အူဂါဒိုဂူ၊ ဧပြီ-၃၀-၂၀၂၄
မျိုးဆက်(VOM)
ဘာကီနာဖာဆိုစစ်တပ်က အရပ်သား ၂၂၃ ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး သတင်းရေးသားဖော်ပြခဲ့တဲ့ ပြည်ပသတင်းဌာနတွေကို စစ်အာဏာပိုင်တွေက ပိတ်ပင်တားမြစ် ရပ်ဆိုင်းလိုက်ပါတယ်။
ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ လက်နက်ကိုင် အစ္စလာမ္မစ်သောင်းကျန်းသူတွေကို ကူညီနေတဲ့ ရွာသားတွေကို လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ ယုံကြည်ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW )ကပြောပါတယ်။
ောက်အာဖရိကရှိ အာဏာသိမ်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘာကီနာဖာဆိုရဲ့ စစ်အာဏာပိုင်တွေကတော့ ဒီလိုအဖြစ်မျိုး မရှိလဲခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ HRW ကထုတ်ပြန်တဲ့ အစီရင်ခံစာကို သတင်းဖော်ပြခဲ့တဲ့ VOA နဲ့ BBC သတင်းဌာနတို့ကို အာဏာပိုင်တွေက ရပ်ဆိုင်းထားပြီးဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြင်သစ်ရုပ်သံ TV5Monde ရုပ်သံလိုင်းရဲ့ တင်ဆက်မှုတွေကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရမှာဖြစ်ပြီး ပြင်သစ်သတင်းစာ Le Monde နဲ့ Ouest-France၊ ဂျာမနီရဲ့ DW ၊ ဗြိတိန်သတင်းစာ Guardian နဲ့အာဖရိကသတင်းဌာနတွေဖြစ်တဲ့ APA နဲ့ Ecofin တို့ကို နောက်ထပ် ညွှန်ကြားချက်မရမချင်း ရပ်ဆိုင်းထားရမှာဖြစ်ပါတယ်။
ဘာကီနာဖာဆိုမှာ သတင်းမီဒီယာတွေအပေါ် တားမြစ်ပိတ်ပင်မှုတွေလုပ်တာနဲ့ပတ်သက်ပြီး ဗြိတိန်နဲ့ အမေရိကန်အစိုးရတို့က ရှုတ်ချထားပြီး လွတ်လပ်အမှီအခိုကင်းတဲ့ မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေကို ခွင့်ပြုရမယ်လို့ဆိုပါတယ်။
ဘာကီနာဖာဆိုမှာ ၂၀၂၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး အစ္စလာမ္မစ်သောင်းကျန်းမှုတွေကို အဆုံးသတ်မယ်လို့ ကတိပြုထားခဲ့ပေမယ့် နိုင်ငံရဲ့ သုံးပုံတပုံကျော်ကို စစ်သွေးကြွတွေက ထိန်းချုပ်ထားပါတယ်။
Ref:BBC
Photo:Getty Images
ဘာကီနာဖာဆိုမှာ စစ်တပ်က ပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရေးသားတဲ့ ဌာနတွေ ရပ်ဆိုင်းခံရ
