ကြိုတင်ကျောင်းအပ်လက်ခံပြီး စာသင်တဲ့ ပုဂ္ဂလိကကျောင်းတွေကို အရေးယူမယ်

ရန်ကုန် ၊ ဧပြီ ၂၁ – ၂၀၂၄GG (VOM)ပညာသင်နှစ်မစခင် ကျောင်းအပ်ကြိုတင်လက်ခံပြီး စာသင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေကို ခုကစပြီးအရေးယူတော့မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကသတိပေးလိုက်ပါတယ်။ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုမလိုက်နာဘဲ ကြိုတင်ကျောင်းအပ်လက်ခံပြီး စာသင်ကြားတာတွေရှိကြောင်း ကျောင်းသားမိဘတွေဆီကသိရှိရတဲ့အတွက် ခုလိုအရေးယူဖို့လုပ်တာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် အခြေခံပညာဦးစီးဌာနအနေနဲ့ မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် အမျိုးသားသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ပုဂ္ဂလိကအခြေခံပညာကျောင်းတွေ ကို အသိပေးဆောင်ရွက်​ခြင်း၊ လိုက်နာမှုမရှိတဲ့ ကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။” ကနဦးအနေနဲ့ ကြိုတင်ကျောင်းအပ်လက်ခံပြီးစာမသင်ဖို့၊မလိုက်နာရင် အရေးယူခံရမယ်ဆိုတာကို သိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးမယ်လို့တော့ကြားတယ်။အဲဒါကိုဖောက်ဖျက်ရင်တော့ အရေးယူမယ်ဆိုတဲ့ပုံစံပေါ့၊ ကျနော်တို့ဆီတော့တရားဝင်စာရောက်မလာသေးဘူး ” လို့ ပဲခူးအနောက်ပိုင်းရှိ ပညာရေးမှူးရုံးမီတာဝန်ရှိသူတယောက်ကပြောပါတယ်။လက်ရှိမှာတော့ ပုဂ္ဂလိက ကျောင်းတချို့ဟာ လာမယ့်ပညာသင်နှစ်မှာတက်ရောက်မယ့် Grade 12 တက္ကသိုလ်ဝင် ကျောင်းသားတွေကို ကျောင်း ဝင်ခွင့်စာမေးပွဲဖြေဆိုခိုင်းပြီး ဝင်ခွင့်ရရှိသူတွေကို သကြင်္ န်အပြီးမှာ ကျောင်ကိုအပြီးလာရောက်ကာ စာသင်ကြားဖို့ပြောဆိုမှုရှိနေပါတယ်။“သင်္ကြန်မတိုင်ခင်ကဝင်ခွင့်ဖြေရတယ်။ဝင်ခွင့်ရရင် သင်္ကြန်အပြီး ကျောင်းကိုအပြီးလာရမယ်ပြောတယ်၊အိမ်ကသမီးက ဝင်ခွင့်မအောင်တော့ မသွားရဘူး၊ ကျောင်းကြေးက သိန်း၂၀…

Read More

သပိတ်မှောက်မှုတွေ အဆုံးသတ်ဖို့ တောင်ကိုရီးယားအစိုးရရဲ့ အဆိုပြုချက် ဆရာဝန်တွေ ပယ်ချ

ဆိုးလ်၊ ဧပြီ-၂၁-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယားအစိုးက ပြန်လည်ပြင်ဆင်မှုလုပ်ပေးတဲ့ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအစီအစဉ် အဆိုပြုချက်ကို တောင်ကိုရီးယား ဦးဆောင်ဆရာဝန်များအဖွဲ့က ပယ်ချလိုက်ပြီး ယခင်အတိုင်း သပိတ်မှောက်တာတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ထောင်နဲ့ချီတဲ့ အငယ်တန်းဆရာဝန်တွေရဲ့ အလုပ်ထွက်မှုနဲ့ သပိတ်မှောက်မှုတွေကြောင့် တောင်ကိုရီးယား ဆေးရုံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပရမ်းပတာဖြစ်ခဲ့ပြီး လာမယ့်နှစ်ကစပြီး ဆေးကျောင်းဝင်ခွင့်ကို လူဦးရေနှစ်ထောင် တိုးမယ့်အစီအစဉ်အပေါ် သပိတ်မှောက်နေကြတာဖြစ်ပါတယ်။ဒီကိစ္စအပေါ် အစိုးရရဲ့ ပထမအကြိမ် လိုက်လျောမှုအဖြစ် တက္ကသိုလ် ၃၂ ခုမှာ ကနဦးအဆိုပြုထားတဲ့ လူဦးရေး နှစ်ထောင်အစား တထောင်သာ လက်ခံမယ်လို့ ပြောင်းလဲလိုက်ပေမယ့် ကိုရီးယားဆေးဘက်ဆိုင်ရာအဖွဲ့(ကေအမ်အေ)က ဒီအစီအစဉ်ကို တပတ်အတွင်း ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။“ ဒါဟာ အခြေခံကျတဲ့ ဖြေရှင်းချက်မဟုတ်တဲ့အတွက် ကိုရီးယားဆေးဘက်ဆိုင်ရာအသင်း အရေးပေါ်ကော်မတီက လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်” လို့ အသင်းပြောရေးဆိုခွင့်ရှိသူ ကင်ဆောင်ဂျန်က သတင်းထောက်တွေကို ပြောပါတယ်။ဒါကို အဖြေရှာဖို့တပတ်ပဲ အချိန်ရတော့တယ်လို့ သူကပြောပါတယ်။ ဆေးကျောင်းဝင်ခွင့်တိုးမြှင့်လိုက်တာဟာ သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းအတွက်…

Read More

စစ်တွေမှာ ကုန်ဈေးနှုန်းတွေ အဆမတန် ဆက်လက် မြင့်တက်နေ

ဧပြီ ၂၁ – ၂၀၂၄SN (VOM)ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်မှစပြီး ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစလို့ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် တခုလုံးရဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ပြည်မဘက်ကနေ တင်သွင်းရတဲ့ ကုန်စည်စီးဆင်းမှုတွေ မရှိတော့တဲ့အတွက် အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။“အခြေခံစားသောက်ကုန် စျေးနှုန်းတွေက တရိပ်ရိပ် မြင့်တက်လာနေတာ။ အရင်က တသိန်းအောက်ပဲရှိခဲ့တဲ့ ဆန်ကြမ်းတအိတ်တောင် နှစ်သိန်းကျော်အထိ ရှိနေပြီ။ ငွေကြေးမတတ်နိုင်သူတွေ၊ တနေ့လုပ်မှ တနေ့စားရတဲ့သူ‌တွေအတွက်ကတော့ ပိုပြီး ခက်ခဲနေတာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။အခြေခံစားကုန်တွေထဲမှာ ကြက်ဥ တလုံး ၁၀၀၀…

Read More

မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းက တပတ်ဝင်ခွင့်ကဒ်ကိုင်ဆောင်သူတွေကို ဝင်ခွင့်ပိတ်

မြဝတီ ၊ ဧပြီ ၂၁ – ၂၀၂၄ KT ၊ GG (VOM) မြဝတီမြို့မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲအခြေအနေက ညကနေ မနက်ပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့ပေမယ့် ၉ နာရီကျော်လောက်ကစပြီး အပစ်ခတ်မရှိ တိုက်ပွဲငြိမ်သက်သွားတယ်လို့သိရပါတယ်။ လတ်တလောမှာ တိုက်ပွဲငြိမ်သက်သွားပေမယ့် ထိုင်းအစိုးရကတော့ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မြဝတီမှ မဲဆောက်ကို ၇ ရက်သက်တမ်းနဲ့ဝင်ရောက်မှုကို ပိတ်လိုက်ပြီး ပတ်စ်ပို့စာအုပ်ကိုင်ထားသူတွေကိုသာ လတ်တလောပေးဝင်ကြောင်း၊ ထိုင်းကနေ မြဝတီပြန်မယ့်သူတွေကိုတော့ ပြန်ခွင့်ပြုပေးနေတယ်လို့သိရပါတယ်။ ” ၇ ရက်နေ့ထိုင်ခွင့်တွေကို မြဝတီကနေ မဲေဆာက်ဘက်ဝင်ခွင့်ပိတ်လိုက်တာ၊ စာရွက်ကုန်လို့လည်းပြောကြတယ်၊ ထိုင်းဘက်မှာမြန်မာတွေဝင်ရောက်မှုအရမ်းများနေလို့ဆိုပြီး ထိုင်းလဝကဘက်ကပိတ်တယ်လို့လည်းပြောနေကြတယ်။ ဘာကြောင့်ဆိုတာတော့သေချာမသိရသေးပေမယ့် ခုထိတော့မဲဆောက်ဘက်ကိုအမှတ် ၁ တံတားကနေထွက်လို့မရသေးပါဘူး။ စစ်ရှောင်တွေကလည်းတအားကိုများလာနေတယ် ” လို့ မြဝတီမြို့ခံတဦးကပြောပါတယ်။ လက်ရှိမြဝတီ အမှတ်၂ ချစ်ကြည်ရေးတံတားဘက်နဲ့ ခလရ ၂၇၅ တပ်ရှိရာမြို့ပြင်မှာပါ ပစ်ခတ်မှုတွေ ငြိမ်သွားပေမယ့်…

Read More

ဂျပန်စစ်တပ် ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျ

တိုကျို၊ ဧပြီ-၂၁-၂၀၂၄မျိုးဆက်(VOM)ပစိတ်သမုဒ္ဒရာအတွင်းရှိ အိုင်ဇူကျွန်းစုအနီးမှာ ညအချိန်လေ့ကျင့်ပျံသန်းမှုအတွင်း ဂျပန်စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း ပျက်ကျသွားကြောင်း တာဝန်ရှိသူများက အတည်ပြုပြောဆိုပါတယ်။ရဟတ်ယာဉ်တွေပေါ်မှာ လိုက်ပါသွားသူရှစ်ယောက်အနက် တယောက်ကိုကယ်တင်နိုင်ခဲ့ပြီး ကျန်ခုနှစ်ယောက်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ ရဟတ်ယာဉ်တစင်းစီမှာ လူလေးယောက် လိုက်ပါသွားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ရဟတ်ယာဉ်တစင်းအနက် တစင်းနဲ့ ဧပြီ ၂၀ ရက်ည ၁၀ နာရီ ၃၈ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားပြီး တမိနစ်အကြာမှာ ရဟတ်ယာဉ်ကနေ အရေးပေါ်အချက်ပြမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။နောက်ထပ် ၂၅ မိနစ်အကြာမှာတော့ ည ၁၁ နာရီ ၁၄ မိနစ်အချိန်မှာ ကျန်ရဟတ်ယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး ကယ်တင်ခဲ့တဲ့လူတယောက်ရဲ့ အခြေအနေကို ရှင်းလင်းစွာ မသိရသေးပါဘူး ။SH-60K အမျိုးအစား အဲဒီရဟတ်ယာဉ်တွေက ဂျပန်စစ်တပ် ဖျက်သင်္ဘောပေါ်မှာ အဓိကစခန်းချလည်ပတ်နေပြီး ရေငုပ်သင်္ဘောရှာဖွေရေး ညအချိန်လေ့ကျင့်မှုမှာ ပါဝင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ အခြားသော လေယာဉ်နဲ့ သင်္ဘောတွေမရှိကြောင်း ဂျပန်စစ်တပ်က…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၁ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၁၀ ကျပ်ဝယ်ဈေး – ၂၇၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၁၈၈ ကျပ်ဝယ်ဈေး – ၄၁၀၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၄.၇၁ ကျပ်ဝယ်ဈေး – ၁၀၂.၅၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၅၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၂ ကျပ်ဝယ်ဈေး – ၅၁၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၄.၉၃ ကျပ်ဝယ်ဈေး – ၂၄.၄၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၃၃ ကျပ်ဝယ်ဈေး – ၄၅.၃၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၀ ကျပ်ဝယ်ဈေး – ၂.၇၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၅၉ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၉၀ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၈၀၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၆၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၆၀၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၆၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံဖိုး စစ်ရေးအကူအညီတွေပေးဖို့ အမေရိကန်အောက်လွှတ်တော် အတည်ပြု

ဝါရှင်တန်၊ ဧပြီ-၂၁-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အောက်လွှတ်တော်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီသစ်တွေပေးဖို့ အောက်လွှတ်တော်က နောက်ဆုံးမှာ အတည်ပြုလိုက်ပါတယ်။ကာလရှည်ရှာ နှောင့်နှေးနေခဲ့တဲ့ ဒီအကူအညီနဲ့ပတ်သက်ပြီး ရီပတ်ပလီကန်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုတွေကြုံခဲ့ရပြီးနောက် ထောက်ခံမဲ ၃၁၁ မဲ ကန့်ကွက်မဲ ၁၁၂ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ဒီအဆိုနဲ့ပတ်သက်ပြီး အထက်လွှတ်တော်ကလည်း များမကြာခင်အတည်ပြုသွားဖွယ်ရှိပြီး သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုးပြီးတာနဲ့ အကူအညီတွေကို ပင်တဂွန်စစ်ဌာနချုပ်က အမြန်ဆုံးပေးအပ်သွားမှာဖြစ်ပြီး ဒါဟာ ပြည်ပနိုင်ငံတွေအတွက် အမေရိကန်ရဲ့ဦးဆောင်မှုကို ရှင်းလင်းတဲ့ သတင်းစကားလည်းဖြစ်ပါတယ်။ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အောက်လွှတ်တော်က အခုလိုအတည်ပြုလိုက်တာအတွက် ကျေးဇူးတင်ကြောင်းနဲ့ ထောက်ပံ့ကူညီမှုဟာ စစ်ပွဲမကြီးထွားဖို့နဲ့ ထောင်ပေါင်းများစွာသော အသက်တွေကို ကယ်တင်နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဒီလိုစစ်ရေးအကူအညီတွေပေးတာဟာ အမေရိကန်သာ အကျိုးအမြတ်ရမှာဖြစ်ပြီး ယူကရိန်းနဲ့ ယူကရိန်းနိုင်ငံသားတွေ သေဆုံးမှုပိုမိုများလာမယ်လို့ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ဝေဖန်ပြောဆိုပါတယ်။Ref:BBCPhoto:Getty Images

Read More

This Day in History

Voice of Myanmarစက်ဘီးတီထွင်သူနှင့် စက်ဘီးစက်မှုလုပ်ငန်း၏ ဖခင်အဖြစ် တင်စားခံခဲ့ရသည့် ဗြိတိန်နိုင်ငံသား ဂျိမ်းစတာလေသည် ၁၈၃၀ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

တောင်တွင်းမြို့နယ်မှာ ရာအိမ်မှူး သုံးယောက် ပစ်သတ်ခံရ

ဧပြီ ၊ ၂၁ ၊ ၂၀၂၄SP ( VOM)မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် ၊ဆတ်သွားကျေးရွာမှာ ရာအိမ်မှူး တာဝန်ထမ်းဆောင်နေတဲ့ လူသုံးယောက် မနေ့ ဧပြီ ၂၀ ရက် ၊ ညနေပိုင်းက ပစ်သတ်ခံရလို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” မနေ့ကညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဆတ်သွားရွာက ရာအိမ်မှူး သုံးယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ ရာအိမ်မှူး သုံးယောက်က အောင်မင်္ဂလာကန်ထဲမှာ ငါးပက်နေတုန်း အမည်မသိ (စုံစမ်းဆဲ) လူတယောက်က ဆိုင်ကယ်တစီးနဲ့ရောက်လာပြီး ရာအိမ်မှူး သုံးယောက်စလုံးကို ပစ်သတ်သွားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။တောင်တွင်းကြီး မြို့နယ်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ဆတ်သွားရွာက ရာအိမ်မှူး သုံးယောက်ပစ်သတ်ခံရတယ် ၊ ဦးခင်မောင်အေး၊ အသက်…

Read More
VOM News

FREE
VIEW