တမူးမြို့နယ်မှာ နစက ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးလို့ လူငယ်လေးယောက် သေဆုံး

မေ ၊ ၂၂ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကျွန်းပင်သာကျေးရွာနားမှာ မနေ့ မေ ၂၁ ရက် မနက် ၉ နာရီဝန်းကျင်က နစက လုံခြုံရေး ကင်းပုန်းအဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးလိုက်တာကြောင့် လူလေးယောက် သေဆုံးသွားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ကျွန်းပင်သာကျေးရွာနေ ဒေသခံတယောက်က” နစက ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ် ၊ သေဆုံးသူ လူငယ် လေးယောက်ဟာ ကျွန်းပင်သာရွာခံ ကလေးတွေမဟုတ်ဘူး ၊ ဘယ်က လူတွေဆိုတာ အခုထိမသိရသေးဘူး ” လို့ ပြောပါတယ်။တမူးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” ဒရုန်းနဲ့တိုက်ခိုက်ဖို့ လာတဲ့ PDF လေးယောက်ကို ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတယ် ၊ အလောင်း လေးလောင်းနဲ့ အမ်-၂၂ သေနတ် ၁ လက် ၊ ကျည်အိမ်…

Read More

ဝိုင်းမော်ဘက်က ပြည်သူတွေ အများအပြား မြစ်ကြီးနားဘက် စစ်ရှောင်နေရ

မေ ၂၂၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်ဘက်က ပြည်သူတွေ အများအပြားဟာ ဒီက‌ေန့မေလ ၂၂ ရက်နေ့မှာ လမ်းမကြီး အပြည့် မြစ်ကြီးနားဘက် စစ်ရှောင်နေကြကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “အဲလောက်များတဲ့ လူတွေကို ဘယ်သူက နေရာ ပေးနိုင်မလဲ မသိဘူး။ ဝိုင်းမော်ဘက်က လူတွေထောင်ချီ မြစ်ကြီးနားဘက် စစ်ရှောင်နေကြတယ်။ လမ်းတောင် မဆံ့ဘူး။ ပိတ် ကျပ်နေတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မနေ့ညက Rocket missile ဝိုင်းမော်ဘက် ပစ်ခတ်တာတွေကြောင့် ပြည်သူ အများစုက ကြောက်လန့် စိုးရိမ်ပြီး ဝိုင်းမော်ဘက်က ပြည်သူတွေ တော်တော် များများ မြစ်ကြီးနားဘက် စစ်ရှောင်နေကြတာ လို့ဆိုပါတယ်။ “ရှောင်တော့ ရှောင်ရမှာပဲ လေ။ တိုက်ပွဲ ဆိုကတည်းက ငှဲ့ညှာတော့မှာ…

Read More

ယနေ့ ရွှေဈေး (မေ – ၂၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၈၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းဖြစ်ပေါ်နိုင်ပြီး တိုင်းနဲ့ ပြည်နယ်တချို့ လေပြင်းတိုက် ၊ မိုးကြီးနိုင်

မေ ၂၂ – ၂၀၂၄SN (VOM)လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မေ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ငါးရက်အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။မိုး/ဇလဌာနရဲ့ ဒီကနေ့ မေ ၂၂ ရက် မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင် ပိုင်းကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၄ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်ပြီး အရှေ့မြောက်ဘက်ကို ဆက်လက်…

Read More

ချင်းပြည်နယ် တခုလုံးမှာ တိုက်ပွဲရှောင်နေရသူ အရေအတွက်တိုးလာ

မေ ၊ ၂၂ ၊ ၂၀၂၄SP (VOM)မြန်မာနိုင်ငံရဲ့ အနောက်မြောက် ၊ တောင်တန်းဒေသမှာရှိတဲ့ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နစကတပ်တွေနဲ့ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် PDF အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပလို့ ဒေသခံ တသောင်းဝန်းကျင်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။နေရပ်စွန့်ခွာသူတွေကို ကူညီပေးနေတဲ့ သင်းအုပ်ဆရာတယောက်က” ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ဒီကနေ့အချိန်ထိ ချင်းပြည်နယ်ကနေ နေရပ်စွန့်ခွာသူ ငါးသောင်းအထက်မှာရှိတယ် ၊ အဲ့ဒီလို တိုက်ပွဲရှောင်ရတဲ့ ဒေသတွေကတော့ ချင်းပြည်တောင်ပိုင်း ပလက်ဝ ၊ ဆမီး ၊ ကျင်ဒွေး ၊ မင်းတပ် ၊ မတူပီ ၊ ရေဇွာ ၊ ကန်ပလက် ၊ ထန်တလန် ၊ ဇိုခေါသာရ် ၊ တွန်းဇံနဲ့ ကျီခါးစတဲ့ မြို့နယ်တွေဘက်မှာဖြစ်တယ်…

Read More

ကိုဗစ်ကူးစက်မှုတွေအကြောင်း စတင်ဖော်ထုတ် ရေးသားခဲ့တဲ့ တရုတ်သတင်းထောက် ထောင်ကပြန်လွတ်ပြီ

ပေကျင်း၊ မေ-၂၂-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေကြောင်း ဖော်ထုတ် သတင်းရေးသား မှုကြောင့် ထောင်ကျနေတဲ့ တရုတ် သတင်းထောက်ဟာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။ရှန်ဟိုင်းမှ ရှေ့နေဟောင်းတယောက်လည်းဖြစ်သူ သတင်းထောက် Zhang Zhan ဆိုသူ အမျိုးသမီးဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ ဝူဟန်မြို့ကို ၂၀၂၀ ခုနှစ်က သွားရောက်ခဲ့ပြီး ဒေသခံတွေ ကူးစက်ခံရတဲ့ အခြေအနေတွေနဲ့ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေကို သတင်းထုတ်ဖော်ရေးသားခဲ့ပါတယ်။ဒါပေမယ့် သူမကို အာဏာပိုင်များက သတင်းမှားဖြန့်ဝေမှုအပါအဝင် စွဲချက်တွေနဲ့ တရားစွဲဆိုပြီး ထောင်လေးနှစ်ချမှတ်ခဲ့တာကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက ဒီပြစ်ဒဏ်အပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့ပါတယ်။သူမထောင်ကျနေစဉ်အချိန်အတွင်း စီရင်ချက်ချမှတ်မှုနဲ့ အာဏာပိုင်များရဲ့ ဆောင်ရွက်မှုတွေအပေါ် အစာအငတ်ခံဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ သူမဟာ ကိုယ်အလေးချိန် ပေါင် ၉၀ သာရှိခဲ့ ပါတယ်။သူမလွတ်မြောက်လာပြီးမိသားစုနဲ့ အတူနေထိုင်ခွင့်ရပေမယ့် သူမရဲ့ လှုပ်ရှားမှုများအပေါ် အာဏာပိုင်တွေရဲ့…

Read More

သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ နျူကလီးယား စစ်ရေးလေ့ကျင့်မှု ရုရှားပြုလုပ်နေ

မော်စကို၊ မေ-၂၂-၂၀၂၄ မျိုးဆက်(VOM) နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ပစ်ခတ်မှုပုံစံတူ စစ်ရေးလေ့ကျင့်မှုကို စတင်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရုရှားတပ်ဖွဲ့တွေအနေနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ရန်စတဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုထားပြီး လေ့ကျင့်မှုရဲ့ ပထမအဆင့် ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ထားပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ရုရှားထိန်းချုပ်မှုအောက်ရှိ ယူကရိန်းနယ်မြေတွေပါဝင်တဲ့ နယ်စပ်ဒေသဖြစ်တဲ့ တောင်ပိုင်းစစ်ဌာနချုပ်နယ်မြေမှာ ပြုလုပ်နေတာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ လေ့ကျင့်မှုမှာ Iskander တာတိုပစ်ဒုံးကျည်စနစ် အသုံးပြုပစ်ခတ်မှုဆိုင်ရာ လေ့ကျင့်မှုတွေပါဝင်သလို အသံထက်မြန်တဲ့ Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေအပါအဝင် ထိပ်ဖူးပါဝင်တဲ့ လက်နက်တပ်ဆင်စနစ်တွေကိုလည်း လေ့ကျင့်ခဲ့တယ်လို့ ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုကို အဆင့်သုံးဆင့်နဲ့ ပြုလုပ်ဖို့ သမ္မတပူတင်က အမိန့်ပေးထားပြီး ဒုတိယအဆင့်မှာတော့ မဟာမိတ် ဘီလာရုစ်နိုင်ငံကိုလည်း ဖိတ်ကြားထားပါတယ်။ ဘီလာရုစ်နိုင်ငံတွင်းမှာ ရုရှားရဲ့ နျူကလီးယားလက်နက်အချို့ ဖြန့်ကြက်ချထားပြီးဖြစ်ပါတယ်။ အခုလို နည်းဗျူဟာမြောက် နည်းကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှုဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ သူ့ရဲ့ ရုပ်သေးရုပ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၂ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၀၇၀ ကျပ်ဝယ်ဈေး – ၄၀၂၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၁၀ ကျပ်ဝယ်ဈေး – ၂၉၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၄၉၄ ကျပ်ဝယ်ဈေး – ၄၃၉၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၂.၃၆ ကျပ်ဝယ်ဈေး – ၁၀၉.၈၉ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၉၂၆ ကျပ်ဝယ်ဈေး – ၉၁၆ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၆၀ ကျပ်ဝယ်ဈေး – ၅၅၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၁၃ ကျပ်ဝယ်ဈေး – ၂၅.၅၆ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၉.၀၇ ကျပ်ဝယ်ဈေး – ၄၇.၉၉ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၉ ကျပ်ဝယ်ဈေး – ၂.၉၂ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၁၀၇ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

စင်ကာပူ လေယာဉ်တစင်း မြန်မာနိုင်ငံပေါ်က ဖြတ်အပျံမှာ လေထုမငြိမ်မသက်မှုကြောင့် ထိုင်းမှာ အရေးပေါ်ဆင်းသက်၊ တယောက်သေပြီး ၃၀ ကျော်ဒဏ်ရာရ

ဘန်ကောက်၊ မေ-၂၂-၂၀၂၄ မျိုးဆက်(VOM) စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစင်းဟာ ပျံသန်းနေစဉ်အတွင်း ပြင်းထန်တဲ့ လေထုမငြိမ်မသက်မှု ဖြစ်ပေါ်ပြီးနောက်မှာ ခရီးသည်တွေထဲက Geoff Kitchen ဆိုသူ ဗြိတိန်နိုင်ငံသား တယောက်သေဆုံးသွားပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၀၀ ကျော်ကို တင်ဆောင်ပြီး လန်ဒန်ကနေ စင်ကာပူကို ပျံသန်းတဲ့ အဲဒီလေယာဉ်ဟာ မတော်တဆဖြစ်စဉ်အတွင်း အသက် ၇၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသားဟာ နှလုံးရောဂါနဲ့ သေဆုံးသွားတာလို့ ဘန်ကောက်လေဆိပ် အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်ဟာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ်က ဖြတ်အပျံမှာ ပြင်းထန်တဲ့ လေထုမငြိမ်မသက်မှုကြောင့် တုန်လှုပ်ခြောက်ခြားဖွယ် စိတ်ထိခိုက်စရာတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း စင်ကာပူလေကြောင်း လိုင်းက ထုတ်ပြန်ထားပါတယ်။ လေထုမငြိမ်သက်မှုကြောင့် လေယာဉ်ဟာ ပြုတ်ကျတဲ့အရှိန်မျိုးဖြစ်ပေါ်ခဲ့တာကြောင့် ထိုင်ခုံခါးပတ်ပတ်မထားသူတွေဟာ လေယာဉ်မျက်နှာကျက်နဲ့ ရိုက်မိတာမျိုး ၊ ခုံနဲ့ရိုက်မိတာမျိုးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ခရီးသည်တွေက ဆိုပါတယ်။ ဒီလိုအခြေအနေကြောင်း လေယာဉ်ဟာ…

Read More
VOM News

FREE
VIEW