တာ။ အဲကနေ တိုက်ပွဲ ပြင်းထန်လာတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ဒေသခံ တချို့တော့ အနေ့က နှစ်ဖက် တပ်ရဲ့ကြား စစ်ပမြပြင်မှာ ပိတ်မိနေခဲ့တယ်လို့ ဒေသခံ အမျိုးသမီး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၄ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၀၀ ကျပ်ဝယ်ဈေး – ၃၈၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၃၀ ကျပ်ဝယ်ဈေး – ၂၇၈၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၃၂ ကျပ်ဝယ်ဈေး – ၄၁၄၄ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၅.၈၂ ကျပ်ဝယ်ဈေး – ၁၀၃.၆၂ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၀၉ ကျပ်ဝယ်ဈေး – ၇၉၉ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၄ ကျပ်ဝယ်ဈေး – ၅၁၄ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၁၈ ကျပ်ဝယ်ဈေး – ၂၄.၆၆ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၇၈ ကျပ်ဝယ်ဈေး – ၄၅.၈၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၃ ကျပ်ဝယ်ဈေး – ၂.၇၇ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၈၄ ကျပ်ဝယ်ဈေး…

Read More
VOM News

FREE
VIEW