ဒီရက်ပိုင်းအတွင်း လူအသတ်ခံရမှုဖြစ်စဥ်တွေဟာ စားသောက်ဆိုင်တွေမှာ အဖြစ်များ

ဧပြီ ၊ ၃ ၊ ၂၀၂၄ SP (VOM) ခုရက်ပိုင်း စားသောက်ဆိုင်တွေထဲမှာ ပစ်ခတ်ခံရလို့ စားသောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ အပါအဝင် လူတချို့ ထိခိုက်သေဆုံးရတဲ့အပြင် တချို့လည်း ဒဏ်ရာရတာတွေ ဖြစ်တယ်လို့ ဖြစ်စဥ်ဖြစ်တဲ့ဒေသတွေက သိရပါတယ်။ ပုသိမ်ကြီးမြို့နယ်ထဲက ပစ်ခတ်ခံရမှုအကြောင်း နယ်မြေခံ တာဝန်ရှိသူ တယောက်က ” မနေ့ ဧပြီ ၂ ရက် မနက် ၈ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် ၊ ငွေတောင်ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ အဆင်းလမ်းမိုင်တိုင်အမှတ် ၁၀/၁ နဲ့ ၁၀/၂ ကြားမှာရှိတဲ့ အောင်ကောင်းမိုး လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်တယ် ၊ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့လာပြီး လက်ရည်ဆိုင်ထဲကို ဝင်ပစ်တာဖြစ်တယ် ၊ အဲ့ဒီ…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၇၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၃၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင် ဆွေးနွေးမှု ထိုင်ဝမ်အရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောထားကွဲလွဲ

ဝါရှင်တန်၊ ဧပြီ-၃-၂-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ နှစ်နိုင်ငံကြား တင်းမာမှုတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ကြိုးပမ်းမှုအဖြစ် ဧပြီ ၂ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။ ရာသီဥတုပြောင်းလဲမှု ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအပါအဝင် မကြာသေးမီက နှစ်နိုင်သဘောတူခဲ့တဲ့ ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်အရေးနဲ့ စီးပွားရေးဆိုင်ရာတွေမှာတော့ သဘောထားကွဲလွဲနေဆဲဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်က ထိုင်ဝမ်ကိုထောက်ခံကြောင်း ပြောဆိုခဲ့ပေမယ့် ရှီကျင်းပင်ကတော့ တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို အနီရောင်မျဉ်းအဖြစ် ခေါ်ဝေါ် သုံးနှုန်းခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ တရုတ်စီးပွားရေး ၊ကုန်သွယ်မှု၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေကို ဖိနှိပ်ဖို့ အဆုံးမရှိလုပ်ဆောင်မှုဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်က ပြောပါတယ်။ သူတို့ရဲ့ ဆွေးနွေးမှုဟာ သဘောထားကွဲလွဲမှုတွေရှိပေမယ့် ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်တယ်လို့ အိမ်ဖြူတော်နဲ့ တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:BBC Photo:Getty…

Read More

This Day in History

Voice of Myanmar တောင်ဗီယက်နမ်ကို မြောက်ဗီယက်နမ်က ကျူးကျော်တိုက်ခိုက်မှု စတင်ပြီးနောက် အမေရိကန်သည် မြောက်ဗီယက်နမ်အပေါ် ဖြစ်နိုင်ခြေရှိသည့် လေကြောင်းတိုက်ခိုက်မှုများအတွက် ဘီ-၅၂ ဗုံးကြဲလေယာဉ်များအပါအဝင် ရာနှင့်ချီသည့် တိုက်လေယာဉ်များကို ၁၉၇၂ ခုနှစ် ဧပြီ ၃ ရက်တွင် အသင့်အနေအထား စတင်ပြင်ဆင်ခဲ့သည်။

Read More

ပဲခူး ပဲနွယ်ကုန်းစျေး မီးလောင်မှု သုံးနာရီကျော်ကြာပေမယ့် မငြိမ်းသတ်နိုင်သေး ၊နေအိမ်တွေပါ ကူးစက်လောင်ကျွမ်းနေ

ဧပြီ ၂ ၊၂၀၂၄ GG (VOM) ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ၊ ပဲနွယ်ကုန်းမြို့က စည်ပင်သာယာစျေးကြီး မီးလောင်ကျွမ်းနေတဲ့အပြင် နေအိမ်တွေကိုပါ မီးကူးစက်လောင်နေတယ်လို့သိရပါတယ်။ ညနေ ၆ နာရီလောက်ကတည်းက မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး လက်ရှိ ည၉ နာရီကျော်တဲ့အထိ မီးလောင်ကျွမ်းနေဆဲဖြစ်လို့ မီးငြိမ်းသတ်ဖို့ အကူအညီတွေလိုအပ်နေပါတယ်။ မီးလောင်မှုကို ပဲနွယ်ကုန်းမီးသတ်ကငြိမ်းသတ်နေပြီး ဖြူး၊ညောင်ပင်သာ၊ကညွှတ်ကွင်းက မီးသတ်ကားတွေလည်း မီးငြိမိးသတ်ဖို့သွားရောက်နေကြသလို တောင်ငူကလေည်း ကယ်ဆယ်ရေးအဖွဲ့တွေ ထွက်ခွာနေတယ်လို့သိရပါတယ်။ Photo: ပဲနွယ်ကုန်းမြို့ဒေသခံ

Read More

ကိုဗစ် ကာလက စပြီး ပွဲမဖြစ်ခဲ့တဲ့ အလုံဘိုးတော်ကြီးပွဲ ဒီကနေ့ ကျွဲလှည်းဝင်

ဧပြီ ၊ ၂ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အလုံတပ်မြို့မှာရှိတဲ့ အလုံဘိုးတော်ကြီး နတ်ပွဲကို ဒီကနေ့ မနက်ပိုင်းက နှစ်စဥ်နှစ်တိုင်းကလို ကျွဲလှည်းဝင်ရောက်ခဲ့ပြီး ကိုးကွယ်ယုံကြည်သူတွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။ အလုံဘိုးတော်ကြီး နန်းထိန်း တာဝန်ရှိသူတယောက်က ” အလုံဘိုးတော်ကြီးပွဲဆိုတာ အဓိကတော့ ရိုးရာဓလေ့ ပူဇော်ဆက်သတဲ့ပွဲဖြစ်တယ် ၊ ပွဲတော်လာရင်း စျေးရောင်းစျေးဝယ်တွေ အထူးစည်ကားတဲ့စျေးပွဲတော်လည်းဖြစ်တယ် ၊ နှစ်စဥ် တပေါင်းလပြည့်ကျော် ၉ ရက်ကနေ ၁၃ ရက်နေ့အထိကျင်းပတာဖြစ်တယ် ” လို့ ပြောပါတယ်။ အဲ့ဒီ အလုံဘိုးတော်ကြီးပွဲဟာ လွန်ခဲ့တဲ့ ၂၀၂၀ ကနေ ကိုဗစ်ရောဂါကြောင့် မကျင်းပခဲ့ရတာ လေးနှစ်ရှိပြီလို့ သိရပါတယ်။ ဒီလတွေမှာ ကျင်းပတဲ့ မကွေးတိုင်း ၊ ရေစကြိုမြို့နယ်ထဲက ပခန်းကိုကြီးကျော်နတ်ပွဲ ၊…

Read More

ရွှေရောင်းဝယ်ရေး အသိအမှတ်ပြုလိုင်စင်မရှိဘဲ ရောင်းဝယ်နေတဲ့ ရန်ကုန်နဲ့ မန္တလေးက လုပ်ငန်းရှင်တွေကို အရေးယူမှု စတင်

ရွှေရောင်းဝယ်ရေး အသိအမှတ်ပြုလိုင်စင်မရှိဘဲ ရောင်းဝယ်နေတဲ့ ရန်ကုန်နဲ့ မန္တလေးက လုပ်ငန်းရှင်တွေကို အရေးယူမှု စတင်

Read More

နေပြည်တော်က ကားမိုင်း အချိန်မီ ထိမ်းသိမ်းနိုင်

နေပြည်တော် ၊ ဧပြီ ၂-၂၀၂၄ KT(VOM) နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိ ဟိုတယ်ဇုံမှာ 5F 2047 Toyota Passo အဖြူရောင်ယာဉ် ရပ်တန့်ထားတာကြာလို့ဆိုပြီး ဟိုတယ်တာဝန်ခံက သက်ဆိုင်ရာကို အကြောင်းကြားတာကြောင့် အချိန်မီ မပေါက်ကွဲခင် ရှင်းလင်းနိုင်ခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သ်ိရပါတယ်။ အဲဒီကားဟာ ၂၄.၃.၂၄ ရက် နေ့မှစထားခဲ့ကြောင်းနဲ့ ကားထိုင်ခုံရှေ့ ခုံေတွဖြုတ်ထားပြီး သစ်သားတွေနဲ့ပြန်လည်တပ်ဆင်ကာ အဝေးထိန်း စနစ်နဲ့ မောင်းနှင်နိုင်တဲ့ ပုံစံပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းမှ သက်ဆိုင်ရာကို အကြောင်းကြားလို့ သိရတာမို့ အဲဒီမိုင်းကို သက်မဲ့ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်စဥ်ဟာ နေပြည်တော်မှာ ပထမဆုံးဖြစ်စဥ်မို့ လုံခြုံရေးအဖွဲ့တွေက အထူးစုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Read More

ကနီမြို့နယ်မှာ တိုက်ပွဲရှောင်ရတာ ရက်ကြာလာလို့. တိုက်ပွဲရှောင်တွေ စားဝတ်နေရေး အခက်ကြုံလာနေ

မတ် ၊ ၃ ၊ ၂၀၂၄ SP ( VOM)     ပြီးခဲ့တဲ့ မတ် ၂ ရက်ကစလို့ ၁၂ ရက်အထိ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ကနီမြို့နယ်မှာ နစက လုံခြုံရေး အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ဆယ်ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့အထိ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်နေတဲ့အတွက် တိုက်ပွဲရှောင်တွေဟာ အခုထိ နေရပ်မပြန်နိုင်ရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။     ” ကနီမြို့ပေါ်မှာ တိုက်ပွဲက ပြီးပြီ ၊ နောက်ဆက်တွဲ နယ်မြေရှင်းလင်းတာတွေ ဆက်ပြီးလုပ်နေတယ် ၊ အဲ့ဒါကြောင့် နေရပ်မပြန်နိုင်သေးဘူး ၊ နီးစပ်ရာတောတောင်တွေထဲမှာ တိုက်ပွဲရှောင်နေရတယ် ၊ ဒီကနေ့ဆို တလပြည့်ပြီ ၊ ကနီနယ်ကို နှစ်ဘက်စလုံးက…

Read More

ဘုန်းကြီးနဲ့ သီလရှင် အသတ်ခံရမှု တရာဝန်းကျင်ရှိလာ

ဧပြီ ၊ ၃ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မကွေးတိုင်း မြိုင်မြို့အပါအဝင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ဘက်တွေမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်မှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူ အရေအတွက်ထဲမှာ ဘုန်းကြီးနဲ့ သီလရှင်တွေပါဝင်နေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “ပြီးခဲ့တဲ့ မတ် တလထဲမှာ ဘုန်းကြီး ငါးပါးနဲ့ သီလရှင် တပါး ၊ စုစုပေါင်း ခြောက်ပါး အသတ်ခံရတယ် ၊ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေရဲ့ ဖမ်းဆီးခံရတာက ဘုန်းကြီး နှစ်ပါး ၊ ကိုရင် နှစ်ပါး ၊ ကပ္ပိယ သုံးယောက် နဲ့ သီလရှင် ကိုးပါး ဖြစ်တယ် ၊ အဲ့ဒီထဲက သီလရှင် ငါးပါးကတော့ သူ့တို့နေရပ်က အိမ်တွေမှာ…

Read More
VOM News

FREE
VIEW