အစ္စရေးဝန်ကြီးချုပ်နဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်ဖို့ အိုင်စီစီ ပြင်ဆင်



သည်ဟိတ်၊ မေ-၂၁-၂၀၂၄
မျိုးဆက်(VOM)

အိုင်စီစီရှေ့နေတွေဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နဲ့ ဟားမတ်စ်ခေါင်းဆောင် ယာ့ယာဆင်ဝါတို့ဟာ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ယုံကြည်ရတဲ့ အထောက်အထားတွေရှိတယ်လို့ အိုင်စီစီရှေ့နေ ကာရင်ခန်းက ပြောပါတယ်။

ဒါအပြင် အိုင်စီစီရှေ့နေတွေက ဖမ်း၀ရမ်းထုတ်ဖို့ ကြိုးပမ်းနေသူတွေထဲမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလ်လန့်၊ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ့နဲ့ ဟားမတ်စ်စစ်ရေးအကြီးအကဲ မိုဟာမက် ဒိုင်ဖ်တို့လည်း ပါဝင်ပါတယ်။

ဒါပေမယ့် အစ္စရေးဟာ သူ့ရဲ့မဟာမိတ် အမေရိကန်နည်းတူ အိုင်စီစီ အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူး။ ဟားမတ်စ်ခေါင်းဆောင်တွေနဲ့အတူ ဖမ်း၀ရမ်းထုတ်ဖို့ စီစဉ်နေတဲ့အပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိုင်စီစီကို ဒေါသတကြီး ရှုတ်ချပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ အစ္စရေးက အစုလိုက်အပြုံလိုက် လူသတ်သမားတွေဖြစ်တဲ့ ဟားမတ်စ်တို့နဲ့ နှိုင်းယှဉ်ခံရတာဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ်လို့ နေတန်ယာဟုက ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတည်း အစ္စရေးနဲ့ဟားမတ်စ်တို့ကို နှိုင်းယှဉ်လို့မတူဘူးလို့ မှတ်ချက်ပြုပြောဆိုပါတယ်။ ဒီလိုဖမ်း၀ရမ်းတောင်းခံခြင်းဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကလည်း မှတ်ချက်ပြုပြောဆိုထားပါတယ်။

Ref: BBC
Photo: Financial Times

Related posts

Leave a Comment

VOM News

FREE
VIEW