မွမ်ဘိုင်းမှာ ရုတ်တရက်လေပြင်းတိုက်ပြီး ကြော်ငြာဆိုင်းဘုတ်ပြိုကျမှုကြောင့် ရှစ်ယောက်သေပြီး ၆၀ ကျော် ဒဏ်ရာရ

ဒေလီ၊ မေ-၁၄-၂၀၂၄
မျိုးဆက်(VOM)
အိနိ္ဒယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လေပြင်းရုတ်တရက်တိုက်ခတ်ပြီး ကြော်ငြာဆိုင်းဘုတ်ကြီးတခု ပြိုကျမှုကြောင့် လူ ရှစ်ယောက်ထက်မနည်းသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ အလျားမီတာ ၇၀ ၊အနံ မီတာ ၅၀ အရွယ်ရှိတဲ့ ကြော်ငြာဆိုင်းဘုတ်ဟာ စီးပွားရေးအချက်အခြာ မွမ်ဘိုင်းမြို့မှာရှိတဲ့ နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တဆိုင်ပေါ်ကို ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး လူ ၂၀ ကနေ ၃၀ ကြား ပိတ်မိနေကြောင်း အရေးပေါ်ဌာနကပြောပါတယ်။လေပြင်း ရုတ်တရက်တိုက်ခတ်မှုကြောင့် အပျက်အစီးတွေရှင်းလင်းနေပြီး ကြော်ငြာဆိုင်းဘုတ် ပြိုကျရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ မဟာရာရှာထရာပြည်နယ် ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။
အခင်းဖြစ်ရာမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအတွက် ဂရုဏာကြေးအဖြစ် ရူပီးငါးသိန်းစီ ပေးအပ်မယ်လို့ သူကပြောပါတယ်။ လေပြင်းတွေတိုက်ခတ်စဉ်အတွင်း မွမ်ဘိုင်းနိုင်ငံတကာလေဆိပ်ကို ခေတ္တပိတ်ခဲ့ရပြီး လေယာဉ် ၁၅ စင်းထက်မနည်း လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
အိနိ္ဒယနိုင်ငံ နေရာအနှံ့အပြားမှာ ဇွန်လမှ စက်တင်ဘာလထိ မုတ်သုံရာသီအတွင်း ပြင်းထန်သော မိုးရွာသွန်းမှုနဲ့ ရေကြီးမှုများဖြစ်ပေါ်လေ့ရှိပြီး မွမ်းဘိုင်းဟာ ဒီလိုသဘာ၀ဘေးအန္တရာယ်တွေကို အများဆုံးခံစားရလေ့ရှိတဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW