လပွတ္တာမှာ အစာအဆိပ်သင့်လို့ လူ ၄၅ ယောက်အစာအဆိပ်သင့်ပြီး ဆေးကုသမှုခံယူနေရ



မေ -၂၁ ၊၂၀၂၄
GG (VOM)

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ နေ့လယ်စာထမင်းဗူးစားရာကနေ အစာအဆိပ်သင့်ပြီး ကလေးအပါအဝင်လူပေါင်း ၄၅ ယောက်အစာအဆိပ်သင့်မှုဖြစ်ပွားပြီး ဆေးရုံမှာကုသမှုခံယူနေကြရတယ်လို့သိရပါတယ်။

လပွတ္တာမြို့ပေါ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်ကိုင်နေတဲ့အလုပ်သမားတွေကို ပေးဝေးတဲ့ ထမင်းဗူးကိုစားမိရာမှ အလုပ်သမားတွေအပါအဝင်မိသားစုဝင်တွေပါအစာအဆိပ်သင့်ခဲ့မှု မနေ့က မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ် ပါတယ်။

” ကျောက်လောင်းကြတာကို ဆိုက်ကပြီးတော့ထမင်းဗူးလှူတာမှာ စားမိပြီးအစာအဆိပ်သင့်တာ၊ သူတို့ကထမင်းဗူးကိုဆိုက်ထဲမစားပဲအိမ်ရောက်မှစားကြတာဒီတော့ အိမ်ကမိသားစုဝင်တွေကလေးငယ်တွေပါ အစာအဆိပ်သင့်ကုန်တာ၊ အဆိပ်သင့်တော့အများစု အော့အန်ကြတာပေါ့၊ ထမင်းဗူးကလဲ ဘဲဥငံပြာရည်ချက်ပဲလူတိုင်းချက်စားနေကြ၊ထမင်းဗူးကလည်းသုံးနေကျဗူးပဲကိုဘယ်လိုဖြစ်လဲသေချာမသိဘူး။ဒီနေ့တော့ရန်ကုန်ကိုဓာတ်ခွဲစစ်ဆေးဖို့ပို့ထားတယ်၊ ” လို့ ကူညီရေးလမ်းကြောင်း ပါဝင်ခဲ့တဲ့ ကရုဏာမျက်ဝန်းလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။

အစာအဆိပ်သင့်သူတွေက လပွတ္တာမြို့၊ လ/တောင် ကွမ်းခြံကုန်း ၊ ချောင်းကလေး
အမှတ်(၉)ရပ်ကွက်၊အမှတ်(၃)ရပ်ကွက်တို့မှဖြစ်ပြီး လူကြီးက၃၃ ယောက်ပါက ကလေးငယ်က ၁၀ ယောက်ကျော်ပါဝင်ပါတယ်။

အစာအဆိပ်သင့်သူအားလုံးကို ၃ မိုင်ကုတင်၂၀၀ ဆေးရုံကိုပို့ဆောင်ထားပြီး ဒီနေ့မှာ လူကြီး၂၄ ယောက်ဆေးရုံကဆင်းရပြီး ကလေးငယ်တွေနဲ့ကျန်လူကြီး၉ယောက်က အ​ခြေ
နေစောင့်ကြည့်ပြီး မနက်ဖန်မှဆေးရုံကဆင်းရနိုင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လနုန်းကလည်း ပဲခူးမြို့နယ် ၊ အဆိပ်တောင်ကျေးရွာအုပ်စု၊ သစ်နီကျေးရွာ (၅၃/၅)အနီးက မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှာ အလှူရှင်လှူဒါန်းတဲ့ ခေါက်ဆွဲကြော်စားပြီး ကလေးတွေ အပါအဝင်လူပေါင်း ၁၂၆ ယောက် အစာဆိပ်သင့်မှုဖြစ်ပွားခဲ့မှု ရှိခဲ့ပါတယ်။

Photo- ကရုဏာမျက်ဝန်းအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW