ရေကြီးရေလျှံမှုတွေကြောင့် ဒူဘိုင်းနိုင်ငံတကာလေဆိပ် လေယာဉ်ခရီးစဉ် ၂၉၀ ကျော် ဖျက်သိမ်း

ဒူဘိုင်း၊ ဧပြီ-၁၈-၂၀၂၄
မျိုးဆက်(VOM)
ပင်လယ်ကွေ့နိုင်ငံတွေတွေဖြစ်တဲ့ ယူအေအီးနဲ့ အိုမန်နိုင်ငံတို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ကမ္ဘာ့ဒုတိယအစည်ကားဆုံး ဒူဘိုင်းလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ ကမောက်ကမ ဖြစ်နေရပါတယ်။
ဒူဘိုင်း နိုင်ငံတကာ လေဆိပ်ဟာ အလွန်စိန်ခေါ်မှုရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး ရေနစ်မြုပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ ခရီးသည်းတွေကို အာဏာပိုင်တွေက သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာ ကမ္ဘာ့တိုက်ကြီးတွေတိုင်းနဲ့ ချိတ်ဆက်ပျံသန်းနေတဲ့ ဒူဘိုင်းနိုင်ငံတကာလေဆိပ်ရဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၂၉၀ ကျော်ကို ဖျက်သိမ်းခဲ့ရတယ်လို့ Flight Aware ရဲ့အချက်အလက်တွေမှာ ဖော်ပြထားပြီး လေယာဉ်ခရီးစဉ်ပေါင်း ၄၄၀ နှောင့်နှေးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ အတ္တလန်တာလေဆိပ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အစည်ကားဆုံးလေဆိပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ခရီးသည်သန်း ၈၀ ကိုဝန်ဆောင်မှုပေးခဲ့တဲ့ ဒူဘိုင်းလေဆိပ်ဟာ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိဖို့ အချိန်အနည်းငယ် ကြာမြင့်နိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ဒူဘိုင်းမှာ အခြေစိုက်တဲ့ နိုင်ငံတကာလေကြောင်လိုင်းတခုဖြစ်တဲ့ အမ်မရိတ်လေကြောင်းလိုင်းကတော့ ဒီနေ့ ဧပြီ ၁၈ ရက်ထိ ဒူဘိုင်းကနေ ထွက်ခွာမယ့် ခရီးသည်တွေ Check-in ဝင်မှုကို ဆိုင်းငံ့ထားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေပြင်းတိုက်ခိုက်တာတွေ ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
လက်ရှိရာသီဥတု အခြေအနေဟာ ယူအေအီးနိုင်ငံမှာ လွန်ခဲ့တဲ့ ၇၅ နှစ်က မှတ်တမ်းတွေ စတင်ထားရှိပြီးနောက် အဆိုးရွားဆုံး မိုးရွားသွန်းမှု ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW