မန္တလေး ကုန်စည်ဒိုင် ၂၂ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး-၂၂- ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုး စျေးနှုန်းဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 150000/ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 150000/ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 150000ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ – 1300/ကုလားပဲလုံး စျေးနှုန်းV2 – ၅၇.၂၅…

Read More

တရုတ် နယ်စပ်ဘက် စာအုပ်အနီ သက်တမ်းကုန်နေသူတွေ ၊တပတ်ကဒ်နဲ့ နေထိုင်သူတွေ နေ့စဉ်အဖမ်းခံနေရ

ဧပြီ ၂၂၊ ၂၀၂၄ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်နဲ့ ထိစပ်နေတဲ့ တရုတ် နယ်စပ်ဘက် စာအုပ်အနီ သက်တမ်းကုန်နေသူတွေ၊ တပတ်ကဒ် နဲ့ နေထိုင် နေသူတွေ နေ့တိုင်း အဖမ်းခံရနေရလို့ အခက်ကြုံနေကြရတယ်လို့ မြန်မာ လုပ်ငန်းရှင်တွေနဲ့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။ “အခု အရမ်းဖမ်း‌နေတယ် တရုတ်ဘက်။ တချို့ ရွှေလီထဲ လုပ်ငန်းရှိတဲ့ သူတွေက ဆိုင်တွေရှိနေတော့ ချက်ချင်း ပြန်ဖို့ အဆင်မပြေဘူး။ နှစ်ကြာ နေထိုင်ပြီး ကိုယ်ပိုင် အလုပ်လုပ်နေတဲ့ သူတွေကို တစ်နှစ်လောက် အချိန်ပေးဖို့တော့ ဝိုင်းပြောနေတယ်။ ကျွန်မတို့တောင် စာအုပ်အနီ သက်တမ်း ကုန်နေရင်လည်း လုပ်လို့ ရတဲ့ အထောက်အထားတွေ လုပ်ထားဖို့ ဒီနေ့ သွားနေပြီ” လို့ ကျောက်စိမ်း အရောင်းဆိုင်ဖွင့်ထားတဲ့ မြန်မာ နိုင်ငံသား လုပ်ငန်းရှင် တစ်‌ယောက်က ပြောပါတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၂ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၁၀ ကျပ်ဝယ်ဈေး – ၂၇၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၁၈၈ ကျပ်ဝယ်ဈေး – ၄၁၀၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၄.၇၁ ကျပ်ဝယ်ဈေး – ၁၀၂.၅၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၅၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၂ ကျပ်ဝယ်ဈေး – ၅၁၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၄.၉၃ ကျပ်ဝယ်ဈေး – ၂၄.၄၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၃၃ ကျပ်ဝယ်ဈေး – ၄၅.၃၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၀ ကျပ်ဝယ်ဈေး – ၂.၇၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၅၉ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၈၂ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၈၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၄၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၈၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၄၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

သီရိလင်္ကာစစ်တပ်က ပြုလုပ်တဲ့ ကားမောင်းပြိုင်ပွဲ ပြေးလမ်းချော်ဝင်တိုက်မှုကြောင့် လူခုနှစ်ယောက်သေဆုံး

ကိုလံဘို၊ ဧပြီ-၂၂-၂၀၂၄မျိုးဆက်(VOM)သီရိလင်္ကာနိုင်ငံ ကားမောင်းပြိုင်ပွဲတခုမှာ ကားတစီးလမ်းချော်မှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ဧပြီ ၂၁ ရက်က ဒိုင်ယာတာလာဝါမြို့မှပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲအတွင်း ဒီမတော်တဆမှုကြောင့် လူ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲကို သီရိလင်္ကာစစ်တပ်က စီစဉ်ကျင်းပတာဖြစ်ပြီး ၂၈ ကြိမ်မြောက်ဖြစ်ပါတယ်။အခင်းဖြစ်တဲ့အချိန်မှာ ပရိတ်သတ် တသိန်းကျော် ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တယောက်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူလေးယောက်နဲ့ ပရိတ်သတ်တွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။သူတို့ထဲက နှစ်ယောက်ဟာ ဒဏ်ရာတွေနဲ့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက အချို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ သီရိလင်္ကာ စစ်တပ်က ပြောပါတယ်။မတော်တဆမှုဖြစ်ပွားပြီးနောက်မှာ ပွဲကိုရပ်နားခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။Ref:BBCPhoto:Sri Lanka Military Academy

Read More

This Day in History

Voice of Myanmar အမေရိကန်နိုင်ငံရေသမားနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားဖြစ်သူ ဂေးလော့ဒ်အန်တန်နယ်လ်ဆင် စတင်သတ်မှတ်ခဲ့သော မြေကမ္ဘာနေ့ ပထမ ဆုံး အထိမ်းအမှတ်အခမ်းအနားကို ၁၉၇၀ ခုနှစ် ဧပြီ ၂၂ ရက်တွင် အမေရိကန်၌ စတင်ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ပိုမိုလှုံ့ဆော်နိုင်ခဲ့ကာ နိုင်ငံတကာ အထိမ်းအမှတ်နေ့အဖြစ် ထင်ရှားလာခဲ့သည်။

Read More

မူဆယ်က ပြန်ပေးဆွဲဂိုဏ်း အဖွဲ့ဝင် ၉ ယောက် ဖမ်းမိ

ဧပြီ ၂၂၊ ၂၀၂၄ Shy V ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ်၊ မူဆယ်မှာ ပြန်ပေးဆွဲဂိုဏ်း အဖွဲ့ဝင် ၉ ယောက်ကို ဧပြီလ ၂၂ ရက်နေ့မနက်နဲ့ ဒီရက်ပိုင်း အတွင်းမှာ စစ်တပ်နဲ့ ပူးပေါင်း အဖွဲ့ကဖမ်းဆီးမိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မူဆယ် ဗျူဟာက လာခေါ်သွားပြီ။ မူဆယ်မှာ ပြန်ပေးဆွဲ လုပ်စားနေတဲ့ သူခိုး၊ ဓားပြ အဖွဲ့တွေလေ။အဲဒီ အဖွဲ့က ဘယ်သူတွေဖြစ်တယ်၊ ဘယ်လို အဖွဲတွေ ဖြစ်တယ် ဆိုတာတော့ မသိရသေးဘူး” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။ ဒီလို သန်မာ ရွယ်ကောင်းတဲ့ လူငယ်ပိုင်းတွေကို အုပ်စုဖွဲ့ အသုံးချနေတာ ဘယ်သူဘယ်ဝါ တွေဖြစ်တယ်ဆိုတာစုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။ မူဆယ်က ပြန်ပေးဆွဲ အဖွဲ့တွေ…

Read More

သမီးရဲ့ဦး၊ လောပန်းလောင်းနှင့် သီပေါရာဇာ ပါတော်မူရှာပြီ

    ဆူးငှက်     ၁၉၉၀လွန်ကာလ မန္တလေး၏ အနောက်တောင် ကျုံးထောင့် ရေပေါ်ဥယျာဉ် စင်တင်မှ စလိုက်သည်မှာ ထိုစဉ်က လူသူအသွားအလာ နည်းပါးသည့် သိပ္ပံလမ်းပေါ်မှာလည်း စင်တင်တေးဂီတနှင့် ဘီယာဆိုင်တွေ အပြိုင်းအရိုင်း ပေါ်လာသည်။မြောက်ပြင် မြင်းပြိုင်ကွင်းအနီးက စင်တင်ကလည်း နာမည်ကြီးလာသည်။ ထို့အတူ မျက်ပါးရပ်စစ်တပ်ဝင်း အနောက်ပေါက်ကစင်တင်၊ အရှေ့ကျုံးထောင့် ၂၄လမ်းက စင်တင်၊ ဘူတာကြီး အနောက်ဘက် ၇၉လမ်းပေါ်က စင်တင်သာမက မြို့လယ်ခေါင်ဈေးချိုအပေါ်ထပ် တိုက်တန်းကြီး အပေါ်ထပ်စင်တင်၊ ကျောက်သွေးတန်းက စင်တင်တွေလည်း ထင်ရှားသည်။     ထိုစင်တင်များတွင် လူငယ်ကြိုက် ဆိုသော်ငြား ထိုစဉ်ကာလ ဝင်ငွေကောင်းသော အရောင်းအဝယ်သမား၊ ကျောက်သမား၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင် ကိုယ်ပိုင်ကျောင်းဆရာများက အများဆုံးဓာတ်ကျသည်။ သူတို့က ခေတ်ပေါ်လည်း ရသည်။မြန်မာသံလည်း ရသည်။ ထိုစင်တင်များ မြန်မာသံ အဆိုတော်များ၏ အမာခံပရိသတ်က လူငယ်များ…

Read More

ကြိုတင်ကျောင်းအပ်လက်ခံပြီး စာသင်တဲ့ ပုဂ္ဂလိကကျောင်းတွေကို အရေးယူမယ်

ရန်ကုန် ၊ ဧပြီ ၂၁ – ၂၀၂၄GG (VOM)ပညာသင်နှစ်မစခင် ကျောင်းအပ်ကြိုတင်လက်ခံပြီး စာသင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေကို ခုကစပြီးအရေးယူတော့မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကသတိပေးလိုက်ပါတယ်။ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုမလိုက်နာဘဲ ကြိုတင်ကျောင်းအပ်လက်ခံပြီး စာသင်ကြားတာတွေရှိကြောင်း ကျောင်းသားမိဘတွေဆီကသိရှိရတဲ့အတွက် ခုလိုအရေးယူဖို့လုပ်တာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် အခြေခံပညာဦးစီးဌာနအနေနဲ့ မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် အမျိုးသားသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ပုဂ္ဂလိကအခြေခံပညာကျောင်းတွေ ကို အသိပေးဆောင်ရွက်​ခြင်း၊ လိုက်နာမှုမရှိတဲ့ ကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။” ကနဦးအနေနဲ့ ကြိုတင်ကျောင်းအပ်လက်ခံပြီးစာမသင်ဖို့၊မလိုက်နာရင် အရေးယူခံရမယ်ဆိုတာကို သိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးမယ်လို့တော့ကြားတယ်။အဲဒါကိုဖောက်ဖျက်ရင်တော့ အရေးယူမယ်ဆိုတဲ့ပုံစံပေါ့၊ ကျနော်တို့ဆီတော့တရားဝင်စာရောက်မလာသေးဘူး ” လို့ ပဲခူးအနောက်ပိုင်းရှိ ပညာရေးမှူးရုံးမီတာဝန်ရှိသူတယောက်ကပြောပါတယ်။လက်ရှိမှာတော့ ပုဂ္ဂလိက ကျောင်းတချို့ဟာ လာမယ့်ပညာသင်နှစ်မှာတက်ရောက်မယ့် Grade 12 တက္ကသိုလ်ဝင် ကျောင်းသားတွေကို ကျောင်း ဝင်ခွင့်စာမေးပွဲဖြေဆိုခိုင်းပြီး ဝင်ခွင့်ရရှိသူတွေကို သကြင်္ န်အပြီးမှာ ကျောင်ကိုအပြီးလာရောက်ကာ စာသင်ကြားဖို့ပြောဆိုမှုရှိနေပါတယ်။“သင်္ကြန်မတိုင်ခင်ကဝင်ခွင့်ဖြေရတယ်။ဝင်ခွင့်ရရင် သင်္ကြန်အပြီး ကျောင်းကိုအပြီးလာရမယ်ပြောတယ်၊အိမ်ကသမီးက ဝင်ခွင့်မအောင်တော့ မသွားရဘူး၊ ကျောင်းကြေးက သိန်း၂၀…

Read More

သပိတ်မှောက်မှုတွေ အဆုံးသတ်ဖို့ တောင်ကိုရီးယားအစိုးရရဲ့ အဆိုပြုချက် ဆရာဝန်တွေ ပယ်ချ

ဆိုးလ်၊ ဧပြီ-၂၁-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယားအစိုးက ပြန်လည်ပြင်ဆင်မှုလုပ်ပေးတဲ့ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအစီအစဉ် အဆိုပြုချက်ကို တောင်ကိုရီးယား ဦးဆောင်ဆရာဝန်များအဖွဲ့က ပယ်ချလိုက်ပြီး ယခင်အတိုင်း သပိတ်မှောက်တာတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ထောင်နဲ့ချီတဲ့ အငယ်တန်းဆရာဝန်တွေရဲ့ အလုပ်ထွက်မှုနဲ့ သပိတ်မှောက်မှုတွေကြောင့် တောင်ကိုရီးယား ဆေးရုံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပရမ်းပတာဖြစ်ခဲ့ပြီး လာမယ့်နှစ်ကစပြီး ဆေးကျောင်းဝင်ခွင့်ကို လူဦးရေနှစ်ထောင် တိုးမယ့်အစီအစဉ်အပေါ် သပိတ်မှောက်နေကြတာဖြစ်ပါတယ်။ဒီကိစ္စအပေါ် အစိုးရရဲ့ ပထမအကြိမ် လိုက်လျောမှုအဖြစ် တက္ကသိုလ် ၃၂ ခုမှာ ကနဦးအဆိုပြုထားတဲ့ လူဦးရေး နှစ်ထောင်အစား တထောင်သာ လက်ခံမယ်လို့ ပြောင်းလဲလိုက်ပေမယ့် ကိုရီးယားဆေးဘက်ဆိုင်ရာအဖွဲ့(ကေအမ်အေ)က ဒီအစီအစဉ်ကို တပတ်အတွင်း ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။“ ဒါဟာ အခြေခံကျတဲ့ ဖြေရှင်းချက်မဟုတ်တဲ့အတွက် ကိုရီးယားဆေးဘက်ဆိုင်ရာအသင်း အရေးပေါ်ကော်မတီက လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်” လို့ အသင်းပြောရေးဆိုခွင့်ရှိသူ ကင်ဆောင်ဂျန်က သတင်းထောက်တွေကို ပြောပါတယ်။ဒါကို အဖြေရှာဖို့တပတ်ပဲ အချိန်ရတော့တယ်လို့ သူကပြောပါတယ်။ ဆေးကျောင်းဝင်ခွင့်တိုးမြှင့်လိုက်တာဟာ သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းအတွက်…

Read More
VOM News

FREE
VIEW