အီရန်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရေး ကိုယ်ပိုင်ဆုံးဖြတ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော



တဲလ်အဗစ်၊ ဧပြီ-၁၈-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးအနေနဲ့ အီရန်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရေးမှာ ကိုယ်ပိုင်ဆုံးဖြတ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဗြိတိန်နိုင်ငံခြားရေးဝန် လော့ဒ်ကင်မရွန်းနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အစ္စရေးအစိုးရအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လိုအပ်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ နေတန်ယာဟုက ပြောပါတယ်။ သီတင်းပတ်ကုန်ပိုင်းက အီရန်က အစ္စရေးကို မကြုံစဖူး ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုမှုကို လက်တုံ့ပြန်မယ်လို့ နေတန်ယာဟုက အကြိမ်ကြိမ် ကတိပြုထားပါတယ်။

အီရန်ရဲ့ ထိတ်လန့်ဖွယ် တိုက်ခို်ကမှုအပြီးမှာ အစ္စရေးနဲ့အတူ စည်းလုံးညီညွှတ်ကြောင်း ပြသဖို့ ရောက်ရှိလာတာလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ အစ္စရေးအနေနဲ့ အီရန်အပေါ် တုံ့ပြန်မှုကို အကန့်အသတ်နဲ့ လုပ်ဖို့မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

အစ္စရေးအနေနဲ့ အီရန်နဲ့အတူ စစ်ထဲကို လုံးလုံးလျားလျား ကျရောက်သွားမယ့်အရေးကို ရှောင်ရှားနိုင်ရေး တိုက်တွန်းဖို့ ကင်မရွန်းဟာ အစ္စရေးကို ရောက်ရှိလာတဲ့ အနောက်အုပ်စုနိုင်ငံတွေထဲက နိုင်ငံခြားရေးဝန်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။

အီရန်က အစ္စရေးကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ စီစဉ်နေပြီး အစ္စရေးကတော့ အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ သူ့ရဲ့ မဟာမိတ်တွေကို တောင်းဆိုထားပါတယ်။

Ref:BBC
Photo:APA

Related posts

Leave a Comment

VOM News

FREE
VIEW