ယနေ့ ရွှေဈေး (ဧပြီ – ၃၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၃၅ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၈၃၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၉၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၆၃၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၉၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဘာကီနာဖာဆိုမှာ စစ်တပ်က ပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရေးသားတဲ့ ဌာနတွေ ရပ်ဆိုင်းခံရ

အူဂါဒိုဂူ၊ ဧပြီ-၃၀-၂၀၂၄မျိုးဆက်(VOM)ဘာကီနာဖာဆိုစစ်တပ်က အရပ်သား ၂၂၃ ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး သတင်းရေးသားဖော်ပြခဲ့တဲ့ ပြည်ပသတင်းဌာနတွေကို စစ်အာဏာပိုင်တွေက ပိတ်ပင်တားမြစ် ရပ်ဆိုင်းလိုက်ပါတယ်။ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ လက်နက်ကိုင် အစ္စလာမ္မစ်သောင်းကျန်းသူတွေကို ကူညီနေတဲ့ ရွာသားတွေကို လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ ယုံကြည်ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW )ကပြောပါတယ်။ောက်အာဖရိကရှိ အာဏာသိမ်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘာကီနာဖာဆိုရဲ့ စစ်အာဏာပိုင်တွေကတော့ ဒီလိုအဖြစ်မျိုး မရှိလဲခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ HRW ကထုတ်ပြန်တဲ့ အစီရင်ခံစာကို သတင်းဖော်ပြခဲ့တဲ့ VOA နဲ့ BBC သတင်းဌာနတို့ကို အာဏာပိုင်တွေက ရပ်ဆိုင်းထားပြီးဖြစ်ပါတယ်။လက်ရှိမှာတော့ ပြင်သစ်ရုပ်သံ TV5Monde ရုပ်သံလိုင်းရဲ့ တင်ဆက်မှုတွေကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရမှာဖြစ်ပြီး ပြင်သစ်သတင်းစာ Le Monde နဲ့ Ouest-France၊ ဂျာမနီရဲ့ DW ၊ ဗြိတိန်သတင်းစာ Guardian နဲ့အာဖရိကသတင်းဌာနတွေဖြစ်တဲ့ APA နဲ့ Ecofin တို့ကို…

Read More

This Day in History

Voice of Myanmarဗီယက်နမ်စစ်ပွဲအတွင်း တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ(ဟိုချီမင်း)မြို့သည် ၁၉၇၅ ခုနှစ် ဧပြီ ၃၀ ရက်တွင် မြောက်ဗီယက်နမ် တပ်ဖွဲ့ဝင်များလက်အောက် ကျရောက်ခဲ့သည်။

Read More

ရွှေပြည်သာ မီးလောင်မှု နေအိမ် ၃၀ ကျော် ဆုံးရှုံး

ဧပြီ ၂၉ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ ဧပြီ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၄ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် အလုံး ၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ အဲဒီဖြစ်စဉ်မှာ သွားရောက် ကူညီခဲ့တဲ့ ဝိပါက လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မဉ္ဇူလမ်းနဲ့ ဗေဒါလမ်းထောင့်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် စုစုပေါင်း ၃၃ လုံး မီးလောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အိမ်တွေက ဝါး၊ ထရံအိမ်လေးတွေ၊ ပြီးတော့ ရေနံဆီကလည်း သုတ်ထားသေးတယ်ဆိုတော့ ပိုဆိုးသွားတာပေါ့။ အိမ်ခြေလေးတွေကလည်း ကပ်ကပ်လေးတွေ။ တခြား သွပ်တွေဘာတွေ ကာထားတဲ့အိမ်တွေလည်း ရှိတယ်။ အဲဒီအိမ်တွေပါ မီးက…

Read More

တရုတ် နယ်စပ်ဘက်မှာ နေထိုင်ခွင့် သက်တမ်းကုန်သူတွေကို နေထိုင်ခွင့်ပေးရင် အိမ်ရှင်တွေကိုပါ အရေးယူမယ်

ဧပြီ ၂၉၊ ၂၀၂၄Shy V (VOM)တရုတ်နယ်စပ်ဘက်မှာ နေထိုင်ခွင့် သက်တမ်းကုန်လွန်‌နေတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံ နေထိုင်ခွင့် ပေးထားရင် တရုတ်အိမ်ရှင်တွေကိုပါ အရေးယူမှာ ‌ဖြစ်ကြောင်း တရုတ်ဘက် ရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေဆီက သိရပါတယ်။“၅ လပိုင်း ၃၀ ရက်နေ့ ကျော်ရင် ကြက်ဖမ်း၊ ဝက်ဖမ်း ဖမ်းပို့မှာတဲ့။ ဒီ တရုတ်ဘက်မှာက အိမ်ရှင်တွေက နေထိုင်ခွင့် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခေါ်နေတဲ့သူ၊ ရဲတွေ ပြန်ခိုင်းတဲ့ အချိန် မပြန်ခိုင်းသူ အိမ်ရှင်တွေကို တွေ့ရှိရင် ဖမ်းဆီးပြီး ထောင် ၅ လ ချမယ်။ အိမ်ရှင်တွေကိုရော အိမ်ငှားတွေကို တရုတ်ငွေ ယွမ် ၁ သောင်း (သိန်း ၅၀ ကျော်) ဒဏ်ငွေ ပေးဆောင်ရမယ့် အပြင် ၂ ယောက် စလုံး ထောင်ဒဏ်…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြည်တော်သာ နှင့် လူချွန်လူကောင်း

      ဆူးငှက်   သက္ကရာဇ် ၁၂၄၇ ခု ပါတော်မူပြီးနောက် ထီးကျိုးစည်ပေါက် ဖြစ်ပြီး တစ်စုတစ်စည်း တည်းသော အနုပညာရှင်များ ရေဝေးကြာပမာ ဖြစ်ကြရသည်။ ထို့ကြောင့် ရေကြည်ရာ မြက်နုရာ ဆိုသလို ထက်အောက် စုန်ဆန် လွင့်ပါးကြရတော့၏။ အစုအစည်း ပြေပျက်၊ အထိန်းအကွပ်မဲ့ပြီး အားပေးချီးမြှင့်သူလည်း မရှိဖြစ်ကာ တစ်ဘက်ကလည်း အုပ်စိုးသူ လူမျိုးခြား၏ယဉ်ကျေးမှုများက လွှမ်းမိုးလာလေတော့ မြန်မာအနုပညာရှင်များသည် ကိုယ့်ပညာကို ရင်ဝယ် သိမ်းသိမ်းထုပ်ထုပ် ပြုလုပ်ရုံကလွဲပြီး မတတ်နိုင်ကြတော့ပေ။ ရောက်ရာ နေရာဒေသမှာ ကျားကုတ်ကျားခဲ ရပ်တည်ပြီး ကိုယ့်အနုပညာ မပျက်အောင် မနည်းထိန်းသိမ်းနေကြရသည့် ကာလများပဲ ဖြစ်သည်။ မန္တလေး၌ ကျန်ရစ်သော ဝက်မစွပ် ဝန်ထောက်မင်း၊ လှေသင်း အတွင်းဝန်မင်းစသည်ဖြင့် ပုဂ္ဂိုလ်ကြီးများက မြင်တွေ့မှတ်ကြား တတ်သိထားသမျှ မပျောက်မပျက်ရအောင် ရေးချွတ် ထိန်းသိမ်းထားကြရသည်။  …

Read More

နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ရတဲ့ ဓမ္မသရွာကို နေရပ်ပြန်ဖို့ ခေါ်နေပေမယ့် စစ်ရှောင်တွေမပြန်ရဲကြသေး

မော်လမြိုင် ၊ ဧပြီ ၂၉ – ၂၀၂၄ GG (VOM) တိုက်ပွဲကြောင်း လက်နက်ကြီးကျပြီး နေအိမ်ရာနဲ့ချီမီးလောင်ခဲ့ရတဲ့ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိ ဓမ္မသရွာမှာ လက်ရှိတိုက်ပွဲတွေမရှိတော့ဘဲတည်ငြိမ်အေးချမ်းနေပြီဖြစ်လို့ ဒေသခံတွေနေရပ်ပြန်ဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် အသိပေးနေတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ကတော့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်တွေ အတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့အတူလုပ်ဆောင်ပေးမယ့်အပြင် လိုအပ်တာတွေကိုပါကူညီပေးမှာဖြစ်လို့ နေရပ်စွန့်ခွာသူတွေ နေရပ်ပြန်လည်နေထိုင်ကြဖို့ပြောဆိုထားပါတယ်။ ဒါအပြင် ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ဓမ္မသရွာကိုသွားရောက်ပြီး ကျေးရွာထဲကျန်ရှိတဲ့ဒေသခံတွေကို ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာ၊ အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ငွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း (၁၆ )မျိုးပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒေသခံစစ်ရှောင်တွေကတော့ နေရပ်မပြန်ရဲတာကြောင့် ခုချိန်ထိနေရပ်မပြန်ဘဲ မွန်ပြည်နယ်ထဲက မြို့တွေ၊ကရင်ပြည်နယ်ကမြို့တွေမှာစစ်ဘေးရှောင်နေကြဆဲဖြစ်လို့ စစ်ရှောင်တွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကူညီနေသူတဦးကပြောပါတယ်။ ” ငါးသေတ္တာတကဒ်ပါမယ်၊အခုဓမ္မသရွာက ဘယ်လိုအခြေအနေရှိလဲဆိုအိမ်မှမရှိတော့တာဘယ်လိုပြန်ရမလဲ၊သူတို့ကတော့ ပြန်လာကြတော့ဆိုပြီးခေါ်နေတာပဲ။ဘယ်သူမှမပြန်ဘူး၊မပြန်ရဲကြဘူး။တနယ်လုံးခြောက်ကပ်နေတာ၊ကျနော်တို့လည်းမပြန်ရဲဘူး။အိမ်နဲ့ဝေးနေပြီ ” လို့ စစ်ရှောင်ကူညီနေသူကပြောပါတယ်။ ဓမ္မသ ရွာက စစ်ရှောင်တွေထဲက…

Read More

သြစတြေးလျမှာ လေးရက်ကို အမျိုးသမီးတယောက်နှုန်း အသတ်ခံနေရ

ဆစ်ဒနီ၊ ဧပြီ-၂၉-၂၀၂၄ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံမှာ ယခုနှစ်အတွင်း လေးရက်ကြာတိုင်း အမျိုးသမီးတယောက်နှုန်း အသတ်ခံနေရပြီး မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ နိုင်ငံတွင်းမျာ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေကို အမျိုးသားအရေးပေါ်အခြေအနေကြေညာဖို့နဲ့ ဒါတွေကို ရပ်တန့်ဖို့အတွက် သြစတြေးလျအစိုးရက တင်းကြပ်တဲ့ဥပဒေတွေ ချမှတ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။ နိုင်ငံတွင်းမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ အသတ်ခံနေရမှုတွေဟာ အမျိုးသားရေး အကျပ်အတည်းဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ဝန်ခံပြောဆိုထားပါတယ်။ ယဉ်ကျေးမှု၊ သဘောထားအမြင်၊ တရားစီရင်ရေးစနစ်နဲ့ အစိုးရရဲ့ ချဉ်းကပ်မှုတွေကို ပြောင်းလဲဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ယခုလအစောပိုင်းကလည်း ဆစ်ဒနီဈေးဝယ်စင်တာတခုမှာ အမျိုးသားတယောက်က လူခြောက်ယောက်ကို ဓါးနဲ့ထိုးခဲ့ပြီး သေဆုံးသူတွေထဲက ငါးဦးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၏ ပထမ ၁၁၉ ရက်အတွင်း…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၉ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး-၂၉ – ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 145000/ 148000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 145000/148000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 145000/ 148000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 145000/ 148000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ – 1300ကုလားပဲလုံးV2…

Read More
VOM News

FREE
VIEW