တိုကျို၊ ဧပြီ-၂၁-၂၀၂၄
မျိုးဆက်(VOM)
ပစိတ်သမုဒ္ဒရာအတွင်းရှိ အိုင်ဇူကျွန်းစုအနီးမှာ ညအချိန်လေ့ကျင့်ပျံသန်းမှုအတွင်း ဂျပန်စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း ပျက်ကျသွားကြောင်း တာဝန်ရှိသူများက အတည်ပြုပြောဆိုပါတယ်။
ရဟတ်ယာဉ်တွေပေါ်မှာ လိုက်ပါသွားသူရှစ်ယောက်အနက် တယောက်ကိုကယ်တင်နိုင်ခဲ့ပြီး ကျန်ခုနှစ်ယောက်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ ရဟတ်ယာဉ်တစင်းစီမှာ လူလေးယောက် လိုက်ပါသွားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရဟတ်ယာဉ်တစင်းအနက် တစင်းနဲ့ ဧပြီ ၂၀ ရက်ည ၁၀ နာရီ ၃၈ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားပြီး တမိနစ်အကြာမှာ ရဟတ်ယာဉ်ကနေ အရေးပေါ်အချက်ပြမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် ၂၅ မိနစ်အကြာမှာတော့ ည ၁၁ နာရီ ၁၄ မိနစ်အချိန်မှာ ကျန်ရဟတ်ယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး ကယ်တင်ခဲ့တဲ့လူတယောက်ရဲ့ အခြေအနေကို ရှင်းလင်းစွာ မသိရသေးပါဘူး ။
SH-60K အမျိုးအစား အဲဒီရဟတ်ယာဉ်တွေက ဂျပန်စစ်တပ် ဖျက်သင်္ဘောပေါ်မှာ အဓိကစခန်းချလည်ပတ်နေပြီး ရေငုပ်သင်္ဘောရှာဖွေရေး ညအချိန်လေ့ကျင့်မှုမှာ ပါဝင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ အခြားသော လေယာဉ်နဲ့ သင်္ဘောတွေမရှိကြောင်း ဂျပန်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo: Getty Images
Related posts
-
လကမ္ဘာပေါ်က ကျောက်သားနမူနာတွေရယူဖို့ စူးစမ်းလေ့လာရေးယာဉ် တရုတ်နိုင်ငံ စေလွှတ်
ပေကျင်း၊ မေ-၄-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့အစွန်အဖျားပိုင်းကနေ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ကျောက်သားနမူနာတွေရယူဖို့ စူးစမ်းလေ့လာရေးယာဉ်ကို စေလွှတ်လိုက်ပါတယ်။Chang’e-6 စူးစမ်းလေ့လာရေးယာဉ်ကို တင်ဆောင်ထားတဲ့... -
This Day in History
Voice of Myanmarအိန္ဒိယနိုင်ငံတွင် အကြမ်းမဖက်သောနည်းဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကိုဦးဆောင်ခဲ့သည့် မဟတ္တမဂန္ဒီကို ၁၉၃၀ပြည့်နှစ် မေ ၄... -
ရွှေဘိုမှာ ဓားပြအဖွဲ့က ပစ်သတ်လို့ အိမ်ရှင် လင်မယား နှစ်ယောက်သေဆုံး
မေ ၊ ၃ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊...