ပေကျင်း၊ မေ-၂၂-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေကြောင်း ဖော်ထုတ် သတင်းရေးသား မှုကြောင့် ထောင်ကျနေတဲ့ တရုတ် သတင်းထောက်ဟာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။
ရှန်ဟိုင်းမှ ရှေ့နေဟောင်းတယောက်လည်းဖြစ်သူ သတင်းထောက် Zhang Zhan ဆိုသူ အမျိုးသမီးဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ ဝူဟန်မြို့ကို ၂၀၂၀ ခုနှစ်က သွားရောက်ခဲ့ပြီး ဒေသခံတွေ ကူးစက်ခံရတဲ့ အခြေအနေတွေနဲ့ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေကို သတင်းထုတ်ဖော်ရေးသားခဲ့ပါတယ်။
ဒါပေမယ့် သူမကို အာဏာပိုင်များက သတင်းမှားဖြန့်ဝေမှုအပါအဝင် စွဲချက်တွေနဲ့ တရားစွဲဆိုပြီး ထောင်လေးနှစ်ချမှတ်ခဲ့တာကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက ဒီပြစ်ဒဏ်အပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့ပါတယ်။
သူမထောင်ကျနေစဉ်အချိန်အတွင်း စီရင်ချက်ချမှတ်မှုနဲ့ အာဏာပိုင်များရဲ့ ဆောင်ရွက်မှုတွေအပေါ် အစာအငတ်ခံဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ သူမဟာ ကိုယ်အလေးချိန် ပေါင် ၉၀ သာရှိခဲ့ ပါတယ်။
သူမလွတ်မြောက်လာပြီးမိသားစုနဲ့ အတူနေထိုင်ခွင့်ရပေမယ့် သူမရဲ့ လှုပ်ရှားမှုများအပေါ် အာဏာပိုင်တွေရဲ့ ကန့်သတ်စောင့်ကြည့်ခံရဖွယ်ရှိကြောင်း ထောက်ခံသူများက ပြောဆိုထားပါတယ်။
Ref:NHK
Photo:AP
Related posts
-
ဂျပန် ကာကွယ်ရေးဝန်ကြီးဟောင်း အိုင်ရှီဘာ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်
တိုကျို၊ စက်တင်ဘာ-၂၇-၂၀၂၄ရတီ (VOM)ဂျပန်အာဏာရပါတီ ခေါင်းဆောင်အဖြစ် ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအိုင်ရှီဘာကို ဒီနေ့မှာ ရွေးချယ်လိုက်ပြီး သူဟာ... -
ကလောက ရေဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာတွေသာ လက်ခံရရှိပြီး လှူဒါန်းငွေတွေ လက်ဝယ်မရသေး
စက်တင်ဘာ ၂၇၊ ၂၀၂၄ သတင်း-ZY ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်က မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေရှိ ရေဘေးသင့်ပြည်သူ... -
တရုတ်စစ်တပ်ရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း ယခုနှစ်အစောပိုင်းမှာ နစ်မြုပ်ပျက်စီးခဲ့
ဝါရှင်တန်၊ စက်တင်ဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံရဲ့ တည်ဆောက်ဆဲ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းဟာ ယခုနှစ်အစောပိုင်းက နစ်မြုပ် ပျက်စီးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ်...