ဂျပန်မှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်စစ်တပ် စီစဉ်နေ



တိုကျို၊ မေ-၂၄-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်စစ်တပ်ဟာ ဂျပန်နိုင်ငံအနီး၌ ဖြစ်ပေါ်နိုင်ခြေရှိသော အရေးပေါ်အခြေအနေများအတွက် လျှင်မြန်သော တုံ့ပြန်နိုင်စွမ်းအားကို မြှင့်တင်ဖို့အတွက် ဂျပန်နိုင်ငံမှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေပါတယ်။

Valiant Shield လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်စစ်တပ်ဟာ ဂူအမ်နဲ့ အခြားနေရာတွေမှာ နှစ်နှစ်တကြိမ် ကျင်းပလေ့ရှိပြီး ကြည်း၊ ရေ၊ လေနဲ့မရိန်းတပ်မှ တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို ဇွန်လအစောပိုင်းမှာပြုလုပ်ဖို့ စီစဉ်နေပြီး သီတင်းနှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှာဖြစ်ပါတယ်။

ဂျပန်စစ်တပ်လေယာဉ်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်တိုက်လေယာဉ်တွေဟာ အမေရိကန်အခြေစိုက်စခန်းတွေနဲ့ ဂျပန်အခြေစိုက်စခန်းတွေကို လာရောက်မှာဖြစ်ပါတယ်။

ဂျပန်အရှေ့မြောက်ပိုင်းရှိ ဂျပန်စစ်တပ် အခြေစိုက်စခန်းတွေဟာ ဝန်းကျင်ဒေသမှာ ကင်းလှည့်လေယာဉ်၊ တိုက်လေယာဉ်နဲ့ အခြားလေယာဉ်တွေနဲ့အတူ ကင်းလှည့်တာတွေ ပြုလုပ်နေပြီး အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မှာဖြစ်ပါတယ်။

ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေတိုးမြှင့်လာချိန်မှာ အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီယားတို့လို အဓိက မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျှက်ရှိပါတယ်။

Ref:NHK
Photo:US Navy

Related posts

Leave a Comment

VOM News

FREE
VIEW