အမရပူရ ရွှေကြက်ယက်ဘုရားမှာ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပ

မန္တလေး၊ မေ- ၂၁- ၂၀၂၄
SA(VOM)
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ရွှေကြက်ယက်ဘုရားမှာ ဒီကနေ့ ကဆုန်လဆန်း ၁၄ ရက်နေ့ နေ့လယ်ပိုင်းကစတင်ပြီး ကဆုန် ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အမရပူရ ရွှေကြက်ယက်ဘုရားမှာ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပ
ရွှေကြက်ယက်ကျေးရွာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ သွန်းလောင်းကြတာဖြစ်ပါတယ်။ ကောစကန်ကျေးရွာအုပ်စု ၁၅ ရပ်ကွက်ကနေ မဲနှိုက်ပြီး အစီအတိုင်းလှည့်လည်ကြတာဖြစ်ပါတယ်။
ဒီနှစ်မှာ နံပါတ် ၁ ကျတဲ့ ရွှေလေးရပ်ကွက်နဲ့ နံပါတ် ၂ ကျတဲ့ ပတ္တမြားရပ်ကွက် အသီးသီးတို့က ဝင်း ခင်းပြီးတော့ လှည့်လည်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာ ( ၃- ကွက်သစ် ၂ ကျေးရွာ)၊ ( ၄- သက္ကယ်တော်ကျေးရွာ)၊ (၅ – စိန်တုန်းကျေးရွာ)၊ ( ၆ – ရွာသစ်ကျေးရွာ)၊ ( ၇ – ရွှေဟင်္သါကျေးရွာ)၊ ( ၈ – မိုးကောင်းကျေးရွာ)၊ ( ၉ – ရွှေဒင်ကျေးရွာ)၊ ( ၁၀ – ကိုးသင်းကျေး ရွာ)၊ ( ၁၁ – ခဝါကျေးရွာ)၊ (၁၂- သပြေတန်းကျေးရွာ)၊ (၁၃- ကွက်သစ် ၁ ကျေးရွာ)၊ ( ၁၄- ရွှေလောင်းကျေး ရွာ)၊ (၁၅- အောင်ချမ်းသာကျေးရွာ) အသီးသီးတို့ကလည်း အမျိုးသား/ အမျိုးသမီးတွေစုပေါင်းကာ တူညီဝတ်စုံတွေနဲ့ စီတန်းလှည့်လည်တာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW