ဂျပန်စစ်တပ် ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျ



တိုကျို၊ ဧပြီ-၂၁-၂၀၂၄
မျိုးဆက်(VOM)

ပစိတ်သမုဒ္ဒရာအတွင်းရှိ အိုင်ဇူကျွန်းစုအနီးမှာ ညအချိန်လေ့ကျင့်ပျံသန်းမှုအတွင်း ဂျပန်စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း ပျက်ကျသွားကြောင်း တာဝန်ရှိသူများက အတည်ပြုပြောဆိုပါတယ်။

ရဟတ်ယာဉ်တွေပေါ်မှာ လိုက်ပါသွားသူရှစ်ယောက်အနက် တယောက်ကိုကယ်တင်နိုင်ခဲ့ပြီး ကျန်ခုနှစ်ယောက်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ ရဟတ်ယာဉ်တစင်းစီမှာ လူလေးယောက် လိုက်ပါသွားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရဟတ်ယာဉ်တစင်းအနက် တစင်းနဲ့ ဧပြီ ၂၀ ရက်ည ၁၀ နာရီ ၃၈ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားပြီး တမိနစ်အကြာမှာ ရဟတ်ယာဉ်ကနေ အရေးပေါ်အချက်ပြမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ၂၅ မိနစ်အကြာမှာတော့ ည ၁၁ နာရီ ၁၄ မိနစ်အချိန်မှာ ကျန်ရဟတ်ယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး ကယ်တင်ခဲ့တဲ့လူတယောက်ရဲ့ အခြေအနေကို ရှင်းလင်းစွာ မသိရသေးပါဘူး ။

SH-60K အမျိုးအစား အဲဒီရဟတ်ယာဉ်တွေက ဂျပန်စစ်တပ် ဖျက်သင်္ဘောပေါ်မှာ အဓိကစခန်းချလည်ပတ်နေပြီး ရေငုပ်သင်္ဘောရှာဖွေရေး ညအချိန်လေ့ကျင့်မှုမှာ ပါဝင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ အခြားသော လေယာဉ်နဲ့ သင်္ဘောတွေမရှိကြောင်း ဂျပန်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

Ref:NHK
Photo: Getty Images

Related posts

✕
VOM News

FREE
VIEW