တောင်တရုတ်ပင်လယ်မှာ တရုတ်ကကျွန်းတု တည်ဆောက်နေမှု တားဆီးမယ်လို့ ဖိလစ်ပိုင်ပြော



မနီလာ၊ မေ-၁၄-၂၀၂၄
မျိုးဆက်(VOM)

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်ရှိ ကျွန်းတနေရာမှာ တရုတ်နိုင်ငံက ကျွန်းတုတည်ဆောက်နေတာကို တားဆီးဖို့ ကင်းလှည့်သင်္ဘောတွေ စေလွှတ်ထားတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါယတ်။

စပရက်တလီကျွန်းစုမှာရှိတဲ့ ဆဘီနာသောင်ခုံ ကြမ်းပြင်မှာ သန္တာကျောက်တန်း အကြေအမွတွေကို တွေ့ရှိခဲ့ပြီး ဒါဟာ တရုတ်ဘက်က လာရောက်ချထားတာလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီဒေသမှာ တရုတ်သင်္ဘောတွေရှိတယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ဒီသောင်ခုံဟာ ဖိလစ်ပိုင်အနောက်ပိုင်း ပါလာဝမ်ကျွန်းကနေ ကီလိုမီတာ ၁၄၀ အကွာမှာတည်ရှိပြီး ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်ထဲမှာရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီး စွပ်စွဲချက်တွေအဖြစ် ပယ်ချထားပြီး ဖိလစ်ပိုင်ဟာ ကောလဟလတွေကို ထပ်ခါတလဲလဲဖြန့်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားဖို့ကြားစားနေကာ တရုတ်ကို အပုပ်ချနေတာလို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ရဲ့ အခြားသောနေရာတွေမှာလည်း အလားတူ ကျွန်းတုတည်ဆောက်ဖို့ လုပ်ဆောင်နေတာတွေကို တွေ့ရှိထားတယ်လို့ ဖိလစ်ပိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW