ရန်ကုန် ၊ ဧပြီ ၂၁ – ၂၀၂၄
GG (VOM)
ပညာသင်နှစ်မစခင် ကျောင်းအပ်ကြိုတင်လက်ခံပြီး စာသင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေကို ခုကစပြီးအရေးယူတော့မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကသတိပေးလိုက်ပါတယ်။
ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုမလိုက်နာဘဲ ကြိုတင်ကျောင်းအပ်လက်ခံပြီး စာသင်ကြားတာတွေရှိကြောင်း ကျောင်းသားမိဘတွေဆီကသိရှိရတဲ့အတွက် ခုလိုအရေးယူဖို့လုပ်တာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် အခြေခံပညာဦးစီးဌာနအနေနဲ့ မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် အမျိုးသားသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ပုဂ္ဂလိကအခြေခံပညာကျောင်းတွေ ကို အသိပေးဆောင်ရွက်ခြင်း၊ လိုက်နာမှုမရှိတဲ့ ကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
” ကနဦးအနေနဲ့ ကြိုတင်ကျောင်းအပ်လက်ခံပြီးစာမသင်ဖို့၊မလိုက်နာရင် အရေးယူခံရမယ်ဆိုတာကို သိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးမယ်လို့တော့ကြားတယ်။အဲဒါကိုဖောက်ဖျက်ရင်တော့ အရေးယူမယ်ဆိုတဲ့ပုံစံပေါ့၊ ကျနော်တို့ဆီတော့တရားဝင်စာရောက်မလာသေးဘူး ” လို့ ပဲခူးအနောက်ပိုင်းရှိ ပညာရေးမှူးရုံးမီတာဝန်ရှိသူတယောက်ကပြောပါတယ်။
လက်ရှိမှာတော့ ပုဂ္ဂလိက ကျောင်းတချို့ဟာ လာမယ့်ပညာသင်နှစ်မှာတက်ရောက်မယ့် Grade 12 တက္ကသိုလ်ဝင် ကျောင်းသားတွေကို ကျောင်း ဝင်ခွင့်စာမေးပွဲဖြေဆိုခိုင်းပြီး ဝင်ခွင့်ရရှိသူတွေကို သကြင်္ န်အပြီးမှာ ကျောင်ကိုအပြီးလာရောက်ကာ စာသင်ကြားဖို့ပြောဆိုမှုရှိနေပါတယ်။
“သင်္ကြန်မတိုင်ခင်ကဝင်ခွင့်ဖြေရတယ်။ဝင်ခွင့်ရရင် သင်္ကြန်အပြီး ကျောင်းကိုအပြီးလာရမယ်ပြောတယ်၊အိမ်ကသမီးက ဝင်ခွင့်မအောင်တော့ မသွားရဘူး၊ ကျောင်းကြေးက သိန်း၂၀ လောက်တော့ရှိတယ်၊ကျောင်းတက်စဥ်ကာလအိမ်ကို ၂ကြိမ်လောက်ပဲ ပြန်ခွင့်ရမယ်ပြောတယ်၊သိန်း၂၀ ကတော့ ခွဲပေးလို့ရတယ်ပြောတယ်။ကျောင်းကိုပေးရတဲ့နူန်းပေါ့။ကျန်တဲ့ကိုယ်သုံးတာ၊စာအုပ်ဖိုး၊အဝတ်အစား စရိတ်အကုန်ထပ်ကုန်အုံးမှာ၊ခုတော့အိမ်ကနေပဲတက်တော့မှာ၊အခုနွေရာသီကျူရှင်စတက်နေပြီ ” လို့ Grade 12 ကျောင်းသူတယောက်ရဲ့ဘမိခင်ကပြောပြပါတယ်။
ပုဂ္ဂလိက ကျောင်းအများစုက ကျောင်းဝင်ခွင့်ဖြေဆိုပြီးအောင်မြင်တဲ့ကျောင်းသူကျောင်းသားကိုသာရွေးချယ်လက်ခံကြတာဖြစ်ပြီး ကျောင်းဝင်ကြေးကလည်း နေရာဒေသ၊ ကျောင်းရဲ့နှစ်စဥ်အောင်ချက်ရာခိုင်နူန်းအပေါ်လိုက်ပြီး ကျောင်းတွေက စျေးနူန်းအမျိုးမျိုးရှိကြပါတယ်။
ဒါကြောင့် ပုဂ္ဂလိကကျောင်းတွေကို အခြေခံလူတန်းစားမိသားစုတွေ တက်ရောက်နိုင်ခြင်းသိပ်မရှိဘဲ ငွေကြေးအသင့်တင့်ရှိတဲ့ လူလတ်တန်းစားနဲ့ ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းတွေကသာတက်ရောက်သင်ကြားနိုင်ကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကျောင်းပေါင်း ရာနဲ့ချီရှိနေပါတယ်။
Photo: MOI
Related posts
-
လကမ္ဘာပေါ်က ကျောက်သားနမူနာတွေရယူဖို့ စူးစမ်းလေ့လာရေးယာဉ် တရုတ်နိုင်ငံ စေလွှတ်
ပေကျင်း၊ မေ-၄-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့အစွန်အဖျားပိုင်းကနေ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ကျောက်သားနမူနာတွေရယူဖို့ စူးစမ်းလေ့လာရေးယာဉ်ကို စေလွှတ်လိုက်ပါတယ်။Chang’e-6 စူးစမ်းလေ့လာရေးယာဉ်ကို တင်ဆောင်ထားတဲ့... -
This Day in History
Voice of Myanmarအိန္ဒိယနိုင်ငံတွင် အကြမ်းမဖက်သောနည်းဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကိုဦးဆောင်ခဲ့သည့် မဟတ္တမဂန္ဒီကို ၁၉၃၀ပြည့်နှစ် မေ ၄... -
ရွှေဘိုမှာ ဓားပြအဖွဲ့က ပစ်သတ်လို့ အိမ်ရှင် လင်မယား နှစ်ယောက်သေဆုံး
မေ ၊ ၃ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊...