မန္တလေး ကုန်စည်ဒိုင် ၂၆ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး-၂၆ – ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ – 1300/ကုလားပဲလုံးV2…

Read More

စံချိန်တင်အပူဆုံးဖြစ်နေတဲ့ မကွေးတိုင်းအပါအဝင် ဒေသငါးခုမှာ နေ့အပူချိန်ဆက်တိုးမယ်ဧပြီ ၂၆ – ၂၀၂၄SN (VOM)စံချိန်တင်အပူဆုံးဖြစ်နေတဲ့ မကွေးတိုင်းအပါအဝင် ဒေသတချို့မှာ နေ့အပူချိန်တွေ ဆက်လက် တိုးလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မနေ့ ဧပြီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။နေ့အပူချိန် တိုးလာနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုတို့ဖြစ်ပြီး လက်ရှိ အပူချိန်ထက် ၁ ဒီဂရီ စင်တီဂရိတ် ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။“အပူချိန်တွေက အများဆုံးတက်လည်း ၁ ဒီဂရီလောက်၊ လက်ရှိအနေအထားထက် နည်းနည်းလေးပဲတက်မှာပေါ့။ လာမယ့် နှစ်ရက်၊ သုံးရက်လောက်၊ ဧပြီ ၂၆ ရက်ကနေ ၂၈ ရက် အတွင်းမှာပါ။ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ အလယ်ပိုင်းဒေသတွေမှာ အပူချိန် နည်းနည်းလေး ထပ်မြင့်လာနိုင်တယ်” လို့ မိုး/ဇလဌာန ညွှန်ကြားရေးမှူး…

Read More

မြဝတီမြို့တောင်ဘက် လေးကေ့ကော်၊ လက်ခတ်တောင်ဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

ရန်ကုန်၊ ဧပြီ ၂၆ – ၂၀၂၄GG (VOM)ကရင်ပြည်နယ်၊ မြဝတီမြို့ပြင် လက်ခတ်တောင် နဲ့ လေးကေ့ကော်ဘက်မှာ တိုက်ပွဲ ပြန်ဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းပစ်ကူမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” ညကတည်း ကပစ်ခတ်သံတွေကြားရတယ်။မြဝတီနဲ့က ဝေးတယ်ဆိုပေမယ့် ညကလူခြေတိတ်တော့ကြားရတယ်။ခုမနက်ပိုင်းတော့ အသံတွေသိပ်မကြားရဘူး။မြဝတီကတော့ငြိမ်နေပါတယ်။ခုကလေးကေ့ကော်ဘက်ဖြစ်နေတာပါ ” လို့ မြဝတီဒေသခံကပြောပါတယ်။မနေ့က ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ နစကဘက်က လေကြောင်း ပစ်ခတ်မှုရှိပြီး လက်နက်ကြီး ပစ်ခတ်ပေါက်ကွဲသံတွေ ကြားခဲ့ရတာဖြစ်ကြောင်း ဒီကနေ့ဧပြီ ၂၆ ရက်မှာတော့ ပစ်ခတ်တာမျိုးမရှိဘဲ ငြိမ်နေတယ်လို့သိရပါတယ်။” ညက လေကြောင်းပစ်ခတ်မှုတွေရှိခဲ့တယ်။ ခုမနက်တော့ ငြိမ်နေတယ်၊ ပစ်ခတ်သံတွေမကြားရဘူး။ဒီဘက်မှာတိုက်ပွဲတွေမဖြစ်တာတော့ကြာပြီ၊အခုပြန်ပြီး ပစ်ခတ်တာဖြစ်တယ်ပြောရမယ် ” လို့ လေးကေ့ကော်တိုက်ပွဲတွေကြောင့် နှစ်ချီကြာစစ်ရှောင်နေရသူတယောက် ကပြောပါတယ်။လေးကေ့ကော်ဒေသမှာ နစက တပ်တွေနဲ့ KNU တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေက ပြီးခဲ့တဲ့ ၂၀၂၁ ထဲက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြားထဲမှာ တိုက်ပွဲဖြစ်လိုက်…

Read More

နှစ်နိုင်ငံ ဆက်ဆံရေးမှာ သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းတွေကို မကျော်မိစေဖို့ အမေရိကန်ကို တရုတ်သတိပေး

ပေကျင်း၊ ဧပြီ-၂၆၂-၂၄မျိုးဆက်(VOM)အမေရိကန်နဲ့အနေနဲ့ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းတွေကို မကျော်မိစေဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ ပေကျင်းမှာ တွေ့ဆုံစဉ် သတိပေးလိုက်ပါတယ်။“ တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ တည်ငြိမ်မှုတွေနဲ့အတူ အတူရှေ့ဆက်သွားသင့်သလား ဒါမှမဟုတ် အရင်လို တင်းမာမှုတွေဆီကို ပြန်သွားသင့်သလား” ဆိုတဲ့ မေးခွန်းနဲ့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အစည်းအဝေးကို စတင်ခဲ့ပါတယ်။တရုတ်-အမေရိကန်ဆက်ဆံရေးဟာ တည်ငြိမ်စပြုနေပြီဖြစ်ပေမယ့် အနှုတ်လက္ခဏာဆောင်တဲ့ အချက်တွေနဲ့ စမ်းသပ်ခံနေရဆဲဖြစ်တယ်လို့ ဝမ်ယီကပြောပါတယ်။ တရုတ်နိုင်ငံဟာ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနီရောင်မျဉ်းချမှတ်ထားပြီး ဒါကိုကျော်မလာဖို့ အမေရိကန်ကို သတိပေးထားပါတယ်။“ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ အနှုတ်လက္ခဏာဆောင်တဲ့အချက်တွေ တိုးလာနေဆဲဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ အနှောက်အယှက်မျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်” လို့ ဝမ်ယီကပြောပါတယ်။တရုတ်နဲ့ အမေရိကန်တို့အနေဖြင့် တက်ကြွသော သံခင်းတမန်ခင်းနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်ရန် တူညီသော တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဆိုသည်။ဘလင်ကင်ရဲ့ တနှစ်အတွင်း ဒုတိယမြောက်…

Read More

ကျောက်ဆည်မြို့က အိုးဝေတစီးနဲ့ ယာဥ်မောင်းတဦး အဆက်အသွယ်မရ ပျောက်ဆုံး

ကျောက်ဆည်၊ ဧပြီ – ၂၆- ၂၀၂၄SA(VOM)မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးရှေ့မှာ ဂိတ်ထိုးတဲ့ အိုးဝေယာဥ်မောင်းတဦး ဧပြီ လ ၁၉ ရက်နေ့က ယာဥ်အငှားလိုက်သွားရင်းကနေ ဒီကနေ့အချိန်ထိ အဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ပျောက်ဆုံးနေသူ ကိုအောင်ကိုကို ဟာ ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆည်ဆေးရုံရှေ့မှာရှိတဲ့ အိုးဝေဂိတ်မှာ စစ်ကိုင်းမြို့ကို အောက်စီဂျင်အိုးပို့ချင်တယ်ဆိုပြီး အမျိုး သားနှစ်ယောက်က အိုးဝေလာငှားလို့ လိုက်သွားပြီးကတည်းက အဆက်အသွယ်မရတော့တာလို့ အိုးဝေဂိတ်က ယာဥ်မောင်တဦးက ပြောပါတယ်။” စဥ့်ကိုင်တိုးဂိတ်အထွက်မှာတော့ CCTV မှတ်တမ်းအရ သူ့ဘေးကနေ ညှပ်ပြီးထိုင်လိုက်သွားတဲ့ အနေအ ထားတွေ့ရတယ်၊ အနောက်မှာတော့ အောက်စီဂျင်အိုးတင်ထားတာ မတွေ့ရဘူး” လို့ ကိုအောင်ကိုကို ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။အိုးဝေယာဥ်အမှတ် MDY 12 U/4403 ယာဥ်တစီးနဲ့အတူ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ကိုအောင်ကိုကို ကို ဒီကနေ့အချိန်ထိ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၆ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၀၀ ကျပ်ဝယ်ဈေး – ၃၈၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၇၀ ကျပ်ဝယ်ဈေး – ၂၈၂၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၂ ကျပ်ဝယ်ဈေး – ၈၇၂ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၃၅ ကျပ်ဝယ်ဈေး – ၅၂၅ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၅၉ ကျပ်ဝယ်ဈေး – ၂၅.၀၅ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၇၅ ကျပ်ဝယ်ဈေး – ၄၆.၇၅ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၈ ကျပ်ဝယ်ဈေး – ၂.၈၂ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၆၁ ကျပ်ဝယ်ဈေး…

Read More

တန်ဇန်းနီးယားမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၅၀ ကျော်သေဆုံး

ဒိုဒိုမာ၊ ဧပြီ-၂၆-၂၀၂၄မျိုးဆက်(VOM)တန်ဇန်းနီးယားနိုင်ငံမှာ အယ်လမို်နီညိုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားကာ လူ ၁၅၅ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။မေလအတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး ရေကြီးလေ့ရှိတဲ့ ဒေသကလူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တန်ဇန်နီးယားဝန်ကြီးချုပ် ကတ်ဆင်မာဂျာလီဝါက ပြောပါတယ်။လူဦးရေ နှစ်သိန်းနဲ့ အိမ်ထောင်စု ငါးထောင်ကျော် ရေဘေးသင့်ခဲ့ရတယ်လို့ သူကဆိုပါတယ်။ အိမ်နီးချင်း ကင်ညာနဲ့ ဘူရွန်ဒီတို့မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ဒေသတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။ဇန်နဝါရီလကတည်းက ရေဘေးကြောင့် သေဆုံးသူ ၁၅၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၃၆ ယောက်ရှိပြီး ပျက်စီးဆုံးရှုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လဲ့တယ်လို့ ဝန်ကြီးချုပ်က ပါလီမန်မှာ တင်ပြရာမှာပြောပါတယ်။အိမ်နီးချင်း ကင်ညာနိုင်ငံ မြို့တောင်္နိုင်ရိုဘီမှာလည်း ရေဘေးကြောင့် ဆိုးရွားစွာ ထိခိုက်နေပြီး ယခုသီတင်းပတ်အတွင်း လူ ၁၀ ယောက်သေဆုံးခဲ့ကာ မတ်လမှစပြီး သေဆုံးသူ ၄၅ ယောက်ရှိတယ်လို့ သိရပါတယ်။ဘူရွန်ဒီနိုင်ငံမှာလည်း ရေဘေးကြောင့်…

Read More

This Day in History

Voice of Myanmarယူကရိန်းနိုင်ငံ ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေးစက်ရုံသည် ၁၉၈၆ ခုနှစ် ဧပြီ ၂၆ ရက်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီး လေထုထဲသို့ ရေဒီယိုသတ္တိကြွပစ္စည်း အမြောက်အများစွန့်ထုတ်ခဲ့မှုကြောင့် ဆိုးရွားသော သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးတခု ဖြစ်ပွားခဲ့သည်။

Read More

မန္တလေးမှာ ဘာမှသုံးမရလို့ မြစ်ထဲ ကန်ချလိုက်တာ ရန်ကုန်မှာသောင်တင်ပြီး ရုပ်ရှင်ဒါရိုက်တာတော့ ဖြစ်ပါသေးတယ်

      ဆူးငှက်         “အပျော်တမ်း”ဟူသော စကားလုံးက မန္တလေးမှာ အထူးသဖြင့် အသုံးများသည်ဟု ထင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၊ ၉၀လောက် ကတည်းက ‘အပျော်တမ်း’ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြ၏။ “အပျော်တမ်း ခြင်းလုံးအသင်း”၊“အပျော်တမ်း တူရိယာအသင်း”၊ “အပျော်တမ်း  ကြက်တောင်ကလပ်”၊ “အပျော်တမ်း အလေးမအသင်း” စသည် စသည်ဖြင့် ဖြစ်ပါ၏။     တကယ်တော့ မန္တလေးသည် မြို့ပြ စတင် ဖွဲ့စည်း ကတည်းက “တူရာ တူရာ” စုဖွဲ့သည့် မြို့ပြပုံစံ ဖြစ်သည်။ အမရပူရနေပြည်တော်မှ ပြောင်းရွှေ့လာကတည်းက အမရပူရ နေပြည်တော်တွင် အခြေတကျ နေထိုင်ခဲ့ကြသည့် ရပ်ကွက်အတိုင်း “တူရာအိမ်နီးချင်း”များကို စုသည်။ ဥပမာ ဈေးချို၊ ဝါးတန်း သည်တို့ ဖြစ်၏။…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW