ဉာဏ်ရည်တုနည်းပညာကြောင့် လာမယ့်နှစ်မှာ ကမ္ဘာတဝန်း အလုပ်အကိုင်တွေရဲ့ ၄၀ ရာခိုင်နှုန်း ထိခိုက်နိုင်



ဇူးရစ်၊ မေ-၁၄-၂၀၂၄
မျိုးဆက်(VOM)

ဉာဏ်ရည်တုနည်းပညာဟာ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားစျေးကွက်ကို ဆူနာမီလှိုင်းလို ထိပါးသက်ရောက်နေပြီလို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က သတိပေးလိုက်ပါတယ်။

လာမယ့်နှစ်အတွင်းမှာ ဉာဏ်ရည်တုနည်းပညာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အလုပ်အကိုင် ၆၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာတဝန်းရှိအလုပ်အကိုင်တွေရဲ့ ၄၀ ရာခိုင်နှုန်းကို သက်ရောက်မှုရှိနိုင်တယ်လို့ ဇူးရစ်တက္ကသိုလ်က ကြီးမှူးပြုလုပ်တဲ့ အခမ်းအနားတခုမှာ အိုင်အမ်အက်ဖ် ညွှန်ကြားရေးမှူး ခရစ်တာလီနာဂျော်ဂျီဗာက ပြောပါတယ်။

လူတွေက ဒါတွေအတွက် အဆင်သင့်ဖြစ်အောင်လုပ်ဖို့ အချိန်နည်းနည်းပဲရှိတော့ပေမယ့် စီးပွားရေးလုပ်ငန်းတွေဘက်တော့ ဉာဏ်ရည်တုနည်းပညာကိုသုံးဖို့ အသင့်ဖြစ်နေကြပြီ လို့ သူကဆိုပါတယ်။

ဉာဏ်ရည်တုနည်းပညာကို ကောင်းစွာစီမံခန့်ခွဲပါက ကုန်ထုတ်စွမ်းအားကို သိသိသာသာ တိုးမြင့်စေလာနိုင်ပေမယ့် စီမံခန့်ခွဲမှုလွဲမှားရင်တော့ သတင်းတုသတင်းမှားတွေ ပိုမိုဖြစ်ပေါ်စေသလို မိမိတို့ လူ့အဖွဲ့အစည်းမှာလည်း မညီမျှမှုတွေ ပိုများလာနိုင်တယ် လို့ အိုင်အမ်အက်ဖ် ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဉာဏ်ရည်တုနည်းပညာရဲ့ ပတ်သက်ပြီး အန္တရာယ်တွေ လျော့ပါးရေးအတွက် အမေရိကန်နဲ့ တရုတ်တို့အကြား ဂျီနီဗာမှာ ဒီနေ့ဆွေးနွေးဖို့လည်းရှိနေပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲတွေကြောင့် ကမ္ဘာ့စီးပွားရေးဟာ မကြာသေးမီနှစ်တွေအတွင်း တုန်လှုပ်ခြောက်ခြားဖွယ် ကြုံခဲ့ရပေမယ့် မျှော်လင့်ထားတာထက် သိသိသာသာ ခံနိုင်ရည်ရှိနေဆဲဖြစ်တယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။

Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW