Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၉၆၀ ကျပ် ဝယ်ဈေး – ၃၉၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၈၀ ကျပ် ဝယ်ဈေး – ၂၈၃၀ ကျပ် -ယူရို ရောင်းဈေး – ၄၃၀၁ ကျပ် ဝယ်ဈေး – ၄၂၁၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၇.၅၃ ကျပ် ဝယ်ဈေး – ၁၀၅.၂၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၈၇ ကျပ် ဝယ်ဈေး – ၈၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၄၂ ကျပ် ဝယ်ဈေး – ၅၃၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read MoreMonth: April 2024
ယနေ့ ရွှေဈေး (ဧပြီ – ၂၇ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၅၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပူတာအိုမှာ ဒီဇယ်ဆီ ပြတ်လပ်လာလို့ လယ်ယာလုပ်ကိုင်ဖို့ အခက်အခဲဖြစ်လာ
ဧပြီ ၂၇၊ ၂၀၂၄Shy V (VOM)ကချင်ပြည်နယ်၊ ပူတာအိုမှာ ဒီဇယ်ဆီ ပြတ်လပ်လာလို့ လယ်ယာလုပ်ဖို့ အခက်အခဲဖြစ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။“ဒီဇယ် ၁ ဂါလံ ၇၅၀၀၀ ထိ ရောက်သွားပြီ။ လယ်လုပ်ဖို့တောင် စိတ်ကုန်သွားပြီ။ ဒီဇယ် ၅ ဂါလံ တပုံး သုံးသိန်းခန့်ထိ ရောက်သွားပြီ။” လို့ ဒေသခံ လယ်သမား တယောက်က ပြောပါတယ်။မြစ်ကြီးနား – ပူတာအိုကြား ဆွမ်ပရာဘွမ်ဘက်မှာ တိုက်ပွဲ ဖြစ်ပွား နေတာကြောင့် လမ်းပိတ်ထားတာ နှစ်လ ကျော်ပြီ ဖြစ်ပြီး ကုန်စည်တွေ ဝင်ဖို့ တခြားလမ်းလည်း မရှိဘူးလို့ သူက ပြောပါတယ်။“ပူတာအို ဒေသမှာ ကျွဲ၊ နွားတွေ သိပ်မသုံးတော့ ဘူးလေ။ စက်နဲ့ပဲ အများဆုံး သုံးတယ်ဆိုတော့ ကျွဲ၊ နွားတွေ အကုန်ရောင်းစားလိုက်ကုန်ပြီ။ ကျွဲ၊ နွား…
Read Moreယူကရိန်းစစ်ပွဲအတွက် ရုရှားကို ထောက်ပံ့တာတွေမရပ်ရင် တရုတ်နိုင်ငံကို တုံ့ပြန်သွားမယ်လို့ အမေရိကန်ပြော
ပေကျင်း၊ ဧပြီ-၂၇-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ပစ္စည်းတွေကို တရုတ်နိုင်ငံက ရုရှားကို ထောက်ပံ့တာမရပ်ဘူးဆိုရင် အမေရိကန်အနေနဲ့ တုံ့ပြန်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။တရုတ်နိုင်ငံဟာ စစ်အေးခေတ်နောက်ပိုင်း ဥရောပလုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်ခြောက်မှုကို တရုတ်က မီးလောင်ရာလေပင့်လုပ်နေတယ်ဆိုတာကို မဟာမိတ်နိုင်ငံ လုပ်ဖော်ကိုင်ဖက်တွေကို ရှင်းလင်းအသိပေးခဲ့တယ်လို့ ဘလင်ကင်က ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆိုပါတယ်။ယူကရိန်းစစ်ပွဲအတွက် ရုရှားကို တရုတ်က ထောက်ပံ့နေတာတွေနဲ့ပတ်သက်ပြီး ဘယ်လို တုံ့ပြန်အရေးယူဖို့ ပြင်ဆင်ထားလဲ ဆိုတာကိုတော့ ဘလင်ကင်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။အစ္စရေနဲ ထိပ်တိုက်ပဋိပက္ခတွေ မြင့်တက်လာမှုကို တားဆီးဖို့အတွက် တရုတ်နိုင်ငံဟာ အီရန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးကို အသုံးချပြီး အရှေ့အလယ်ပိုင်းအရေးအတွက် အပြုသဘောဆောင် အခန်းကဏ္ဍမှ ပါဝင်နိုင်တယ်လို့ ဘလင်ကင်က အလေးပေးပြောဆိုသည်။ဘလင်ကင်ဟာ ၁၀ လတာကာလအတွင်း တရုတ်နိုင်ငံကို ဒုတိယအကြိမ်ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်ဟာ ပြိုင်ဘက်အင်အားကြီးနှစ်နိုင်ငံအကြား တင်းမာမှုများလျော့ပါးရန် သံတမန်ရေးရာ သိသာထင်ရှားတဲ့ တိုးတက်မှုတရပ်ဖြစ်ပါတယ်။တရုတ်နိုင်ငံဘက်ကတော့ တောင်တရုတ်ပင်လယ်အရေးနဲ့ ထိုင်ဝမ်အရေးလိုမျိုးတွေမှာ တရုတ်နိုင်ငံဘက်က…
Read MoreThis Day in History
Voice of Myanamarအမေရိကန်သမိုင်းတွင် အဆိုးရွားဆုံးသော ရေကြောင်းဆိုင်ရာ မတော်တဆမှုအဖြစ် ပြည်တွင်းစစ်အတွင်း စစ်သားဟောင်း အများစုလိုက်ပါလာသော SS Sultana သင်္ဘောသည် မစ္စစ္စပီမြစ်တွင် ၁၈၆၅ ခုနှစ် ဧပြီ ၂၇ ရက်က ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၈၀၀ ကျော်သေဆုံးခဲ့သည်။
Read Moreမြန်မာ့အရေး ဖြေရှင်းရာမှာ ပိုမိုအားကောင်းတဲ့ အာဆီယံကို မြင်ချင်တယ်လို့ ထိုင်းအစိုးရ တိုက်တွန်း
ဘန်ကောက်၊ ဧပြီ-၂၇-၂၀၂၄မျိုးဆက်(VOM)မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးကြိုးပမ်းရာမှာ အာဆီယံအနေနဲ့ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။ထိုင်း-မြန်မာနယ်စပ်မှာ ကုန်သွယ်မှုတွေ ရပ်တန့်ပြီး ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေ ယာယီဝင်ရောက်မှု ဖြစ်ပွားခဲ့တဲ့ မြန်မာနယ်စပ်က တိုက်ပွဲတွေဖြစ်ပွားအပြီးမှာ ထိုင်းအစိုးရက အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။အာဆီယံအဖွဲ့နဲ့ မြန်မာအာဏာပိုင်တွေအကြား ၂၀၂၁ ခုနှစ်က ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်မှု အားနည်းတဲ့အပေါ်လည်း ဒေသတွင်းမှာ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။“ ပိုမိုအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့ မြင်ချင်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့တော့ အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ လာအိုနိုင်ငံနဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။“ အတိုက်အခံတွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေက ထိုင်းနဲ့အရမ်းနီးတဲ့ မြ၀တီထိရောက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အာဆီယံအနေနဲ့ ပိုပြီးတော့ လုပ်ဖို့လိုတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။မြန်မာ့အရေး ဖြေရှင်းရေးနဲ့ပတ်သက်ပြီး…
Read Moreတရုတ်နယ်စပ်ရောက် နေထိုင်ခွင့် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားအားလုံး ဧပြီလ ၂၈ ရက် နောက်ဆုံးထား ပြည်တော်ပြန် စာရင်းသွင်းရမယ်
ဧပြီ ၂၆၊ ၂၀၂၄Shy V VOM)တရုတ်နယ်စပ်ရောက် နေထိုင်ခွင့် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားအားလုံး ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြည်တော်ပြန် စာရင်းသွင်းရမယ်လို့ တရုတ်ရဲတွေက လိုက် အသိပေးနေကြောင်း တရုတ် နယ်စပ်ရောက် မြန်မာ နိုင်ငံသားတွေဆီက သိရပါတယ်။“ပြန်ရမယ်တဲ့။ မနေ့ည ကတည်းက ရဲစခန်းက လာပြောတယ် ဒီ ၂၈ ရက်နေ့ နောက်ဆုံး ရဲစခန်းမှာ စာရင်းလာထည့်ဖို့ ပြောတယ်။ မြန်မာနိုင်ငံသား အားလုံး နေထိုင်ခွင့် သက်တမ်းကုန် သွားတဲ့ သူတွေ။ တပတ်ကဒ် သက်တမ်း လွန်သူတွေရော စာအုပ်အဟောင်း သက်တမ်းလွန်နေသူတွေရော ဒီ ၂၈ ရက်နေ့ စာရင်း လာသွင်းရမယ်ပြောတယ်။ စာရင်း မသွင်းပဲနဲ့ သူတို့ အိမ်တိုင်း လာစစ်လို့မိရင် ပြည်ဝင်ခွင့် ၅ နှစ်ပိတ်ပြီး တခါထဲ ဖမ်းပို့ မှာတဲ့။”…
Read Moreယနေ့ ရွှေဈေး (ဧပြီ – ၂၆ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၄၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreလှည်းတန်း တံတားပေါ်ကနေ အမျိုးသမီးငယ်တယောက် ခုန်ချမှုဖြစ်ပွား
ဧပြီ ၂၆ – ၂၀၂၄ SN (VOM) ဒီကနေ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းတံတားပေါ်ကနေ အမျိုးသမီးငယ်တယောက် ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းဆီက သိရပါတယ်။ “ခုန်ချတာကတော့ ၁၂ နာရီ၊ ၁၀ မိနစ်လောက်ကလို့ သိရတယ်။ ကျွန်တော်တို့ဆီ ဖုန်းသတင်းဝင်တာတော့ ၁၂ နာရီ ၁၄ မိနစ်မှာ။ ကျွန်တော်ရောက်သွားတဲ့ အချိန်မှာတော့ လူနာက ညာဘက်ခြေထောက် ဒူးခေါင်းကနေ လည်ထွက်သွားတဲ့ အခြေအနေရှိတယ်။ ပြီးတော့ ခုန်ချတဲ့ဒဏ်ကြောင့် ကျောကုန်းတို့၊ ဇတ်ပိုးတို့၊ နေရာတချို့ နာကျင်တာတွေရှိတယ်။ လူနာက သတိတွေဘာတော့ အနည်းငယ် ကောင်းမွန်တယ်” လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက တာဝန်သူတယောက်က ပြောပါတယ်။ တံတားပေါ်က ခုန်ချခဲ့သူဟာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိပြီး အနာဂတ်အလင်းတန်း ပရဟိတအသင်းအနေနဲ့…
Read MoreTikTok က ရှယ်ယာတွေ ရောင်းချမှာမဟုတ်ဘဲ အမေရိကန်အစိုးရကို ဥပဒေကြောင်းအရ ရင်ဆိုင်မယ်
ဝါရှင်တန်၊ ဧပြီ-၂၆-၂၀၂၄မျိုးဆက်(VOM)လူကြိုက်များတဲ့ ဗီဒီယိုအက်ပလီကေးရှင်းဖြစ်တဲ့ TikTok ရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ဒါမှမဟုတ်ရင် အမေရိကန်မှာ ပိတ်ပင်မယ့် ဥပဒေတရပ်ကို ပြဌာန်းလိုက်ပေမယ့် ရှယ်ယာတွေရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ TikTok ကိုပိုင်ဆိုင်တဲ့ ဘိုက်ဒန့်ကုမ္ပဏီက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။“ ဘိုက်ဒန့် ကုမ္ပဏီအနေနဲ့ TikTok ကို ရောင်းချဖို့ အစီအစဉ်မရှိဘူး” ကုမ္ပဏီက ပြောပါတယ်။ ဒီလိုဥပဒေပြဌာန်းလိုက်တာဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောဆိုထားပြီး ဥပဒေကြောင်းအရ ရင်ဆိုင်မယ်လို့ ဆိုပါတယ်။TikTok ကိုရောင်းချဖို့ လုပ်ဆောင်နေကြောင်း သတင်းတွေထွက်ပေါ်လာတာဟာ ကောလဟာလတွေသာ ဖြစ်တယ်လို့ ဘိုက်ဒန့်ကုမ္ပဏီက ပြောပါတယ်။ TikTok ကိုရောင်းချဖို့ သို့မဟုတ် တားမြစ်ပိတ်ပင်မယ့် ဥပဒေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီ ၂၄ ရက်မှာ ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။တရုတ်အစိုးရဟာ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ် တင်းကျပ်စွာထိန်းချုပ်မှုတွေရှိနေတာကြောင့် TikTok ပိုင်ရှင် ဘိုက်ဒန့်ကုမ္ပဏီအပေါ် ဘယ်လိုထိန်းချုပ်နေလည်းဆိုတာနဲ့ အချက်အလက်လွှဲပြောင်းပေးနိုင်ခြေတွေအပေါ်…
Read More