ဗန်းမော်ဘက်မှာ ငှက်ပျော၊ ဖရဲ ခြံတွေ လုပ်သားတွေ စစ်ရှောင်ကုန်တဲ့ အပြင် စက်သုံးဆီ ဝယ်ယူရခက်လာလို့ ခြံထိန်းသိမ်းဖို့ ခက်ခဲလာ

ဧပြီ ၁၈၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ဘက်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ငှက်ပျော၊ ဖရဲ ခြံလုပ်သားတွေ စစ်ရှောင်ကုန်တဲ့ အပြင် စက်သုံးဆီ ဝယ်ယူရခက်လာလို့ ခြံထိန်းသိမ်းရန် ခက်ခဲလာနေကြောင်း ဖရဲ၊ ငှက်ပျော ခြံရှင်တွေ ဆီက သိရပါတယ်။ “ငှက်ပျော၊ ဖရဲ ခြံ ဝန်းကျင် စစ်ရေး‌ေကြာင့်မလုံခြုံတော့လို့ အလုပ်သမားတွေက နေ့စဥ်တိုင်း ဗန်းမော် ကနေ တိုက်ပွဲ နဲ့ဝေးတဲ့ နေကာဘက် ရှောင်ကုန်ကြပြီ” လို့ ဗန်းမော်ဒေသက ခြံရှင် တယောက်က ပြောပါတယ်။ ဗန်းမော်ခရိုင်အတွင်း စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် ကုန်သယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတယ်လို့ သူက ပြောပါတယ်။ “ရန်ကုန်၊ မန္တလေးဘက်က စက်သုံးဆီတွေ မလုံလောက်လို့…

Read More

ကချင် KBC ဥက္ကဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် ထောင်ကလွတ်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံရ

ဧပြီ ၁၈၊ ၂၀၂၄Shy V (VOM)ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်ရဲ့ ဥက္ကဌဟောင်း ဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်မြန်မာနှစ်သစ်ကူးနေ့က ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ လွတ်မြောက်လာပေမယ့် ညတွင်းချင်း ပြန်လည် ဖမ်းဆီး ခေါ်‌ဆောင် သွားခံရကြောင်း KBC အသိုင်းအဝိုင်းက သိရပါတယ်။“ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်လာခေါ်သွားကြတယ်” လိုဘ KBC အသိုင်းအဝိုင်းက တယောက်က ပြောပါတယ်။မနေ့ ၁၀ နာရီ ဝန်းကျင်က စစ်တပ်က လာခေါ်သွားတာဖြစ်ပြီး ဒီနေ့ ပြန်လာမယ်လွှတ်မယ်တော့ ပြောသွားတယ်လို့ သိရပေမယ့် ဘာကြောင့် လာခေါ်သွားတယ် ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။“ဆရာ့ကို စစ်တပ်က လာခေါ်သွားတာ မှန်တယ်။ သူတို့ နဂိုကတည်းက စီစဉ်ထားတာ ထင်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ဒေသခံ တယောက်ကတော့ မေးစရာရှိတယ်ဆိုပြီး‌ ခေါ်သွားတာ ။သူတို့ရုံးခန်းထဲမှာပဲ၊ အချုပ်ထဲမဟုတ်ပါဘူးလို့ ပြောပါတယ်။ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြီးခဲ့တဲ့…

Read More

ရုရှားကို စစ်ရှုံးရင် တတိယကမ္ဘာစစ် ဖြစ်လာနိုင်ကြောင်း ယူကရိန်းဝန်ကြီးချုပ် သတိပေး

ကိယက်ဗ်၊ ဧပြီ-၁၈-၂၀၂၄မျိုးဆက်(VOM)အမေရိကန်ရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့ နိုင်ငံခြားအကူအညီပေးမှု ဥပဒေကြမ်းကို အတည်ပြုဖို့ အမေရိကန် ကွန်ဂရက်ကို ယူကရိန်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံ ထောက်ပံ့မှုပါဝင်တဲ့ ဒီဥပဒေကြမ်းကို ကွန်ဂရက်မှာ အတည်ပြုနိုင်ဖို့ မျှော်လင့်တယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒန်နီစ်ရှမိုင်ဟယ်က ဆိုပါတယ်။ အောက်လွှတ်တော်ဟာ ဥပဒေကြမ်းကို လာမယ့် စနေနေ့မှာ မဲခွဲဖို့ စီစဉ်ထားပါတယ်။ဥပဒကြေမ်းထဲမှာတော့ ယူကရိန်းအတွက် အထောက်အပံ့တွေအပြင် အစ္စရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် ရန်ပုံငွေတွေလည်း ပါဝင်လို့ နေပါတယ်။ ဒီအထောက်အပံ့တွေဟာ လိုအပ်နေပြီလို့ ယူကရိန်းဝန်ကြီးချုပ်က ပြောပါတယ်။“ ငါတို့ မကာကွယ်ဘူးဆိုရင် ယူကရိန်းပြိုလဲသွားမှာပါ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစနစ်ကို ပျက်စီးသွားမှာဖြစ်ပြီး ကမ္ဘာကြီးအနေနဲ့ လုံခြုံရေးစနစ်သစ်ကို ရှာဖွေဖို့လိုအပ်နေပါတယ်။ ဒါမှမဟုတ်ရင် ပဋိပက္ခတွေ များစွာနဲ့ ဒီလိုစစ်ပွဲတွေဖြစ်နေမှာဖြစ်ပြီး နောက်ဆုံးတနေ့မှာ တတိယကမ္ဘာစစ်ကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၁၈ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၉၀ ကျပ် ဝယ်ဈေး – ၃၈၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၁၀ ကျပ် ဝယ်ဈေး – ၂၇၆၀ ကျပ် -ယူရို ရောင်းဈေး – ၄၀၂၇ ကျပ် ဝယ်ဈေး – ၃၉၄၄ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၇၁ ကျပ် ဝယ်ဈေး – ၁၀၂.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၀ ကျပ် ဝယ်ဈေး – ၅၁၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရေကြီးရေလျှံမှုတွေကြောင့် ဒူဘိုင်းနိုင်ငံတကာလေဆိပ် လေယာဉ်ခရီးစဉ် ၂၉၀ ကျော် ဖျက်သိမ်း

ဒူဘိုင်း၊ ဧပြီ-၁၈-၂၀၂၄ မျိုးဆက်(VOM) ပင်လယ်ကွေ့နိုင်ငံတွေတွေဖြစ်တဲ့ ယူအေအီးနဲ့ အိုမန်နိုင်ငံတို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ကမ္ဘာ့ဒုတိယအစည်ကားဆုံး ဒူဘိုင်းလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ ကမောက်ကမ ဖြစ်နေရပါတယ်။ ဒူဘိုင်း နိုင်ငံတကာ လေဆိပ်ဟာ အလွန်စိန်ခေါ်မှုရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး ရေနစ်မြုပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ ခရီးသည်းတွေကို အာဏာပိုင်တွေက သတိပေးထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာ ကမ္ဘာ့တိုက်ကြီးတွေတိုင်းနဲ့ ချိတ်ဆက်ပျံသန်းနေတဲ့ ဒူဘိုင်းနိုင်ငံတကာလေဆိပ်ရဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၂၉၀ ကျော်ကို ဖျက်သိမ်းခဲ့ရတယ်လို့ Flight Aware ရဲ့အချက်အလက်တွေမှာ ဖော်ပြထားပြီး လေယာဉ်ခရီးစဉ်ပေါင်း ၄၄၀ နှောင့်နှေးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ အတ္တလန်တာလေဆိပ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အစည်ကားဆုံးလေဆိပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ခရီးသည်သန်း ၈၀ ကိုဝန်ဆောင်မှုပေးခဲ့တဲ့ ဒူဘိုင်းလေဆိပ်ဟာ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိဖို့ အချိန်အနည်းငယ် ကြာမြင့်နိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဒူဘိုင်းမှာ…

Read More

အီရန်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရေး ကိုယ်ပိုင်ဆုံးဖြတ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

တဲလ်အဗစ်၊ ဧပြီ-၁၈-၂၀၂၄မျိုးဆက်(VOM)အစ္စရေးအနေနဲ့ အီရန်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရေးမှာ ကိုယ်ပိုင်ဆုံးဖြတ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဗြိတိန်နိုင်ငံခြားရေးဝန် လော့ဒ်ကင်မရွန်းနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။အစ္စရေးအစိုးရအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လိုအပ်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ နေတန်ယာဟုက ပြောပါတယ်။ သီတင်းပတ်ကုန်ပိုင်းက အီရန်က အစ္စရေးကို မကြုံစဖူး ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုမှုကို လက်တုံ့ပြန်မယ်လို့ နေတန်ယာဟုက အကြိမ်ကြိမ် ကတိပြုထားပါတယ်။အီရန်ရဲ့ ထိတ်လန့်ဖွယ် တိုက်ခို်ကမှုအပြီးမှာ အစ္စရေးနဲ့အတူ စည်းလုံးညီညွှတ်ကြောင်း ပြသဖို့ ရောက်ရှိလာတာလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ အစ္စရေးအနေနဲ့ အီရန်အပေါ် တုံ့ပြန်မှုကို အကန့်အသတ်နဲ့ လုပ်ဖို့မျှော်လင့်တယ်လို့ သူက ပြောပါတယ်။အစ္စရေးအနေနဲ့ အီရန်နဲ့အတူ စစ်ထဲကို လုံးလုံးလျားလျား ကျရောက်သွားမယ့်အရေးကို ရှောင်ရှားနိုင်ရေး တိုက်တွန်းဖို့ ကင်မရွန်းဟာ အစ္စရေးကို ရောက်ရှိလာတဲ့ အနောက်အုပ်စုနိုင်ငံတွေထဲက နိုင်ငံခြားရေးဝန်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။အီရန်က အစ္စရေးကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး…

Read More

This Day in History

Voice of Myanmarထင်ရှားကျော်ကြားသော ရူပဗေဒပညာရှင်နှင့် နိုဘယ်ဆုရှင်ဖြစ်သူ အဲလ်ဘတ် အိုင်းစတိုင်းသည် အသက် ၇၆ နှစ်အရွယ် ၁၉၅၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

မြန်မာနှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးကုသိုလ်ပြုသူများ စည်ကား

မြန်မာနှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးကုသိုလ်ပြုသူများ စည်ကား ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

Read More

မော်လမြိုင် ၊ မုပွန်နယ်မြေရဲစခန်းက အချုပ်သား သုံးယောက်က သေနတ် နှစ်လက်ယူပြီး ထွက်ပြေး

ဧပြီ ၊ ၁၇ ၊ ၂၀၂၄SP (VOM)မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ မုပွန်ရပ်ကွက်မှာရှိတဲ့ မုပွန်နယ်မြေရဲစခန်းမှာ ဧပြီ ၁၇ ရက် ဒီကနေ့ ၊ နေ့လယ်ပိုင်းက ရဲစခန်း အချုပ်ခန်းကို ဖောက်ပြီး အချုပ်သားသုံးယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” မုပွန်နယ်မြေရဲစခန်းက အချုပ်သား သုံးယောက်က အချုပ်ခန်းကို ဖောက်ပြီးထွက်ပြေးသွားတယ် ၊ နောက်ပြီး စခန်းက သေနတ် နှစ်လက်လည်း ပါသွားတယ် ၊ ဖြစ်စဥ် အသေးစိတ်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မော်လမြိုင်မြို့နယ် လုံခြုံရေးအဖွဲ့ဆီ VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။ဒါ့အပြင် မော်လမြိုင်မြို့ပေါ်ကို လုံခြုံရေးတွေ ထူထပ်စွာချထားပြီး လမ်းတချို့မှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။ရဲစခန်းနဲ့ နီးစပ်သူတယောက်က” အဲ့ဒီ မုပွန်နယ်မြေရဲစခန်း…

Read More
VOM News

FREE
VIEW