ဝါရှင်တန်၊ ဧပြီ-၂၁-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်အောက်လွှတ်တော်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီသစ်တွေပေးဖို့ အောက်လွှတ်တော်က နောက်ဆုံးမှာ အတည်ပြုလိုက်ပါတယ်။
ကာလရှည်ရှာ နှောင့်နှေးနေခဲ့တဲ့ ဒီအကူအညီနဲ့ပတ်သက်ပြီး ရီပတ်ပလီကန်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုတွေကြုံခဲ့ရပြီးနောက် ထောက်ခံမဲ ၃၁၁ မဲ ကန့်ကွက်မဲ ၁၁၂ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီအဆိုနဲ့ပတ်သက်ပြီး အထက်လွှတ်တော်ကလည်း များမကြာခင်အတည်ပြုသွားဖွယ်ရှိပြီး သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုးပြီးတာနဲ့ အကူအညီတွေကို ပင်တဂွန်စစ်ဌာနချုပ်က အမြန်ဆုံးပေးအပ်သွားမှာဖြစ်ပြီး ဒါဟာ ပြည်ပနိုင်ငံတွေအတွက် အမေရိကန်ရဲ့ဦးဆောင်မှုကို ရှင်းလင်းတဲ့ သတင်းစကားလည်းဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အောက်လွှတ်တော်က အခုလိုအတည်ပြုလိုက်တာအတွက် ကျေးဇူးတင်ကြောင်းနဲ့ ထောက်ပံ့ကူညီမှုဟာ စစ်ပွဲမကြီးထွားဖို့နဲ့ ထောင်ပေါင်းများစွာသော အသက်တွေကို ကယ်တင်နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလိုစစ်ရေးအကူအညီတွေပေးတာဟာ အမေရိကန်သာ အကျိုးအမြတ်ရမှာဖြစ်ပြီး ယူကရိန်းနဲ့ ယူကရိန်းနိုင်ငံသားတွေ သေဆုံးမှုပိုမိုများလာမယ်လို့ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ဝေဖန်ပြောဆိုပါတယ်။
Ref:BBC
Photo:Getty Images
ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံဖိုး စစ်ရေးအကူအညီတွေပေးဖို့ အမေရိကန်အောက်လွှတ်တော် အတည်ပြု
