မန္တလေး ကုန်စည်ဒိုင် ၁၇- ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၁၇- ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

လာမယ့် ရက်သတ္တပတ်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်

မေ ၁၇ – ၂၀၂၄SN (VOM)လာမယ့် ရက်သတ္တပတ်အတွင်း လေဖိအားနည်းရပ်ဝန်းကနေ ဖြစ်ပေါ်လာနိုင်မယ့် မုန်တိုင်းရဲ့အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုနဲ့ မုန်တိုင်း အခြေအနေကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်မယ့် ‌အခြေအနေနဲ့ပတ်သက်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်မှာတော့ WINDY ရဲ့ ECMWF နဲ့ GFS ကြိုတင်ခန့်မှန်းချက်တွေမှာ မေလ ၂၄ ရက်‌ ရောက်တဲ့အခါ ဘင်္ဂလားပင်လယ်အော်ထဲ မုန်တိုင်းဖြစ်တာနဲ့ ဧရာဝတီ/ရန်ကုန်တိုင်းတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်တာ ဖြစ်စဉ် နှစ်မျိုးမှာ ရန်ကုန်မြို့ပေါ် ရွာသွန်းနိုင်မယ့် မိုးရေချိန်ခန့်မှန်းက အင်မတန်ကွာခြားပြီး အနီးအနားက ဒေသတွေမှာလည်း အတူတူပဲလို့ အသိပေးထားတာကို တွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းပေါ်ရင်တော့ မုန်တိုင်းအရွယ်အစားပိုကြီးပြီး အားပိုပြင်းနိုင်ကာ ညာဘက်က မြန်မာနိုင်ငံဒေသ တော်တော်များများအပေါ် မုန်တိုင်းအရှိန်သက်ရောက်နိုင်မှု ပိုပြီး များနိုင်သလို ဧရာဝတီမြစ်ဝကျွန်းပေါ်၊…

Read More

ယနေ့ ရွှေဈေး (မေ – ၁၇ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၈၂ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၀၀၀၀၀၀ ကျပ်ဝယ်ဈေး ၄၉၆၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၈၀၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၆၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ် မံပုံရွာမှာ နေအိမ်တွေမီးလောင်ပြီး ရွာလုံးကျွတ် စစ်ရှောင်နေရ

မေ ၁၇၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မံပုံရွာက ဒေသခံတွေ ရွာလုံးကျွတ် စစ်ရှောင်ကြရပြီး တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မံပုံက ဒေသခံတွေ မရှိ‌တော့ဘူး။ အခု အဲဒီဘက်နား တိုက်ပွဲ ဖြစ်နေတာ။ ဗန်းမော်မြို့ထဲဘက်ကလည်း အချိန်မရွေး လက်နက်ကြီး ပစ်နေတယ်။ ဗုံးကြဲနေတာလည်း အဆက်မပြတ်ပဲ ။ မြို့ထဲနေတာတောင် အိပ်မရဘူး။ စိတ္တဇ ဖြစ်တော့မယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တိုက်ပွဲက နားလိုက် ချလိုက် ဖြစ်နေပြီး မိုးမောက်ဘက်တင်မကပဲ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်မေတယ်လို့ သူက ပြောပါတယ်။ “ဒီနေ့လည်း မိုးမောက်ဘက် လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်။ မနေ့ကတော့ မံပုံဘက် လေယာဉ် ဗုံးကြောင့် မီးလောင်နေတာ။ ညပိုင်းထိလည်း…

Read More

ထိုင်းမှာ ကျောင်းတက်မယ့် မြန်မာအမျိုးသားတွေ ED Visa ရဖို့ ထိုင်းပြင်ပ နိုင်ငံကနေ လျှောက်ထားနေရ

မေ ၁၇ – ၂၀၂၄GG (VOM)မြန်မာနိုင်ငံက အမျိုးသားတွေကို ထိုင်းတက္ကသိုလ်တွေကကျောင်းအပ်လက်မခံတော့ဘူးဆိုတာမဟုတ်ပေမယ့် ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာ (ED Visa-Language Program) ရဖို့ကတော့ ထိုင်းပြင်ပနိုင်ငံမှာသွားရောက်လျှောက်ထားနေရတယ်လို့ ED Visa ဝန်ဆောင်မှုပေးနေသူတွေဆီကသိရပါတယ်။ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာ (ED Visa-Language Program) ပိတ်ထားတာမျိုးမဟုတ်ပေမယ့် Immigration လ.ဝ.က ဌာနက Education Visa တွေကို အမျိုးသား၊အမျိုးသမီးခွဲခြားပြီး ထိုင်းပြည်တွင်းမှာအကန့်အသတ်နဲ့သာလုပ်ပေးနေတာကြောင့် ED visa ရဖို့အတွက် ပြင်ပထွက်လုပ်နေကြရလို့ လုပ် ဆောင်ရတဲ့အဆင့်တွေပိုများလာတယ်လို့ သိရပါတယ်။“အခုဖြစ်နေတာက ကျောင်းတွေက လက်ခံတယ်၊ Visa process အတွက် လိုအပ်တဲ့ Documents တွေ ထုတ်ပေးတယ်၊ ဒါပေမယ့် ထိုင်းထဲမှာ Visa process လုပ်လို့မရတော့တာမျိုးဖြစ်နေတယ်၊ Immigration ဘက်က လက်ခံမယ်လက်မခံဘူးကို ကျောင်းဖက်က ယတိပြတ်မပြောနိုင်ကြတာပါ။ Immigration က ဒီ Education…

Read More

၂၆ နှစ်ကြာ ပျောက်နေတဲ့ အမျိုးသားကို အိမ်နီးချင်းရဲ့ မြေအောက်ခန်းမှာ အသက်ရှင်လျှက် ပြန်တွေ့

အယ်လ်ဂျီးယား၊ မေ-၁၇-၂၀၂၄မျိုးဆက်(VOM)အယ်လ်ဂျီးရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၆ နှစ်ခန့်က ပျောက်ဆုံးသွားတဲ့ အမျိုးသား တယောက်ကို အိမ်နီးချင်းတယောက်ရဲ့ မြေအောက်ခန်းထဲမှာ အသက်ရှင်လျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။အိုမာဘင်အိုရန်းဆိုသူဟာ ဆယ်ကျော်သက်အရွယ် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဂျီးရီးယား ပြည်တွင်းစစ်အတွင်း အယ်လ်ဂျီးယားနိုင်ငံ ဒဂျယ်ဖာမြို့ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဘင်အိုရန်းကို သူကြီးပြင်းရာအိမ်နေရာကနေ မီတာ ၂၀၀ အကွာမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သံသယရှိသူ ၆၁ နှစ်အရွယ် အမျိုးတယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။အိုမာဘင်အိုရန်း ဟာ အယ်လ်ဂျီးရီးယားအစိုးရနဲ့ အစ္စလာမ္မစ်အုပ်စုတွေအကြား ဆယ်စုနှစ်များစွာပဋိပက္ခတွေအတွင်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ခန့်မှန်ခြေလူနှစ်သိန်းကျော် အသတ်ခံခဲ့ရ သို့မဟုတ် ပြန်ပေးဆွဲခံခဲ့ရပါတယ်။သူဟာ အိမ်နီးချင်းတယောက်ရဲ့ အိမ်ရှိသိုးခြံအတွင်းရှိနေတယ်လို့ အမည်မဖော်လိုသူတယောက်ရဲ့ တိုင်ကြားချက်ကိုလက်ခံရရှိပြီးနောက် တာဝန်ရှိသူတွေကသွားရောက်စစ်ဆေးခဲ့ရာ အိမ်နီးချင်းရဲ့ မြေအောက်ခန်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။မစ္စတာဘင်အိုရန်းဟာ မြေအောက်ခန်းအတွင်းကနေ သူ့မိသားစုကို တခါတရံတွေ့ခဲ့ရကြောင်း ၊ ဒါပေမယ့်…

Read More

ယင်းမာပင်မြို့နယ် ရွှေတောင်ဦးမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက် ပစ်သတ်ခံရ

မေ ၊ ၁၇ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ချင်းတွင်းမြစ်ကူးတံတား အနောက်ဘက်အနီး ရွှေတောင်ဦး သာသနာ့နယ်မြေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက်ဟာ ဒီကနေ့ မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” အောင်ဇေယျမြို့သစ်ဈေးကို ကားနဲ့ ဈေးဝယ်လာတဲ့အချိန် လမ်းကနေ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ချောင်းမြှောင်း ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ကားပေါ်မှာ ရွှေတောင်ဦး သာသနာ့နယ်မြေ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အောင်ဇေယျ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရဲဌေးဦး အပါအဝင် ခြောက်ယောက် ထိခိုက်သေဆုံးတယ် ၊ နောက်ပြီး သူတို့ကိုင်ဆောင်လာတဲ့ သေနတ်နဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ် ” လို့ အောင်ဇေယျမြို့သစ် ဒေသခံတယောက်က ပြောပါတယ်။အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ယင်းမာပင် ခရိုင် လုံခြုံရေးအဖွဲ့နဲ့…

Read More

ကျုံအိတ်တံတား ယာယီလမ်းကနေ ယာဉ်တွေ ဖြတ်သန်းလို့ရပြီ

မေ ၁၇ – ၂၀၂၄ GG (VOM) မိုင်းခွဲခံရပြီး ပျက်စီးခဲ့တဲ့ ကျုံအိတ်တံတားဘေးကနေ ယာယီမြေသားလမ်းဖောက်လုပ်ပြီးစီးတာကြောင့် Express ကား၊ကားသေး၊ကုန်ကားတွေလည်း ဖြတ်သန်းခွင့်ပြုနေပြီလို့သိရပါတယ်။ ဒါကြောင့် ရန်ကုန်- မော်လမြိုင်လမ်းမှာလည်း တံတားရဲ့ တဖက်တချက်စီမှာကားတွေအများအပြားပိတ်မိနေကြတယ်လို့သိရပါတယ်။ ကျုံအိတ်တံတားကတော့ မေလ ၁၁ ရက်နေ့မှာမိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ၇ ရက်မြောက်နေ့မှာ ကားတွေပြန်လည်ဖြတ်သန်းခွင့်ရရှိတာဖြစ်ပါတယ်။ ကျုံအိတ်တံတားရှောင်ကွင်းသွားရတဲ့ ကျေးရွာချင်းဆက် တောလမ်းမှာ ကားတွေသွားလာမှုများတဲ့အတွက် လမ်းမှာ နှစ်ညအိပ်ရလောက်တဲ့အထိ ကားတွေရာချီပြီးပိတ်မိမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ ” လမ်းကကျဉ်းတော့ ပိတ်တာပါ၊ လမ်းကကျဉ်းတော့တွဲကားကြီးတွေတအားတော့ ကားတွေက ကြပ်ကုန်တယ်၊ကားတွေကရှောင်ပေးကြပေမယ့်လည်း သွားမရတာပေါ့။အဲ့ဒါကြောင့် ကျနော်တို့တော့ နှစ်ညလောက်လမ်းမှာညအိပ်ခဲ့ရတယ်။ခုမနက်တော့ ကားပွင့်တာနဲ့ လမ်းမကြီးပေါ်ရောက်လာပြီ ” လို့လမ်းမှာ ညအိပ်ရတဲ့အထိ ပိတ်မိခဲ့တဲ့ကားသမားတယောက်ကပြောပါတယ်။ ရွာချင်းဆက်တောလမ်းမှာ ကားတွေပိတ်မိခဲ့စဉ် စားရေးသောက်ရေးအခက်အခဲတွေ ကြုံခဲ့ရသလို သောက်ရေသန့်တွေလည်း ရှားပါးကြောင်း၊ ကားပေါ်ပါတဲ့အသီးအနှံတွေ၊ တောထဲကရှာဖွေရရှိတဲ့အသီးအနှံနဲ့ ဘုန်းကြီးကျောင်းက ကျွေးတဲ့ထမင်းကိုသာ မျှဝေစားသောက်ပြီး ကျော်ဖြတ်ခဲ့ရတယ်လို့ သူကထပ်မံပြောပါတယ်။…

Read More

ကိုရီးယားကို ရာသီချိန် လုပ်သားပို့ပေးမယ်ဆိုကာ အလုပ်သမား ၁၂၀ ကျော်ဆီက ငွေကျပ် သိန်းထောင်ချီ လိမ်လည်မှု ဖြစ်ပွား

မေ ၁၇ – ၂၀၂၄ SN (VOM) တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားပို့ပေးမယ်လို့ ဆိုကာ အလုပ်သမား ၁၂၀ ကျော် ငွေကျပ် သိန်းထောင်ချီ လိမ်လည်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းအဝိုင်းက သိရပါတယ်။ ဒေါ်ချောစုလှိုင်ဆိုသူက တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားအမြန်ပို့ပေးမယ်လို့ ဆိုပြီး Myint Mo Academy သင်တန်းကျောင်းမှ သင်တန်းသားအလုပ်သမား ၁၂၆ ယောက်ဆီက တယောက်ကို ငွေကျပ် ၃၂ သိန်းနှုန်းနဲ့လည်းကောင်း၊ ကျပ် နှစ်ဆယ့်ခုနစ်သိန်း ငါးသောင်းကျပ်နှုန်းနဲ့လည်းကောင်း ငွေကြေးတွေ ရယူခဲ့ပြီး စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကိုယ်တိုင်ငွေလိမ်ခံထားရသူတယောက်က “ငွေပေးချေတဲ့အချိန်တုန်းက အလုပ်သမားမပို့ပေးနိုင်ရင် ငွေပြန်အမ်းမယ်ဆိုပြီး စာချုပ်ချုပ်ထားတာ။ အခုတော့ ပြန်အမ်းမပေးဘဲ ရှောင်နေတယ်။ ကိုယ်တွေလည်း ငွေပြန်ရဖို့ သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီး လိုက်နေတာပဲ။ သင်တန်းကျောင်းကနေ…

Read More

လျှပ်စစ်မီးပြတ်တောက်မှုနဲ့ လူမှုဒုက္ခအထွေထွေ

ရန်ကုန် ၊ မေ-၁၇-၂၀၂၄ SN (VOM) နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝ အဆင့်အတန်းမီမီ နေထိုင်နိုင်ဖို့ဆိုတာ လျှပ်စစ်စွမ်းအင် ရရှိ၊ သုံးစွဲနိုင်တဲ့အပေါ်မှာ အဓိက မှီတည်နေတာပါ။ လျှပ်စစ်မီး ပုံမှန်မရဘူး၊ လုံလောက်စွာ မရဘူးဆိုရင် စီးပွါးရေးလုပ်ငန်းတွေကို ထိခိုက်မှာဖြစ်သလို လူနေမှုအဆင့်အတန်းကိုလည်း နိမ့်ကျစေမှာပါ။ လျှပ်စစ်မီး ပုံမှန်မရရင် ဒီဇယ်၊ ဓာတ်ဆီကို အစားထိုးသုံးစွဲရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာမှာပါ။ နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေ မလွဲမသွေ တက်လာမှာပါ။ ခုတလော လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပျက်တဲ့အကြောင်း သတင်းတွေမှာ၊ ဆိုရှယ်မီဒီယာတွေမှာ အတော်လေး တွေ့နေရပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ လျှပ်စစ်မီးပျက်ချိန် များလာတာကြောင့် နေထိုင်၊ စားသောက်ရေး အတော့်ကို အဆင်မပြေဖြစ်နေကြပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုဟာ သင်္ကြန် ကာလမတိုင်မီကတည်းက အရင်ကထက် ဆိုးဆိုးရွားရွား ဖြစ်နေတာပါ။ သင်္ကြန်ကာလ…

Read More
VOM News

FREE
VIEW